Skip to main content
ေငြက်ပ္ ၂၅၆၄ သိန္း တန္ဖိုးရွိ ရတနာမ်ားႏွင့္ တန္ဖိုးႀကီး ပစၥည္းမ်ား ထည့္ထားသည့္ မီးခံေသတၱာခိုးယူသူမ်ားထဲမွ ၂ ဦးကို ဖမ္းဆီးရမိ
Ads Block

ေငြက်ပ္ ၂၅၆၄ သိန္း တန္ဖိုးရွိ ရတနာမ်ားႏွင့္ တန္ဖိုးႀကီး ပစၥည္းမ်ား ထည့္ထားသည့္ မီးခံေသတၱာခိုးယူသူမ်ားထဲမွ ၂ ဦးကို ဖမ္းဆီးရမိ


မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနအိမ္အတြင္းဝင္ေရာက္၍ Rolex နာရီ၊ ႏိုင္ငံျခားေငြမ်ား အပါအဝင္ ေငြက်ပ္ ၂၅၆၄ သိန္းခန္႔ တန္ဖိုးရွိ ရတနာမ်ားႏွင့္ တန္ဖိုးႀကီးပစၥည္းမ်ားစြာထည့္ထားေသာ မီးခံေသတၱာခိုးယူခဲ့ရာတြင္ ပါဝင္သူ ၂ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရ သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၅)ရပ္ကြက္၊ အမွတ္ (၁၄၈/G)ေန ေဒၚျမင့္ျမင့္၊ (၄၄)ႏွစ္သည္ ဧၿပီ လ ၂၀ ရက္၊ နံနက္ ၇ နာရီခြဲခန္႔က ေတာင္ႀကီးၿမိဳ႕မွ ေနအိမ္သို႔ျပန္လည္ေရာက္ရွိစဥ္ ေနာက္ေဖးတံခါး ပြင့္ေနသျဖင့္ ၾကည့္ရႈစစ္ေဆးရာ အေပၚထပ္အိပ္ခန္းအတြင္းရွိ မီးခံေသတၱာ ၁ လုံးႏွင့္ ၎ေသတၱာအတြင္းထားရွိေသာ စိန္လက္စြပ္ ၂ ကြင္း၊ စိန္နားကပ္ ၁ ရံ၊ ေ႐ႊေခ်ာင္း ၃ ေခ်ာင္း၊ ေ႐ႊဆြဲႀကိဳး ၁၇ ကုံး၊ ေ႐ႊနားကပ္ ၆ ရံ၊ ေ႐ႊလက္ေကာက္ ၇ ကြင္း၊ ေ႐ႊလက္စြပ္ ၇ ကြင္း၊ ေ႐ႊဆြဲသီး ၄ ခု၊ ေ႐ႊ ရင္ထိုး ၁ ခု၊ ပတၱျမားဆြဲႀကိဳး ၁ ကုံး၊ ပတၱျမား လက္စြပ္ ၁ ကြင္း၊ နီလာဆြဲႀကိဳး ၁ ကုံး၊ ပုလဲဆြဲႀကိဳး ၂ ကုံး၊ ပုလဲနားကပ္ ၂ ရံ၊ ပ လက္တီနမ္ဆြဲႀကိဳး ၂ ကုံး၊ ေရွးေဟာင္း ေငြဘယက္ ၁ ကုံး၊ ေက်ာက္စိမ္းဆြဲျပား ၂၈ ခု၊ ေက်ာက္စိမ္း လက္စြပ္ ၂ ကြင္း၊ ေက်ာက္ စိမ္းလက္ေကာက္ ၇ ခု၊ ေရာင္စုံေက်ာက္ဆြဲသီး ၁ ခု၊ Rolex နာရီ ၁ လုံး၊ Mount Blanc အမ်ိဳးအစား ေဘာပင္ ၁ ေခ်ာင္း၊ ထိုင္း ဘတ္ ၃၀,၀၀၀၊ ထိုင္ဝမ္ေဒၚလာ ၅,၀၀၀၊ တ႐ုတ္ယြမ္ ၂,၅၀၀၊ အေမရိကန္ေဒၚလာ ၃၀၀၊ အိမ္ေျမဂရမ္ ၁ ခုႏွင့္ BMW ယာဥ္ Owner Book ၁ အုပ္ စုစုေပါင္း တန္ဖိုးေငြက်ပ္၂၅၆၄ သိန္းခန္႔ ေပ်ာက္ဆံုးေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္ဟု ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုေနာက္ ဧၿပီလ ၂၁ ရက္တြင္ ခိုးယူသြားသူမ်ား(စိစစ္ဆဲ)ကို အေရးယူေပးရန္ မရမ္းကုန္းၿမိဳ႕မရဲစခန္း၌ (ပ) ၅၁၆/ ၂၀၁၉၊ ရာဇ သတ္ႀကီးပုဒ္မ-၃၈၀(ခိုးမႈ)ျဖင့္ အမႈဖြင့္ခဲ့သည့္အတြက္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ စုံစမ္းေဆာင္ရြက္ခဲ့ရာ ခိုးမႈမသကၤာသူ ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္း(ခတၱ)ေန ေအာင္ျမင့္သန္း (ခ)ေတာသားႀကီး(ခ)ေအာင္ဝင္းသည္ ဧၿပီလ ၃၀ ရက္တြင္ ယာဥ္အမွတ္ YGN 5E ….. Colt Plus အမ်ဳိးအစား (ကိုယ္ပိုင္ယာဥ္) နက္ျပာေရာင္ယာဥ္ႏွင့္အတူ မႏၱေလးၿမိဳ႕မွတစ္ဆင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ အေရွ႕ ပိုင္းသို႔ ထြက္ခြာသြားသည္ကို စံုစမ္းသိရွိခဲ့ရေၾကာင္း သိရသည္။ 
