Skip to main content
တင္းမာမႈမ်ားျဖစ္ေပၚေနသည့္ ရွမ္းလက္နက္ကိုင္အဖြဲ႔မ်ားျဖစ္သည့္ SSPP ႏွင့္ RCSS တို႔ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာ
Ads Block

တင္းမာမႈမ်ားျဖစ္ေပၚေနသည့္ ရွမ္းလက္နက္ကိုင္အဖြဲ႔မ်ားျဖစ္သည့္ SSPP ႏွင့္ RCSS တို႔ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာ


ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) ႏွင့္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) တို႔ အၾကား အပစ္အခတ္ရပ္စဲ ေၾကာင္း ေမလ ၁၁ ရက္က ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ထုတ္လိုက္သည္။
အဆုိပါ ထုတ္ျပန္ခ်က္တြင္ ျပည္သူလူထုေအးခ်မ္းစြာ ေနထုိင္ႏုိင္ရန္ ေအာက္ေျခတပ္မ်ား အပစ္ရပ္ရန္ညႊန္ၾကားထားၿပီး အျပန္ အလွန္ပုတ္ခတ္ေျပာဆုိမႈမ်ားကိုလည္း ရပ္တံ့ရန္လည္း ပါဝင္သည္။
ရွမ္းလက္နက္ကိုင္အဖြဲ႔အခ်င္းခ်င္း ထိေတြ႔တုိက္ပြဲမ်ားအား ေဒသခံျပည္သူမ်ား၊ လူမႈအဖြဲ႔အစည္းအမ်ား၊ သံဃာေတာ္မ်ားက အ ပစ္ရပ္ရန္ ေတာင္းဆုိမႈမ်ားရွိေနသည့္အတြက္ ေတြ႔ဆံုေဆြးေႏြးၿပီး ယခုကဲ့သုိ႔ အပစ္ရပ္စဲ လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
အပစ္ရပ္စဲေရးေၾကညာခ့ဲေသာ္လည္း မည္သည့္အခ်ိန္ထိ ရပ္တန္႔မည္ကို ေဖာ္ျပထားျခင္းမရွိေသာ္လည္း ေရရွည္တည္တံ့ေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ႏွစ္ဖြဲ႔လံုးကလည္း ထုတ္ျပန္ထားသည္။
တပ္မေတာ္မွ စစ္တုိင္းႀကီး ၅ တုိင္းတြင္ ၄ လတာ အပစ္ရပ္စဲထားသည့္ ကာလအတြင္း ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) ႏွင့္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS ) တို႔ ထိေတြ႔မႈ အမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

တင်းမာမှုများဖြစ်ပေါ်နေသည့် ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် SSPP နှင့် RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ အကြား အပစ်အခတ်ရပ်စဲ ကြောင်း မေလ ၁၁ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ထုတ်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရန် အောက်ခြေတပ်များ အပစ်ရပ်ရန်ညွှန်ကြားထားပြီး အပြန် အလှန်ပုတ်ခတ်ပြောဆိုမှုများကိုလည်း ရပ်တံ့ရန်လည်း ပါဝင်သည်။
ရှမ်းလက်နက်ကိုင်အဖွဲ့အချင်းချင်း ထိတွေ့တိုက်ပွဲများအား ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းအများ၊ သံဃာတော်များက အ ပစ်ရပ်ရန် တောင်းဆိုမှုများရှိနေသည့်အတွက် တွေ့ဆုံဆွေးနွေးပြီး ယခုကဲ့သို့ အပစ်ရပ်စဲ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အပစ်ရပ်စဲရေးကြေညာခဲ့သော်လည်း မည်သည့်အချိန်ထိ ရပ်တန့်မည်ကို ဖော်ပြထားခြင်းမရှိသော်လည်း ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့လုံးကလည်း ထုတ်ပြန်ထားသည်။
တပ်မတော်မှ စစ်တိုင်းကြီး ၅ တိုင်းတွင် ၄ လတာ အပစ်ရပ်စဲထားသည့် ကာလအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS ) တို့ ထိတွေ့မှု အများဆုံးဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။