Skip to main content
ဖ်ာပုံတြင္ စပါးက်ီႏွင့္ လူေနအိမ္အခ်ိဳ႕ မီးေလာင္ကၽြမ္း 
Ads Block

ဖ်ာပုံတြင္ စပါးက်ီႏွင့္ လူေနအိမ္အခ်ိဳ႕ မီးေလာင္ကၽြမ္း 



ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕နယ္၊ ဗ်ိဳင္းကဇီးေက်း႐ြာတြင္ ေမလ ၁၁ ရက္ နံနက္(၁)နာရီခဲြအခ်ိန္ခန္႔က လူေနအိမ္( ၈ ) လုံး နွင့္ စပါးက်ည္( ၆)လုံး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဖ်ာပုံတြင္ စပါးက်ီႏွင့္ လူေနအိမ္အခ်ိဳ႕ မီးေလာင္ကၽြမ္း 


ျဖစ္စဥ္မွာ ဖ်ာပံုၿမိဳ႕နယ္၊ ဗ်ိဳင္းကဇီးေက်းရြာေန ဦးထိန္ဝင္း၏ စပါးက်ီမွ ေမလ ၁၁ ရက္နံနက္ ၁ နာရီခဲြအခ်ိန္ခန္႔တြင္ မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္ၿပီး မီးေလာင္ကၽြမ္းသည္ ့ေနရာသို႔ ဖ်ာပုံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘိုဘိုမင္းေဇာ္၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္ရဲတပ္ဖဲြ႔မွဴးနွင့္အဖြဲ႔၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႔၊ မီးသတ္ဦးစီးမွဴးပါ သေႏၶတပ္ဖဲြ႔ဝင္မ်ား၊ မီးသတ္ယာဥ္ ၁စီး၊ ေရသယ္ယာဥ္( ၂)စီး၊ ပဲ့တင္သံပရဟိတအဖြဲ႔၊ အမွတ္( ၁၄ )ရပ္ကြက္ ဂ႐ုဏာ႐ွင္ လူမႈကူ ညီေရးအသင္း၊ ေက်းရြာေနျပည္သူမ်ား၊ အနီးပတ္ဝန္းက်င္ေက်းရြာမ်ားမွ အုပ္ခ်ဳပ္ေရးမွဴးမ်ာႏွင့္ ျပည္သူမ်ား၊ စုစုေပါင္းအင္အား ၂၀၀ ဦးခန္႔မွ ဝိုင္းဝန္းမီးၿငိမ္းသတ္ခဲ့ရာ(၁)နာရီ (၅၀)မိနစ္အခ်ိန္တြင္ မီးထိန္းႏိုင္ခဲ့ၿပီး(၂)နာရီ(၁၀) မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြား ခဲ့ေၾကာင္း သိရသည္။

ဖ်ာပုံတြင္ စပါးက်ီႏွင့္ လူေနအိမ္အခ်ိဳ႕ မီးေလာင္ကၽြမ္း 


မီးေလာင္မႈေၾကာင့္ သြပ္မိုးပ်ဥ္ေထာင္(၁)ထပ္အိမ္(၂)လုံး၊ သြပ္မိုးပ်ဥ္ေထာင္(၂)ထပ္အိမ္(၅)လုံး၊ ဓနိမိုး၊ ဓနိကာ၊ ဝါးခင္း(၁)လုံး၊ စပါးက်ီ(၆)လုံး စုစုေပါင္း လူေနအိမ္နွင့္ စပါးက်ီ(၁၄)လုံး မီးေလာင္ကြၽမ္းခဲ့ၿပီး စုစုေပါင္းဆုံးရုံးမႈ တန္းဖိုး(၁၆၇၈)သိန္းခန္႔ မီးေလာင္ဆုံးရွံးခဲ့ေၾကာင္း ဖ်ာပုံခ႐ုိင္မီးသတ္ဦးစီးဌာနမွ သိရသည္။
အဆိုပါ မီးေဘးသင့္အိမ္ေထာင္စု(၈)စုအတြက္ ေခတၱယာယီကယ္ဆယ္ေရးစခန္းအား ဗ်ိဳင္းကဇီးေက်း႐ြာ အ.လ.က စာသင္ေက်ာင္း၌ ဖြင့္လွစ္ထား႐ွိၿပီး မီးေဘးသင့္ အိမ္ေထာင္စု ၈ စုအတြက္ ဖ်ာပုံခရိုင္ ေဘးအႏၲရာယ္စီမံခန္႔ခဲြမႈ ဦးစီးဌာနမွ ကယ္ဆယ္ေရး ပစၥည္း ၁၁ မ်ိဳး အား ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံသို႔ သြားေရာက္ကူညီေထာက္ပ့ံေပးအပ္ခဲ့ေၾကာင္း သိပါသည္။

- ေက်ာ္စုိးမုိး - ဖ်ာပုံ(အကုန္သိသတင္းဌာန)

Unicode Version

 

ဖျာပုံတွင် စပါးကျီနှင့် လူနေအိမ်အချို့ မီးလောင်ကျွမ်း 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာတွင် မေလ ၁၁ ရက် နံနက်(၁)နာရီခွဲအချိန်ခန့်က လူနေအိမ်( ၈ ) လုံး နှင့် စပါးကျည်( ၆)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာနေ ဦးထိန်ဝင်း၏ စပါးကျီမှ မေလ ၁၁ ရက်နံနက် ၁ နာရီခွဲအချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းသည့်နေရာသို့ ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မီးသတ်ဦးစီးမှူးပါ သန္ဓေတပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၁စီး၊ ရေသယ်ယာဉ်( ၂)စီး၊ ပဲ့တင်သံပရဟိတအဖွဲ့၊ အမှတ်( ၁၄ )ရပ်ကွက် ဂရုဏာရှင် လူမှုကူ ညီရေးအသင်း၊ ကျေးရွာနေပြည်သူများ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးမျာနှင့် ပြည်သူများ၊ စုစုပေါင်းအင်အား ၂၀၀ ဦးခန့်မှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ(၁)နာရီ (၅၀)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး(၂)နာရီ(၁၀) မိနစ်အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သွပ်မိုးပျဉ်ထောင်(၁)ထပ်အိမ်(၂)လုံး၊ သွပ်မိုးပျဉ်ထောင်(၂)ထပ်အိမ်(၅)လုံး၊ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း(၁)လုံး၊ စပါးကျီ(၆)လုံး စုစုပေါင်း လူနေအိမ်နှင့် စပါးကျီ(၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်းဆုံးရုံးမှု တန်းဖိုး(၁၆၇၈)သိန်းခန့် မီးလောင်ဆုံးရှံးခဲ့ကြောင်း ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးဘေးသင့်အိမ်ထောင်စု(၈)စုအတွက် ခေတ္တယာယီကယ်ဆယ်ရေးစခန်းအား ဗျိုင်းကဇီးကျေးရွာ အ.လ.က စာသင်ကျောင်း၌ ဖွင့်လှစ်ထားရှိပြီး မီးဘေးသင့် အိမ်ထောင်စု ၈ စုအတွက် ဖျာပုံခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်း ၁၁ မျိုး အား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိပါသည်။

- ကျော်စိုးမိုး - ဖျာပုံ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။