ယင္းသို႔ စံုစမ္းသိရိွခဲ့သျဖင့္ ေတာင္ႀကီးခရိုင္ရဲတပ္ဖြဲ႕မွဴး၊ လြယ္လင္ခရိုင္ရဲတပ္ဖြဲ႕မွဴး၊ လင္းေခးခရိုင္ရဲ တပ္ဖြဲ႕မွဴးတို႔၏ အကူအညီ ျဖင့္ ပိတ္ဆို႔ဖမ္းဆီးခဲ့ရာ ေမလ ၅ ရက္၊ နံနက္ ၇ နာရီခြဲခန္႔တြင္ ကြန္ဟိန္းၿမိဳ႕နယ္၊ တာေကာ္တံတားလံုၿခံဳေရးဂိတ္၌ ဖမ္းဆီးရ မိခဲ့ၿပီး ေမလ ၇ ရက္၊ နံနက္ ၂ နာရီခန္႔တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂံုၿမိဳ႕မရဲစခန္းသို႔ ပို႔ေဆာင္ကာ ေခတၱခ်ဳပ္ေႏွာင္ထားရွိခဲ့ ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူ ေအာင္ျမင့္သန္း(ခ)ေတာသားႀကီး(ခ)ေအာင္ဝင္းအား စစ္ေဆးခဲ့ရာ ဧၿပီလ ၁၈ ရက္၊ နံနက္ ၁၀ နာရီခန္႔က ၎၏ သူငယ္ခ်င္းမ်ားျဖစ္သည့္ ေမႊးနီ(ခ)ေအာင္ႏိုင္ဝင္း (ဒဂံုေတာင္ၿမိဳ႕နယ္၊ စံုစမ္းဆဲ)၊ သန္းျမတ္စိုးတို႔(၂)ဦးသည္ တရားလို၏ ေနအိမ္ ေနာက္ေဖး တံခါးေပါက္မွ ဝင္ေရာက္ကာ အေပၚထပ္ရွိ အိပ္ခန္း(၂) ခန္းအတြင္းမွ မီးခံေသတၱာ(၁)လံုးႏွင့္ ကားေသာ့အား ယူ ေဆာင္လာခဲ့ၿပီး သန္းျမတ္စိုးမွ အိမ္ေရွ႕တြင္ အသင့္ေတြ႕ရွိသည့္ ယာဥ္အမွတ္ YGN 3D ….. Harrier အမ်ဳိးအစားယာဥ္အား ေမာင္းႏွင္ယူေဆာင္ခဲ့ေၾကာင္း သိရ သည္။
ထို႔ေနာက္ ၉ မိုင္တြင္ ယာဥ္(၁)စီးျဖင့္ အသင့္ေစာင့္ေနေသာ ေအာင္ျမင့္သန္း(ခ)ေတာသားႀကီး(ခ)ေအာင္ဝင္း၏ယာဥ္ေပၚသို႔ မီးခံေသတၱာအား တင္ေဆာင္ၿပီး ခိုးမႈက်ဴးလြန္ခဲ့သည့္ အိမ္မွပါလာေသာ ယာဥ္ကို မီးစံုဖြင့္၍ ျပည္လမ္းမေပၚတြင္ ရပ္ထားခဲ့ ေၾကာင္း သိရသည္။
ခိုးယူရရွိေသာ ရတနာပစၥည္းမ်ားအား လက္တမ္း(၃)ပံုခြဲ၍ ေဝယူခဲ့ၿပီးေနာက္ သန္းျမတ္စိုး(ခ)စိုးေလးသည္ ျပည္လမ္း (၉) မိုင္ တြင္ ရပ္ထားခဲ့ေသာ ယာဥ္အား ခိုးမႈက်ဴးလြန္ခဲ့သည့္ ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ကာ ကြင္းဆက္တရားခံ သန္းျမတ္စိုး(ခ)စိုးေလးကို ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ ေသာကလမ္းရွိ ၎၏ေနအိမ္တြင္ ဖမ္း ဆီးရမိခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူ ေအာင္ျမင့္သန္း(ခ)ေတာသားႀကီး(ခ)ေအာင္ဝင္းႏွင့္ သန္းျမတ္စိုး(ခ)စိုးေလးတို႔ထံမွ သက္ေသခံပစၥည္း လက္ ဝတ္ရတနာမ်ား သိမ္းဆည္းရရွိၿပီးျဖစ္၍ ၎တို႔(၂)ဦးအား ဥပေဒႏွင့္အညီ တရားစြဲတင္ ပို႔ႏိုင္ေရး ဆက္လက္ စစ္ေဆးေဆာင္ ရြက္လ်က္ရွိကာ က်န္ရွိတရားခံ ေမႊးနီ(ခ)ေအာင္ႏိုင္ဝင္းကို အျမန္ဆံုး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)  | ဓာတ္ပုံ- Yangon Police

