Skip to main content
အသက္ ၂၀ အရြယ္ကေလးမိခင္တစ္ဦးကို တရုတ္ျပည္သို႔ လူကုန္ကူးရန္ ျဖားေယာင္းေသြးေဆာင္လာသည့္ လင္မယားကို ဗန္းေမာ္တြင္ ဖမ္းမိ
Ads Block

အသက္ ၂၀ အရြယ္ကေလးမိခင္တစ္ဦးကို တရုတ္ျပည္သို႔ လူကုန္ကူးရန္ ျဖားေယာင္းေသြးေဆာင္လာသည့္ လင္မယားကို ဗန္းေမာ္တြင္ ဖမ္းမိ



တရုတ္အမ်ိဳးသားႏွင့္ လက္ထပ္ပါက ေငြအေျမာက္အမ်ား ရရိွမည္ဟုေျပာဆိုကာ အသက္ ၂၀ အရြယ္ရိွ ကေလးမိခင္တစ္ဦးကို ျဖားေယာင္းေသြးေဆာင္ေသာ လင္မယားကို ဗန္းေမာ္ၿမိဳ႕ကားဂိတ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕၊ ဗန္းေမာ္ - မႏၱေလး ယာဥ္လိုင္းကားဂိတ္၌ ေျပးဆြဲလ်က္ရွိေသာ ထြန္းညိဳဦးယာဥ္လိုင္း၌ အလုပ္ လုပ္ကိုင္လ်က္ရွိသည့္ တာ၀န္သိျပည္သူမ်ားက ေမလ ၁၀ ရက္၊ ေန႔လယ္ ၁၂ နာရီ၌ လူကုန္ကူးမႈျဖစ္စဥ္ တစ္ခုျဖစ္ပြားေၾကာင္း သတင္းေပးတိုင္ၾကားခ်က္ေၾကာင့္ ရဲတပ္ဖြဲ႔က ျဖစ္စဥ္ကို စစ္ေဆးေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
လူကုန္ကူးခံရသူမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာေန မ ----- --၂၀ ႏွစ္ျဖစ္ၿပီး ဗန္းေမာ္-မႏၱေလး သို႔ ေျပးဆြဲေနေသာ ထြန္ဦးညိဳယာဥ္လိုင္းျဖင့္ လင္မယားႏွစ္ဦးတို႔မွ ေခၚေဆာင္သြားေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ အျမန္ဆံုး ဖမ္းဆီးႏိုင္ေရးအတြက္ ေဆာင္ရြက္ခဲ့ၾကရာ ေရႊကူၿမိဳ႕၊ ကခ်င္ေသ(ရင္ကြဲေတာင္)သို႔ အေရာက္၌ ဖမ္းဆီးႏိုင္ခဲ့ၿပီး ကယ္တင္ႏိုင္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူမွာ ေက်ာ္မင္းစိုး(၄၂)ႏွစ္ႏွင့္ မေအးသန္းၾကည္(၃၈)ႏွစ္တို႔ လင္မယားျဖစ္ၿပီး တရုတ္အမ်ိဳးသားႏွင့္ လက္ထပ္ ပါက ေငြေၾကးအေျမာက္အမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း ယံုၾကည္ေအာင္စည္းရံုးေျပာဆိုမႈေၾကာင္း လိုက္ပါသြားျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
“ျပစ္မႈက်ဴးလြန္သူ လင္မယားက တစ္နယ္တစ္ေက်းျဖစ္တဲ့ မႏၱေလးတိုင္းဘက္မွာ ေနထိုင္သူေတြျဖစ္ပါတယ္။ မသိနားမလည္ တဲ့ သူကို ယံုၾကည္ေအာင္အားနည္းခ်က္ေတြကိုေထာက္ျပၿပီး ေငြအမ်ားႀကီးရမယ္လို႔ စည္းရံုးေျပာဆိုတာေပါ့ဗ်ာ။ မိန္းကေလးက လည္းယံုၾကည္ၿပီး လိုက္ပါသြားခဲ့ရာကေန ဗန္းေမာ္ၿမိဳ႕ကို ေရာက္ရွိလာတဲ့အခ်ိန္မွာ သတင္းေပးခ်က္ေၾကာင့္ ကြ်န္ေတာ္တို႔ ရဲတပ္ဖြဲ႔ေတြက ဖမ္းဆီးၿပီး ကယ္တင္ႏုိင္ခဲ့တာျဖစ္ပါတယ္” ဟု ဗန္းေမာ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
မသိနားမလည္သူကို မက္လံုးေပး၍ တရုတ္အမ်ိဳးသားႏွင့္ ေပးစားရန္ ျဖားေယာင္းေခၚေဆာင္ခဲ့ေသာ ေက်ာ္မင္းစိုး(၄၂)ႏွစ္ႏွင့္ မေအးသန္းၾကည္(၃၈)ႏွစ္တို႔ လင္မယားကို (ပ)၁၆၂/၂၀၁၉ လူကုန္တား ဥပေဒပုဒ္မ ၂၄/၃၂ ျဖင့္ ဗန္းေမာ္ၿမိဳ႕မရဲစခန္းက အမႈ ဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန) | ဓာတ္ပံု - ဗန္းေမာ္ပြင့္သစ္

