Skip to main content
သရုပ္ေဆာင္နဲ႔ဒါရိုက္တာႏွစ္မ်ိဳးလံုးကိုစိတ္၀င္စားတယ္ဆိုတဲ့ မင္းသန္႔ေမာင္ေမာင္
Ads Block

သရုပ္ေဆာင္နဲ႔ဒါရိုက္တာႏွစ္မ်ိဳးလံုးကိုစိတ္၀င္စားတယ္ဆိုတဲ့ မင္းသန္႔ေမာင္ေမာင္



သရုပ္ေဆာင္နဲ႔ဒါရိုက္တာႏွစ္မ်ိဳးလံုးကိုစိတ္၀င္စားတယ္ဆိုၿပီး ဒါရိုက္တာစင္ေရာ္ေမာင္ေမာင္ရဲ႕ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္က ေျပာလာပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လို႔ ရန္ကုန္ၿမိဳ႕၊ Melia Hotel မွာ ေမလ ၇ ရက္ကက်င္းပတဲ့ Media Conference ပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ 

သရုပ္ေဆာင္နဲ႔ဒါရိုက္တာႏွစ္မ်ိဳးလံုးကိုစိတ္၀င္စားတယ္ဆိုတဲ့ မင္းသန္႔ေမာင္ေမာင္


“ ဒါရိုက္တာအေနနဲ႔လည္း လုပ္ခ်င္တာေပါ့။ သရုပ္ေဆာင္လုပ္ခ်င္ပါတယ္။ သရုပ္ေဆာင္တဲ့အခ်ိန္မွာလည္း ေပ်ာ္စရာေကာင္းတယ္။ ကၽြန္ေတာ္က အေဖ့ျဖစ္ေစခ်င္တဲ့ဒါရိုက္တာလည္းျဖစ္ခ်င္သလို အေမ့လို သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္ခ်င္ပါတယ္။ ရိုက္ကူးတဲ့အခါ ကိုယ့္ကအႀကံေပးတာလည္း မ်ားတယ္။ အျမင္ကို္ေျပာတယ္။ ကၽြန္ေတာ္မႀကိဳက္ဘူးဆိုရင္ မႀကိဳက္ဘူးေျပာတယ္။ အျမင္မတူေတာ့ နည္းနည္းေတာ့ ဒုကၡေရာက္တယ္။ေရြးခ်ယ္မႈက အေဖကေရြးတယ္။ အေဖကဒါရိုက္တာဆိုေတာ့ သူကအဆင္ေျပေအာင္ လုပ္တယ္။ ႏွစ္ေယာက္လံုးအဆင္ေျပေအာင္လုပ္တယ္။အေကာင္းဆံုးႀကိဳးစားေနပါတယ္။ အေဖျဖစ္ခ်င္တဲ့ ဆႏၵလည္းျဖစ္သလိုကၽြန္ေတာ္ကိုယ္တိုင္လည္း ျဖစ္ခ်င္တာေတြအေဖသားအေနနဲ႔ျဖစ္ေပးရမွာပါ။ သရုပ္ေဆာင္နဲ႔ပတ္သက္ၿပီး အေကာင္ဆံုးႀကိဳးစားမွာပါ” လို႔ မင္းသန္႔ေမာင္ေမာင္က ေျပာပါတယ္။

သရုပ္ေဆာင္နဲ႔ဒါရိုက္တာႏွစ္မ်ိဳးလံုးကိုစိတ္၀င္စားတယ္ဆိုတဲ့ မင္းသန္႔ေမာင္ေမာင္


မင္းသန္႔ေမာင္ေမာင္ဟာ ဖခင္ျဖစ္သူ အကယ္ဒမီဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္ထံကေန ဒါရိုက္တာပညာကို ေလ့လာသင္ယူေနသလို ငယ္စဥ္ကေလးဘ၀တည္းက မိခင္ျဖစ္သူ အကယ္ဒမီေမသန္းႏုနဲ႔အတူ ေႀကာ္ျငာေလးေတြ ရိုက္ကူးခဲ့တာျဖစ္ပါတယ္။  
ဒါ့အျပင္ အေမရိကန္ႏိုင္ငံ New York Film Academy ေက်ာင္းကေနဘြဲ႕ရရွိထားတာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ျမန္မာႏုိင္ငံမွာ အႏုပညာအလုပ္ေတြ လာေရာက္လုပ္ကိုင္ေနသူျဖစ္ပါတယ္။ 

- အိျႏၵာ(အကုန္သိသတင္းဌာန)

Unicode Version

သရုပ်ဆောင်နဲ့ဒါရိုက်တာနှစ်မျိုးလုံးကိုစိတ်ဝင်စားတယ်ဆိုတဲ့ မင်းသန့်မောင်မောင်

သရုပ်ဆောင်နဲ့ဒါရိုက်တာနှစ်မျိုးလုံးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်က ပြောလာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့၊ Melia Hotel မှာ မေလ ၇ ရက်ကကျင်းပတဲ့ Media Conference ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ 
“ ဒါရိုက်တာအနေနဲ့လည်း လုပ်ချင်တာပေါ့။ သရုပ်ဆောင်လုပ်ချင်ပါတယ်။ သရုပ်ဆောင်တဲ့အချိန်မှာလည်း ပျော်စရာကောင်းတယ်။ ကျွန်တော်က အဖေ့ဖြစ်စေချင်တဲ့ဒါရိုက်တာလည်းဖြစ်ချင်သလို အမေ့လို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ချင်ပါတယ်။ ရိုက်ကူးတဲ့အခါ ကိုယ့်ကအကြံပေးတာလည်း များတယ်။ အမြင်ကိုပြောတယ်။ ကျွန်တော်မကြိုက်ဘူးဆိုရင် မကြိုက်ဘူးပြောတယ်။ အမြင်မတူတော့ နည်းနည်းတော့ ဒုက္ခရောက်တယ်။ရွေးချယ်မှုက အဖေကရွေးတယ်။ အဖေကဒါရိုက်တာဆိုတော့ သူကအဆင်ပြေအောင် လုပ်တယ်။ နှစ်ယောက်လုံးအဆင်ပြေအောင်လုပ်တယ်။အကောင်းဆုံးကြိုးစားနေပါတယ်။ အဖေဖြစ်ချင်တဲ့ ဆန္ဒလည်းဖြစ်သလိုကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ချင်တာတွေအဖေသားအနေနဲ့ဖြစ်ပေးရမှာပါ။ သရုပ်ဆောင်နဲ့ပတ်သက်ပြီး အကောင်ဆုံးကြိုးစားမှာပါ” လို့ မင်းသန့်မောင်မောင်က ပြောပါတယ်။
မင်းသန့်မောင်မောင်ဟာ ဖခင်ဖြစ်သူ အကယ်ဒမီဒါရိုက်တာ စင်ရော်မောင်မောင်ထံကနေ ဒါရိုက်တာပညာကို လေ့လာသင်ယူနေသလို ငယ်စဉ်ကလေးဘဝတည်းက မိခင်ဖြစ်သူ အကယ်ဒမီမေသန်းနုနဲ့အတူ ကြော်ငြာလေးတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။  
ဒါ့အပြင် အမေရိကန်နိုင်ငံ New York Film Academy ကျောင်းကနေဘွဲ့ရရှိထားတာဖြစ်ပြီး အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လာရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ 

- အိန္ဒြာ(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။