Unicode Version

ငွေကျပ် ၂၅၆၄ သိန်း တန်ဖိုးရှိ ရတနာများနှင့် တန်ဖိုးကြီး ပစ္စည်းများ ထည့်ထားသည့် မီးခံသေတ္တာခိုးယူသူများထဲမှ ၂ ဦးကို ဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက်၍ Rolex နာရီ၊ နိုင်ငံခြားငွေများ အပါအဝင် ငွေကျပ် ၂၅၆၄ သိန်းခန့် တန်ဖိုးရှိ ရတနာများနှင့် တန်ဖိုးကြီးပစ္စည်းများစွာထည့်ထားသော မီးခံသေတ္တာခိုးယူခဲ့ရာတွင် ပါဝင်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ အမှတ် (၁၄၈/G)နေ ဒေါ်မြင့်မြင့်၊ (၄၄)နှစ်သည် ဧပြီ လ ၂၀ ရက်၊ နံနက် ၇ နာရီခွဲခန့်က တောင်ကြီးမြို့မှ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် နောက်ဖေးတံခါး ပွင့်နေသဖြင့် ကြည့်ရှုစစ်ဆေးရာ အပေါ်ထပ်အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာ ၁ လုံးနှင့် ၎င်းသေတ္တာအတွင်းထားရှိသော စိန်လက်စွပ် ၂ ကွင်း၊ စိန်နားကပ် ၁ ရံ၊ ရွှေချောင်း ၃ ချောင်း၊ ရွှေဆွဲကြိုး ၁၇ ကုံး၊ ရွှေနားကပ် ၆ ရံ၊ ရွှေလက်ကောက် ၇ ကွင်း၊ ရွှေလက်စွပ် ၇ ကွင်း၊ ရွှေဆွဲသီး ၄ ခု၊ ရွှေ ရင်ထိုး ၁ ခု၊ ပတ္တမြားဆွဲကြိုး ၁ ကုံး၊ ပတ္တမြား လက်စွပ် ၁ ကွင်း၊ နီလာဆွဲကြိုး ၁ ကုံး၊ ပုလဲဆွဲကြိုး ၂ ကုံး၊ ပုလဲနားကပ် ၂ ရံ၊ ပ လက်တီနမ်ဆွဲကြိုး ၂ ကုံး၊ ရှေးဟောင်း ငွေဘယက် ၁ ကုံး၊ ကျောက်စိမ်းဆွဲပြား ၂၈ ခု၊ ကျောက်စိမ်း လက်စွပ် ၂ ကွင်း၊ ကျောက် စိမ်းလက်ကောက် ၇ ခု၊ ရောင်စုံကျောက်ဆွဲသီး ၁ ခု၊ Rolex နာရီ ၁ လုံး၊ Mount Blanc အမျိုးအစား ဘောပင် ၁ ချောင်း၊ ထိုင်း ဘတ် ၃၀,၀၀၀၊ ထိုင်ဝမ်ဒေါ်လာ ၅,၀၀၀၊ တရုတ်ယွမ် ၂,၅၀၀၊ အမေရိကန်ဒေါ်လာ ၃၀၀၊ အိမ်မြေဂရမ် ၁ ခုနှင့် BMW ယာဉ် Owner Book ၁ အုပ် စုစုပေါင်း တန်ဖိုးငွေကျပ်၂၅၆၄ သိန်းခန့် ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုနောက် ဧပြီလ ၂၁ ရက်တွင် ခိုးယူသွားသူများ(စိစစ်ဆဲ)ကို အရေးယူပေးရန် မရမ်းကုန်းမြို့မရဲစခန်း၌ (ပ) ၅၁၆/ ၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ-၃၈၀(ခိုးမှု)ဖြင့် အမှုဖွင့်ခဲ့သည့်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ ခိုးမှုမသင်္ကာသူ ဒဂုံမြို့သစ် မြောက်ပိုင်း(ခတ္တ)နေ အောင်မြင့်သန်း (ခ)တောသားကြီး(ခ)အောင်ဝင်းသည် ဧပြီလ ၃၀ ရက်တွင် ယာဉ်အမှတ် YGN 5E ….. Colt Plus အမျိုးအစား (ကိုယ်ပိုင်ယာဉ်) နက်ပြာရောင်ယာဉ်နှင့်အတူ မန္တလေးမြို့မှတစ်ဆင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ ပိုင်းသို့ ထွက်ခွာသွားသည်ကို စုံစမ်းသိရှိခဲ့ရကြောင်း သိရသည်။ 
