Skip to main content
အရပ္ဝတ္ျဖင့္အသြင္ယူကာ ဖမ္းဆီးရန္သြားသည့္ ရဲတပ္ဖြဲ႔၀င္မ်ားကို ဓားျဖင့္ရန္ျပဳသူမ်ားအား ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး
Ads Block

အရပ္ဝတ္ျဖင့္အသြင္ယူကာ ဖမ္းဆီးရန္သြားသည့္ ရဲတပ္ဖြဲ႔၀င္မ်ားကို ဓားျဖင့္ရန္ျပဳသူမ်ားအား ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး


မႏၱေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ အရပ္ဝတ္ျဖင့္ အသြင္ယူၿပီး ဆိုင္ကယ္စီးကာ ညအခ်ိန္ ရမ္းကားေနသည့္ ဒုစရိုက္သမားမ်ားကို စုံစမ္းဖမ္းဆီးသည့္ ရဲတပ္ဖြဲ႔ဝင္မ်ားအား အမ်ဳိးသား ၇ ဦးမွ ဓားမ်ားကိုင္ေဆာင္၍ ျပန္လည္ခုခံခဲ့ ေသာ ေၾကာင့္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရာ ၅ ဦးဖမ္းမိခဲ့ေၾကာင္း သိရသည္။
မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔၊ တုိင္းမႈခင္း အကူဌာနစိတ္မွ တပ္ဖြဲ႔ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ေမလ ၉ ရက္၊ ည ၁၀ နာရီခန္႔က မႈခင္းက်ဆင္းေရး စီမံခ်က္ေဆာင္ရြက္ေနရာမွ အရပ္ဝတ္ျဖင့္ အသြင္ယူၿပီး ဆိုင္ကယ္ႏွင့္ ဒုစ႐ိုက္သမားမ်ားအား စံုစမ္းဖမ္းဆီးရန္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၇၄ လမ္းႏွင့္ ၇၃ လမ္းၾကား၊ မဂၤလာလမ္း အတိုင္း အေနာက္မွအေရွ႕သို႔ ေမာင္းႏွင္ လာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေမာင္းႏွင္လာစဥ္ မဂၤလာလမ္းအတိုင္း မ်က္ႏွာခ်င္းဆိုင္မွ ၅၄ယ/….၊ ဟြန္ဒါကလစ္ အနက္ေရာင္ဆုိင္ ကယ္အား ေရာ္ဂဲ ေမာင္းႏွင္ၿပီး ကိုေမာင္ႏွင့္ ရဲေလးတို႔မွ ဓားရွည္ကိုင္လွ်က္ႏွင့္လည္းေကာင္း၊ ကန္ဘိုစီဇက္အိုင္ ခဲ/နက္ေရာင္ဆိုင္ကယ္အား မ်ဳိးမင္းသူမွ ေမာင္းႏွင္ၿပီး သားမြန္စိုးမွ ဓားရွည္ကိုင္လွ်က္ႏွင့္လည္းေကာင္း၊ ၄၂/…. ခဲ/နက္ေရာင္ စူပါအမ္ဘို စီဇက္အိုင္ ၁၂၅ ဆုိင္ကယ္္အား ဘိုဟိန္းေက်ာ္(ခ)ဘိုဘို ေမာင္းႏွင္ၿပီး ျမင့္ႏိုင္(ခ)ဆံ ရွည္မွ ဓားရွည္ကိုင္လွ်က္ႏွင့္လည္းေကာင္း စုစုေပါင္း ဆိုင္ ကယ္ ၃ စီးအား ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ဆိုင္ကယ္မ်ားအား ရပ္ရန္ေျပာစဥ္ မရပ္ဘဲေမာင္းႏွင္ထြက္ေျပးရာ ၎တို႔ ဆိုင္ကယ္အခ်င္းခ်င္း ခ်ိတ္မိၿပီး လဲသြားသျဖင့္ ဘိုဟိန္းေက်ာ္(ခ)ဘိုဘို၊ ျမင့္ႏိုင္၊ မိုးမင္းသူ၊ သာမြန္စိုး(ခ)မြန္ထီး၊ ကိုေမာင္၊ ေရာ္ဂဲ၊ ရဲေလးတို႔ ၇ ဦးမွ တပ္ဖြဲ႔ဝင္မ်ားအား ဓားမ်ား ကိုင္၍ ခုတ္ရန္ေျပးလာခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ ေျပးလာစဥ္ ရဲတပ္ဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္းႏွင့္ ဓားမ်ားအား ေအာက္သို႔ခ်ရန္ အႀကိမ္ႀကိမ္ေျပာဆိုခဲ့ေသာ္လည္း ဓားရွည္ မ်ား မခ်ဘဲ ခုတ္ရန္ေျပးဝင္လာသည့္အတြက္ ေသနတ္ျဖင့္ ၁ ခ်က္ေျခာက္လွန္႔ပစ္ခဲ့ရာ ၎တို႔စီးနင္းလာေသာ ဆုိင္ကယ္မ်ား ထားခဲ့ၿပီး ဓားမ်ားကိုင္ေဆာင္ကာ ထြက္ေျပးသြား၍ လိုက္လံဖမ္းဆီးစဥ္ ကိုေမာင္၊ ဘိုဟိန္းေက်ာ္(ခ)ဘိုဘို၊ ျမင့္ႏိုင္၊ မိုးမင္းသူ၊ သားမြန္စိုး(ခ)မြန္ထီးတို႔ ၅ ဦးကို ဓားရွည္မ်ားႏွင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ကိုေမာင္၊ ဘိုဟိန္းေက်ာ္(ခ)ဘိုဘို၊ ျမင့္ႏိုင္၊ မိုးမင္းသူ၊ သားမြန္စိုး(ခ)မြန္ထီးတို႔ ၅ ဦး ကို ျပည္ႀကီးတံ ခြန္ၿမိဳ႕မရဲစခန္း၌ (ပ)၄၉၁/၂၀၁၉၊ လက္နက္ပုဒ္မ ၁၉(င) ျဖင့္လည္းေကာင္း၊ တာဝန္ဝတၱရား ထမ္းေဆာင္ေနေသာ ရဲတပ္ဖြဲ႔ဝင္ မ်ားျဖစ္ေၾကာင္း သိပါလွ်က္ႏွင့္ တာဝန္တၱရား ထမ္းေဆာင္မရေအာင္ ဟန္႔တားေႏွာက္ယွက္သျဖင့္ (ပ)၄၉၂/၂၀၁၉၊ ရာဇသတ္ ႀကီးပုဒ္မ- ၃၅၃/၁၁၄ ျဖင့္လည္းေကာင္း အသီးသီး အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန) | ဓာတ္ပုံ-Mandalay Police