Unicode Version

အသက် ၂၀ အရွယ်ကလေးမိခင်တစ်ဦးကို တရုတ်ပြည်သို့ လူကုန်ကူးရန် ဖြားယောင်းသွေးဆောင်လာသည့် လင်မယားကို ဗန်းမော်တွင် ဖမ်းမိ

တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေအမြောက်အများ ရရှိမည်ဟုပြောဆိုကာ အသက် ၂၀ အရွယ်ရှိ ကလေးမိခင်တစ်ဦးကို ဖြားယောင်းသွေးဆောင်သော လင်မယားကို ဗန်းမော်မြို့ကားဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဗန်းမော် - မန္တလေး ယာဉ်လိုင်းကားဂိတ်၌ ပြေးဆွဲလျက်ရှိသော ထွန်းညိုဦးယာဉ်လိုင်း၌ အလုပ် လုပ်ကိုင်လျက်ရှိသည့် တာဝန်သိပြည်သူများက မေလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ၌ လူကုန်ကူးမှုဖြစ်စဉ် တစ်ခုဖြစ်ပွားကြောင်း သတင်းပေးတိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးခံရသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဆိပ်မူကျေးရွာနေ မ ----- --၂၀ နှစ်ဖြစ်ပြီး ဗန်းမော်-မန္တလေး သို့ ပြေးဆွဲနေသော ထွန်ဦးညိုယာဉ်လိုင်းဖြင့် လင်မယားနှစ်ဦးတို့မှ ခေါ်ဆောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ ရွှေကူမြို့၊ ကချင်သေ(ရင်ကွဲတောင်)သို့ အရောက်၌ ဖမ်းဆီးနိုင်ခဲ့ပြီး ကယ်တင်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူမှာ ကျော်မင်းစိုး(၄၂)နှစ်နှင့် မအေးသန်းကြည်(၃၈)နှစ်တို့ လင်မယားဖြစ်ပြီး တရုတ်အမျိုးသားနှင့် လက်ထပ် ပါက ငွေကြေးအမြောက်အများ ရရှိနိုင်မည်ဖြစ်ကြောင်း ယုံကြည်အောင်စည်းရုံးပြောဆိုမှုကြောင်း လိုက်ပါသွားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
“ပြစ်မှုကျူးလွန်သူ လင်မယားက တစ်နယ်တစ်ကျေးဖြစ်တဲ့ မန္တလေးတိုင်းဘက်မှာ နေထိုင်သူတွေဖြစ်ပါတယ်။ မသိနားမလည် တဲ့ သူကို ယုံကြည်အောင်အားနည်းချက်တွေကိုထောက်ပြပြီး ငွေအများကြီးရမယ်လို့ စည်းရုံးပြောဆိုတာပေါ့ဗျာ။ မိန်းကလေးက လည်းယုံကြည်ပြီး လိုက်ပါသွားခဲ့ရာကနေ ဗန်းမော်မြို့ကို ရောက်ရှိလာတဲ့အချိန်မှာ သတင်းပေးချက်ကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု ဗန်းမော်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မသိနားမလည်သူကို မက်လုံးပေး၍ တရုတ်အမျိုးသားနှင့် ပေးစားရန် ဖြားယောင်းခေါ်ဆောင်ခဲ့သော ကျော်မင်းစိုး(၄၂)နှစ်နှင့် မအေးသန်းကြည်(၃၈)နှစ်တို့ လင်မယားကို (ပ)၁၆၂/၂၀၁၉ လူကုန်တား ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် ဗန်းမော်မြို့မရဲစခန်းက အမှု ဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)  | ဓာတ်ပုံ - ဗန်းမော်ပွင့်သစ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။