Skip to main content
လင္မယားခ်င္းရန္ျဖစ္ရာမွ ဇနီးျဖစ္သူကို ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ခုတ္သတ္ၿပီး ကိုယ္တိုင္အဖမ္းခံ
Ads Block

လင္မယားခ်င္းရန္ျဖစ္ရာမွ ဇနီးျဖစ္သူကို ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ခုတ္သတ္ၿပီး ကိုယ္တိုင္အဖမ္းခံ


လင္မယားခ်င္း ရန္ျဖစ္စကားမ်ားရာမွ ဇနီးျဖစ္သူကို ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ခုတ္သတ္ၿပီး ကိုယ္တိုင္အဖမ္းခံခဲ့သည့္ ျဖစ္စဥ္ တစ္ခု တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

လင္မယားခ်င္းရန္ျဖစ္ရာမွ ဇနီးျဖစ္သူကို ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ခုတ္သတ္ၿပီး ကိုယ္တိုင္အဖမ္းခံ


ေကာ့ေသာင္းၿမိဳ႕နယ္၊ လံုးေဖာေက်းရြာ၊ ကမ္းနားလမ္း ေရဆိပ္အနီးရွိ(၆) ခန္းတြဲတန္းလ်ား၌ ေနထိုင္ၾကေသာ မရီရီေထြး(၃၅) ႏွစ္ႏွင့္ ႏိုင္လင္း (၃၂) ႏွစ္တို႔ လင္မယားသည္ ေမလ ၁၀ ရက္ နံနက္ ၉ နာရီခြဲခန္႔တြင္ လင္မယားခ်င္း ရန္ျဖစ္စကားမ်ားခ့ဲရာမွ ဓားခုတ္လူသတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

လင္မယားခ်င္းရန္ျဖစ္ရာမွ ဇနီးျဖစ္သူကို ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ခုတ္သတ္ၿပီး ကိုယ္တိုင္အဖမ္းခံ


စစ္ေဆးခ်က္အရ ခင္ပြန္းျဖစ္သူ ႏိုင္လင္း(၃၂)ႏွစ္က အရိုးအသြား(၁၀)လက္မရွိ သံရိုးတပ္ဓားျဖင့္ ခုတ္ခဲ့သည့္အတြက္ေၾကာင့္ ဇနီးမရီရီေထြး၌ ဂုတ္ပုိးျပတ္ရွ၊ ၀ဲ/ယာ လက္ျပင္ျပတ္ရွ၊ ၀ဲ/ယာ လည္ပင္းျပတ္ရွ၊ ယာပါးျပတ္ရွ၊ ယာလက္ခလယ္၊ လက္ညိဳး၊ လက္မျပတ္ရွ၊ ၀ဲေမးရုိးေအာက္ ထုိးသြင္းဒဏ္ရာမ်ားျဖင့္ ေနရာတြင္ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ျခင္းျဖစ္သည္။
ယင္းသို႔ ဇနီးကို ဓားျဖင့္ ခုတ္သတ္ၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူ ႏိုင္လင္းသည္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံသို႔ ကိုယ္တိုင္သြား ေရာက္ အဖမ္းခံကာ ျပစ္မႈကို ၀န္ခံခဲ့သျဖင့္ မာရမ္းနယ္ေျမရဲစခန္းက ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
“ဒီျဖစ္စဥ္ကေတာ့ မာရမ္းနယ္ေျမရဲစခန္းအပိုင္မွာ ျဖစ္ပြားသြားခဲ့တာျဖစ္တဲ့အတြက္ အဲဒီနယ္ေျမကပဲ ျဖစ္ပြားတဲ့ အေၾကာင္းရင္း ကို သိလိမ့္မယ္ဗ်။ အဲဒီဘက္က ဖုန္းေတြကလည္း ယိုးဒယားဖုန္းေတြျဖစ္ေနတဲ့အတြက္ အဆက္အသြယ္သိပ္မေကာင္းဘူး” ဟု ေကာ့ေသာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ရံုးမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ 
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူ ႏိုင္လင္း(၃၂)ႏွစ္ကို မာရမ္းနယ္ေျမရဲစခန္း၌(ပ)၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၂ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း တနသၤာရီတိုင္းရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ 
- ဒါးဇ(အကုန္သိ သတင္းဌာန) | ဓာတ္ပံု - တိုင္းရဲတပ္ဖြဲ႔

Unicode Version

လင်မယားချင်းရန်ဖြစ်ရာမှ ဇနီးဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ပြီး ကိုယ်တိုင်အဖမ်းခံ

လင်မယားချင်း ရန်ဖြစ်စကားများရာမှ ဇနီးဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ပြီး ကိုယ်တိုင်အဖမ်းခံခဲ့သည့် ဖြစ်စဉ် တစ်ခု တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကော့သောင်းမြို့နယ်၊ လုံးဖောကျေးရွာ၊ ကမ်းနားလမ်း ရေဆိပ်အနီးရှိ(၆) ခန်းတွဲတန်းလျား၌ နေထိုင်ကြသော မရီရီထွေး(၃၅) နှစ်နှင့် နိုင်လင်း (၃၂) နှစ်တို့ လင်မယားသည် မေလ ၁၀ ရက် နံနက် ၉ နာရီခွဲခန့်တွင် လင်မယားချင်း ရန်ဖြစ်စကားများခဲ့ရာမှ ဓားခုတ်လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ဆေးချက်အရ ခင်ပွန်းဖြစ်သူ နိုင်လင်း(၃၂)နှစ်က အရိုးအသွား(၁၀)လက်မရှိ သံရိုးတပ်ဓားဖြင့် ခုတ်ခဲ့သည့်အတွက်ကြောင့် ဇနီးမရီရီထွေး၌ ဂုတ်ပိုးပြတ်ရှ၊ ဝဲ/ယာ လက်ပြင်ပြတ်ရှ၊ ဝဲ/ယာ လည်ပင်းပြတ်ရှ၊ ယာပါးပြတ်ရှ၊ ယာလက်ခလယ်၊ လက်ညိုး၊ လက်မပြတ်ရှ၊ ဝဲမေးရိုးအောက် ထိုးသွင်းဒဏ်ရာများဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဇနီးကို ဓားဖြင့် ခုတ်သတ်ပြီးနောက် ပြစ်မှုကျူးလွန်သူ နိုင်လင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ကိုယ်တိုင်သွား ရောက် အဖမ်းခံကာ ပြစ်မှုကို ဝန်ခံခဲ့သဖြင့် မာရမ်းနယ်မြေရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
“ဒီဖြစ်စဉ်ကတော့ မာရမ်းနယ်မြေရဲစခန်းအပိုင်မှာ ဖြစ်ပွားသွားခဲ့တာဖြစ်တဲ့အတွက် အဲဒီနယ်မြေကပဲ ဖြစ်ပွားတဲ့ အကြောင်းရင်း ကို သိလိမ့်မယ်ဗျ။ အဲဒီဘက်က ဖုန်းတွေကလည်း ယိုးဒယားဖုန်းတွေဖြစ်နေတဲ့အတွက် အဆက်အသွယ်သိပ်မကောင်းဘူး” ဟု ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ နိုင်လင်း(၃၂)နှစ်ကို မာရမ်းနယ်မြေရဲစခန်း၌(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 


- ဒါးဇ(အကုန်သိ သတင်းဌာန) | ဓာတ်ပုံ - တိုင်းရဲတပ်ဖွဲ့

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။