Skip to main content
ေဗဒင္လာေမးသူ ႏွစ္ဦးက ေဗဒင္ဆရာကို ေသနတ္ျဖင့္ ပစ္သတ္ကာ ထြက္ေျပး 
Ads Block

ေဗဒင္လာေမးသူ ႏွစ္ဦးက ေဗဒင္ဆရာကို ေသနတ္ျဖင့္ ပစ္သတ္ကာ ထြက္ေျပး 


ေဗဒင္ေမးရန္ ေရာက္လာသည့္ အမ်ိဳးသား ႏွစ္ဦးက ေဗဒင္ဆရာကို ေသနတ္ျဖင့္ ပစ္သတ္သြားသည့္ ျဖစ္စဥ္တစ္ခု သီေပါၿမိဳ႕ နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
သီေပါၿမိဳ႕နယ္၊ နမ့္လန္ေက်းရြာတြင္ ေနထိုင္ေသာ  ေဗဒင္ဆရာ ဦးစိုင္းစိုးလႈိင္၏ ေနအိမ္သို႔ အမည္မသိအမ်ိဳးသားႏွစ္ဦးသည္ ဖဲေဗဒင္ေမးရန္အတြက္ ေမလ ၁၀ ရက္ ည ၈ နာရီခြဲတြင္ ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ေဗဒင္လာေမးသူ ႏွစ္ဦးက ေဗဒင္ဆရာကို ေသနတ္ျဖင့္ ပစ္သတ္ကာ ထြက္ေျပး 


အိမ္အတြင္းသို႔ ၀င္ေရာက္ေစကာ ဖဲေဗဒင္မ်ား ေဟာၾကားအၿပီး ဦးစိုင္းစိုးလိႈင္မွ ေနအိမ္ေနာက္ဖက္သို႔ ခဏထသြားစဥ္ ဧည့္သည္ ႏွစ္ဦးက အသင့္ပါလာေသာ ေသနတ္ျဖင့္ ပစ္သတ္၍ ဆိုင္ကယ္ေမာင္းထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း နမ့္လန္ရဲစခန္းထံမွ သိရ သည္။
“ဘာျဖစ္လို႔ အခုလို ပစ္သတ္လိုက္တာလဲဆိုတာကေတာ့ အေၾကာင္းရင္းတစ္ခုခုေတာ့ရွိမွာေပါ့။ ဒါေပမဲ့ လက္ရွိစစ္ေဆး ခ်က္ ေတြအရ တစ္ခါမွလည္း သိကြ်မ္းဖူးျခင္းမရွိတဲ့သူေတြက ပစ္သတ္သြားတာလို႔ ေသဆံုးသူရဲ႕ ဇနီးကလည္းေျပာတယ္။ ေဗဒင္လာ ေမးတဲ့ လူႏွစ္ေယာက္လို႔ ေျပာတယ္။ ေဗဒင္ဆရာကိုပဲ ပစ္သတ္သြားတာပါ။ ဇနီးျဖစ္သူကေတာ့ အျပင္ကိုထြက္ေျပးသြားခဲ့လို႔ ဘာမွမျဖစ္ခဲ့ဘူး။ လက္ရွိအခ်ိန္မွာေတာ့ ကြ်န္ေတာ္တို႔လည္း ဒီေလာက္ပဲသိရတယ္။ ျပစ္မႈက်ဴးလြန္သူ ႏွစ္ေယာက္ကို ဖမ္းဆီးရ မိေရး ေဆာင္ရြက္ေနဆဲမို႔လို႔ပါ” ဟု နမ့္လန္နယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူ ႏွစ္ဦးကို နမ့္လန္နယ္ေျမ ရဲစခန္း၌ (ပ)၅/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ- ၃၀၂/၁၁၄ (လူသတ္မႈ၊ အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

 

ဗေဒင်လာမေးသူ နှစ်ဦးက ဗေဒင်ဆရာကို သေနတ်ဖြင့် ပစ်သတ်ကာ ထွက်ပြေး 

ဗေဒင်မေးရန် ရောက်လာသည့် အမျိုးသား နှစ်ဦးက ဗေဒင်ဆရာကို သေနတ်ဖြင့် ပစ်သတ်သွားသည့် ဖြစ်စဉ်တစ်ခု သီပေါမြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် နေထိုင်သော  ဗေဒင်ဆရာ ဦးစိုင်းစိုးလှိုင်၏ နေအိမ်သို့ အမည်မသိအမျိုးသားနှစ်ဦးသည် ဖဲဗေဒင်မေးရန်အတွက် မေလ ၁၀ ရက် ည ၈ နာရီခွဲတွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အိမ်အတွင်းသို့ ဝင်ရောက်စေကာ ဖဲဗေဒင်များ ဟောကြားအပြီး ဦးစိုင်းစိုးလှိုင်မှ နေအိမ်နောက်ဖက်သို့ ခဏထသွားစဉ် ဧည့်သည် နှစ်ဦးက အသင့်ပါလာသော သေနတ်ဖြင့် ပစ်သတ်၍ ဆိုင်ကယ်မောင်းထွက်ပြေးသွားခြင်းဖြစ်ကြောင်း နမ့်လန်ရဲစခန်းထံမှ သိရ သည်။
“ဘာဖြစ်လို့ အခုလို ပစ်သတ်လိုက်တာလဲဆိုတာကတော့ အကြောင်းရင်းတစ်ခုခုတော့ရှိမှာပေါ့။ ဒါပေမဲ့ လက်ရှိစစ်ဆေး ချက် တွေအရ တစ်ခါမှလည်း သိကျွမ်းဖူးခြင်းမရှိတဲ့သူတွေက ပစ်သတ်သွားတာလို့ သေဆုံးသူရဲ့ ဇနီးကလည်းပြောတယ်။ ဗေဒင်လာ မေးတဲ့ လူနှစ်ယောက်လို့ ပြောတယ်။ ဗေဒင်ဆရာကိုပဲ ပစ်သတ်သွားတာပါ။ ဇနီးဖြစ်သူကတော့ အပြင်ကိုထွက်ပြေးသွားခဲ့လို့ ဘာမှမဖြစ်ခဲ့ဘူး။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့လည်း ဒီလောက်ပဲသိရတယ်။ ပြစ်မှုကျူးလွန်သူ နှစ်ယောက်ကို ဖမ်းဆီးရ မိရေး ဆောင်ရွက်နေဆဲမို့လို့ပါ” ဟု နမ့်လန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို နမ့်လန်နယ်မြေ ရဲစခန်း၌ (ပ)၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂/၁၁၄ (လူသတ်မှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။