ယင်းသို့ စုံစမ်းသိရှိခဲ့သဖြင့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၊ လွယ်လင်ခရိုင်ရဲတပ်ဖွဲ့မှူး၊ လင်းခေးခရိုင်ရဲ တပ်ဖွဲ့မှူးတို့၏ အကူအညီ ဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ မေလ ၅ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားလုံခြုံရေးဂိတ်၌ ဖမ်းဆီးရ မိခဲ့ပြီး မေလ ၇ ရက်၊ နံနက် ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့မရဲစခန်းသို့ ပို့ဆောင်ကာ ခေတ္တချုပ်နှောင်ထားရှိခဲ့ ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ အောင်မြင့်သန်း(ခ)တောသားကြီး(ခ)အောင်ဝင်းအား စစ်ဆေးခဲ့ရာ ဧပြီလ ၁၈ ရက်၊ နံနက် ၁၀ နာရီခန့်က ၎င်း၏ သူငယ်ချင်းများဖြစ်သည့် မွှေးနီ(ခ)အောင်နိုင်ဝင်း (ဒဂုံတောင်မြို့နယ်၊ စုံစမ်းဆဲ)၊ သန်းမြတ်စိုးတို့(၂)ဦးသည် တရားလို၏ နေအိမ် နောက်ဖေး တံခါးပေါက်မှ ဝင်ရောက်ကာ အပေါ်ထပ်ရှိ အိပ်ခန်း(၂) ခန်းအတွင်းမှ မီးခံသေတ္တာ(၁)လုံးနှင့် ကားသော့အား ယူ ဆောင်လာခဲ့ပြီး သန်းမြတ်စိုးမှ အိမ်ရှေ့တွင် အသင့်တွေ့ရှိသည့် ယာဉ်အမှတ် YGN 3D ….. Harrier အမျိုးအစားယာဉ်အား မောင်းနှင်ယူဆောင်ခဲ့ကြောင်း သိရ သည်။
ထို့နောက် ၉ မိုင်တွင် ယာဉ်(၁)စီးဖြင့် အသင့်စောင့်နေသော အောင်မြင့်သန်း(ခ)တောသားကြီး(ခ)အောင်ဝင်း၏ယာဉ်ပေါ်သို့ မီးခံသေတ္တာအား တင်ဆောင်ပြီး ခိုးမှုကျူးလွန်ခဲ့သည့် အိမ်မှပါလာသော ယာဉ်ကို မီးစုံဖွင့်၍ ပြည်လမ်းမပေါ်တွင် ရပ်ထားခဲ့ ကြောင်း သိရသည်။
ခိုးယူရရှိသော ရတနာပစ္စည်းများအား လက်တမ်း(၃)ပုံခွဲ၍ ဝေယူခဲ့ပြီးနောက် သန်းမြတ်စိုး(ခ)စိုးလေးသည် ပြည်လမ်း (၉) မိုင် တွင် ရပ်ထားခဲ့သော ယာဉ်အား ခိုးမှုကျူးလွန်ခဲ့သည့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကာ ကွင်းဆက်တရားခံ သန်းမြတ်စိုး(ခ)စိုးလေးကို မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သောကလမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ အောင်မြင့်သန်း(ခ)တောသားကြီး(ခ)အောင်ဝင်းနှင့် သန်းမြတ်စိုး(ခ)စိုးလေးတို့ထံမှ သက်သေခံပစ္စည်း လက် ဝတ်ရတနာများ သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၂)ဦးအား ဥပဒေနှင့်အညီ တရားစွဲတင် ပို့နိုင်ရေး ဆက်လက် စစ်ဆေးဆောင် ရွက်လျက်ရှိကာ ကျန်ရှိတရားခံ မွှေးနီ(ခ)အောင်နိုင်ဝင်းကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။


- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန) | ဓာတ်ပုံ- Yangon Police

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။