Unicode Version

အရပ်ဝတ်ဖြင့်အသွင်ယူကာ ဖမ်းဆီးရန်သွားသည့် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ရန်ပြုသူများအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် အရပ်ဝတ်ဖြင့် အသွင်ယူပြီး ဆိုင်ကယ်စီးကာ ညအချိန် ရမ်းကားနေသည့် ဒုစရိုက်သမားများကို စုံစမ်းဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား အမျိုးသား ၇ ဦးမှ ဓားများကိုင်ဆောင်၍ ပြန်လည်ခုခံခဲ့ သော ကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၅ ဦးဖမ်းမိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းမှုခင်း အကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မေလ ၉ ရက်၊ ည ၁၀ နာရီခန့်က မှုခင်းကျဆင်းရေး စီမံချက်ဆောင်ရွက်နေရာမှ အရပ်ဝတ်ဖြင့် အသွင်ယူပြီး ဆိုင်ကယ်နှင့် ဒုစရိုက်သမားများအား စုံစမ်းဖမ်းဆီးရန် ပြည်ကြီးတံခွန်မြို့နယ်၊ ၇၄ လမ်းနှင့် ၇၃ လမ်းကြား၊ မင်္ဂလာလမ်း အတိုင်း အနောက်မှအရှေ့သို့ မောင်းနှင် လာခဲ့ကြောင်း သိရသည်။
ထိုသို့မောင်းနှင်လာစဉ် မင်္ဂလာလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ ၅၄ယ/….၊ ဟွန်ဒါကလစ် အနက်ရောင်ဆိုင် ကယ်အား ရော်ဂဲ မောင်းနှင်ပြီး ကိုမောင်နှင့် ရဲလေးတို့မှ ဓားရှည်ကိုင်လျှက်နှင့်လည်းကောင်း၊ ကန်ဘိုစီဇက်အိုင် ခဲ/နက်ရောင်ဆိုင်ကယ်အား မျိုးမင်းသူမှ မောင်းနှင်ပြီး သားမွန်စိုးမှ ဓားရှည်ကိုင်လျှက်နှင့်လည်းကောင်း၊ ၄၂/…. ခဲ/နက်ရောင် စူပါအမ်ဘို စီဇက်အိုင် ၁၂၅ ဆိုင်ကယ်အား ဘိုဟိန်းကျော်(ခ)ဘိုဘို မောင်းနှင်ပြီး မြင့်နိုင်(ခ)ဆံ ရှည်မှ ဓားရှည်ကိုင်လျှက်နှင့်လည်းကောင်း စုစုပေါင်း ဆိုင် ကယ် ၃ စီးအား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆိုင်ကယ်များအား ရပ်ရန်ပြောစဉ် မရပ်ဘဲမောင်းနှင်ထွက်ပြေးရာ ၎င်းတို့ ဆိုင်ကယ်အချင်းချင်း ချိတ်မိပြီး လဲသွားသဖြင့် ဘိုဟိန်းကျော်(ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သာမွန်စိုး(ခ)မွန်ထီး၊ ကိုမောင်၊ ရော်ဂဲ၊ ရဲလေးတို့ ၇ ဦးမှ တပ်ဖွဲ့ဝင်များအား ဓားများ ကိုင်၍ ခုတ်ရန်ပြေးလာခဲ့ကြောင်း သိရသည်။
ယင်းသို့ ပြေးလာစဉ် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ဓားများအား အောက်သို့ချရန် အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း ဓားရှည် များ မချဘဲ ခုတ်ရန်ပြေးဝင်လာသည့်အတွက် သေနတ်ဖြင့် ၁ ချက်ခြောက်လှန့်ပစ်ခဲ့ရာ ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်များ ထားခဲ့ပြီး ဓားများကိုင်ဆောင်ကာ ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးစဉ် ကိုမောင်၊ ဘိုဟိန်းကျော်(ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သားမွန်စိုး(ခ)မွန်ထီးတို့ ၅ ဦးကို ဓားရှည်များနှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုမောင်၊ ဘိုဟိန်းကျော်(ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သားမွန်စိုး(ခ)မွန်ထီးတို့ ၅ ဦး ကို ပြည်ကြီးတံ ခွန်မြို့မရဲစခန်း၌ (ပ)၄၉၁/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င) ဖြင့်လည်းကောင်း၊ တာဝန်ဝတ္တရား ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် များဖြစ်ကြောင်း သိပါလျှက်နှင့် တာဝန်တ္တရား ထမ်းဆောင်မရအောင် ဟန့်တားနှောက်ယှက်သဖြင့် (ပ)၄၉၂/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ- ၃၅၃/၁၁၄ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။


- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန) |  ဓာတ်ပုံ-Mandalay Police

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။