Skip to main content
၂၀၁၉ နွစ္ဆန္းပုိင္းတြင္ ရန္ကုန္အိမ္ၿခံေျမေစ်းကြက္ အေရာင္းအ၀ယ္ျပန္ျဖစ္လာဟု ဆို 
Ads Block

၂၀၁၉ နွစ္ဆန္းပုိင္းတြင္ ရန္ကုန္အိမ္ၿခံေျမေစ်းကြက္ အေရာင္းအ၀ယ္ျပန္ျဖစ္လာဟု ဆို 

 

၂၀၁၉ ခုႏွစ္ဆန္းပုိင္းတြင္ ရန္ကုန္ၿမိဳ႕အိမ္ၿခံေျမေစ်းကြက္ အေရာင္းအ၀ယ္ျပန္ျဖစ္လာေၾကာင္း imyanmar house .com မွ မန္ေနဂ်င္းဒါရုိက္တာဦးေနမင္းသူက ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိတပ္မေတာ္ခန္းမတြင္ ေမလ ၁၀ ရက္ကက်င္းပေသာ အိမ္ၿခံေျမအေရာင္းျပပြဲတြင္ သတင္းမီဒီယာမ်ားသုိ႔ ေျဖၾကားေပးျခင္းျဖစ္သည္။ 
“ လက္ရွိမွာအိမ္ၿခံေျမေစ်းကြက္က ရန္ကုန္ၿမိဳ႕ကုိၾကည့္မယ္ဆုိရင္ ၂၀၁၉ နွစ္ဆန္းပုိင္းမွာ ေစ်းကြက္က ျပန္လည္လႈပ္ရွားတာကုိေတြ႔ရတယ္။ ၂၀၁၄ ခုနွစ္ကစၿပီး အိမ္ၿခံေျမေစ်းကြက္ဟာ တစ္နွစ္ၿပီးတစ္နွစ္ က်ဆင္းလာတယ္။ ေစ်းကြက္ထဲမွာလည္း ၀ယ္ယူမယ့္မိဘျပည္သူေတြက မ၀ယ္ဘဲ ေစာင့္ဆုိင္းေနတာေတြ ရွိတယ္။ ဒီ၂၀၁၉ နွစ္ဆန္းပုိင္းမွာေတာ့ ျပန္ၿပီး၀ယ္ယူလာတာေတြ႔ရတယ္’’ ဟု imyanmar house .com မွ မန္ေနဂ်င္းဒါရုိက္တာ ဦးေနမင္းသူကေျပာသည္။
လက္ရွိရန္ကုန္ၿမိဳ႕ အိမ္ျခံေျမေစ်းကြက္အတြင္း စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္တို႔အျပင္ ရန္ကုန္ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္တို႔တြင္ အငွားမ်ားအလုပ္ျဖစ္ေနၿပီး ေတာင္ဒဂုံ၊ ေျမာက္ဒဂုံ၊ လႈိင္သာယာ စသည့္ၿမိဳ႕နယ္မ်ားတြင္ ေျမကြက္အေရာင္းေစ်းကြက္ျဖစ္ေနေၾကာင္း သိရသည္။ 
အေရာင္းအ၀ယ္ေစ်းကြက္တြင္ ေစ်းနႈန္းအားျဖင့္ ေငြက်ပ္သိန္းတစ္ရာေက်ာ္မွ သိန္းနွစ္ရာ ၀န္းက်င္ တုိက္ခန္းမ်ားလည္းပါ၀င္ၿပီး က်ပ္သိန္းေသာင္းဂဏန္းရွိေသာကြန္ဒုိတုိက္ခန္းမ်ားလည္း ၀ယ္ယူမႈရွိလာေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

၂၀၁၉ နှစ်ဆန်းပိုင်းတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပြန်ဖြစ်လာဟု ဆို 

 

၂၀၁၉ ခုနှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း imyanmar house .com မှ မန်နေဂျင်းဒါရိုက်တာဦးနေမင်းသူက ပြောသည်။
ရန်ကုန်မြို့ရှိတပ်မတော်ခန်းမတွင် မေလ ၁၀ ရက်ကကျင်းပသော အိမ်ခြံမြေအရောင်းပြပွဲတွင် သတင်းမီဒီယာများသို့ ဖြေကြားပေးခြင်းဖြစ်သည်။ 
“ လက်ရှိမှာအိမ်ခြံမြေဈေးကွက်က ရန်ကုန်မြို့ကိုကြည့်မယ်ဆိုရင် ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ဈေးကွက်က ပြန်လည်လှုပ်ရှားတာကိုတွေ့ရတယ်။ ၂၀၁၄ ခုနှစ်ကစပြီး အိမ်ခြံမြေဈေးကွက်ဟာ တစ်နှစ်ပြီးတစ်နှစ် ကျဆင်းလာတယ်။ ဈေးကွက်ထဲမှာလည်း ဝယ်ယူမယ့်မိဘပြည်သူတွေက မဝယ်ဘဲ စောင့်ဆိုင်းနေတာတွေ ရှိတယ်။ ဒီ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပြန်ပြီးဝယ်ယူလာတာတွေ့ရတယ်’’ ဟု imyanmar house .com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူကပြောသည်။
လက်ရှိရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း စမ်းချောင်း၊ ကြည့်မြင်တိုင်တို့အပြင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တို့တွင် အငှားများအလုပ်ဖြစ်နေပြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ စသည့်မြို့နယ်များတွင် မြေကွက်အရောင်းဈေးကွက်ဖြစ်နေကြောင်း သိရသည်။ 
အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအားဖြင့် ငွေကျပ်သိန်းတစ်ရာကျော်မှ သိန်းနှစ်ရာ ဝန်းကျင် တိုက်ခန်းများလည်းပါဝင်ပြီး ကျပ်သိန်းသောင်းဂဏန်းရှိသောကွန်ဒိုတိုက်ခန်းများလည်း ဝယ်ယူမှုရှိလာကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။