Skip to main content
ရန္ကုန္ကို ကမၻာ့ရင္းႏွီးျမဳပ္ႏွံမႈ အခ်က္အခ်ာက်သည့္ ေနရာအျဖစ္ရည္ရြယ္ေၾကာင္း ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ေျပာ
Ads Block

ရန္ကုန္ကို ကမၻာ့ရင္းႏွီးျမဳပ္ႏွံမႈ အခ်က္အခ်ာက်သည့္ ေနရာအျဖစ္ရည္ရြယ္ေၾကာင္း ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ေျပာ


ရန္ကုန္တုိင္းေဒသႀကီးကို ကမၻာ့ရင္းႏွီးျမွပ္ႏွံမႈအခ်က္အခ်ာက်သည့္ ေနရာအျဖစ္ရည္ရြယ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလုိက္သည္။
ေမလ(၁၀) ရန္ကုန္ၿမိဳ႕ Lotte Hotel Yangon တြင္က်င္းပသည့္  Yangon Investment Forum 2019 ဖြင့္ပြဲ အခမ္းအနားတြင္ ေျပာၾကားလုိက္ျခင္းျဖစ္သည္။

ရန္ကုန္ကို ကမၻာ့ရင္းႏွီးျမဳပ္ႏွံမႈ အခ်က္အျခာက်သည့္ ေနရာအျဖစ္ရည္ရြယ္ေၾကာင္း ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ေျပာ


“ ယေန႔အခ်ိန္တြင္ ကမၻာအရပ္ရပ္မွာ ရင္းႏွီးျမဳပ္ႏွံသူမ်ား စီးပြားေရအရ တြက္ေျခကိုက္သည့္ ေနရာ ေဒသ၊ ေရရွည္ အက်ိဳးစီး ပြား ျဖစ္ထြန္းႏုိင္မယ့္ ေနရာေဒသေတြကို ရွာေဖြၿပီး ရင္းႏွီးျမဳပ္ႏွံမႈေတြကို ျပဳလုပ္ေနတာကို ေတြ႔ျမင္ေနရပါတယ္။ ဒီလုိရင္ႏွီးျမဳပ္ႏွံ သူေတြအတြက္ ရင္းႏွီးျမဳပ္ႏံွမႈ ဥပေဒဆုိင္ရာ ဥပေဒမူေဘာင္မ်ား လုပ္ထံုးလုပ္နည္းမ်ား ရန္ကုန္တုိင္းေဒသႀကီး ရင္းႏွီးျမဳပ္ႏွံမႈ အခြင့္အလမ္းေတြကို သိရွိႏုိင္ဖုိ႔ရည္ရြယ္ခ်က္နဲ႔ အခုဖုိရမ္ ကိုက်င္းပေဆာင္ရြက္ျခင္းျဖစ္ပါတယ္။ ရန္ကုန္တုိင္းေဒသႀကီးဟာ ျမန္ မာႏုိင္ငံရဲ႕ စီးပြားေရးအဓိက အခ်က္အျခာက်တဲ့ ေနရာသာမက ကမၻာ့ရင္း ႏွီး ျမဳပ္ႏွံမႈ အခ်က္အျခာက်တဲ့  ေနရာအျဖစ္ ရည္ရြယ္ ပါတယ္။ ” ဟု ဦးၿဖိဳးမင္း သိန္း ကေျပာသည္။
ဖုိရမ္၏ နံနက္ပိုင္းမွာ ရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒဆုိင္ရာမူေဘာင္မ်ား၊ လုပ္ထံုးလုပ္နည္းမ်ား၊ အခြန္ဆုိင္ရာ မူေဘာင္မ်ားကို သက္ဆုိင္ ရာ ဌာနမ်ား၏ ကၽြမ္းက်င္ပုဂၢိဳလ္မ်ားမွ ရွင္းလင္းသြားမည္ျဖစ္ၿပီး၊ ညေနပိုင္းတြင္ ရန္ကုန္တုိင္း အတြင္းရွိ ပုဂၢလိက စီးပြားေရး ဆုိင္ရာ အခြင့္အလမ္းမ်ား၊ ရင္းႏွီးျမဳပ္ႏွံမႈဆုိင္ရာ အေတြ႔အႀကံဳမ်ားကို ေဆြးေႏြး ေျပာၾကားသြားမည္ျဖစ္ေၾကာင္း ၎ကေျပာ သည္။
ေမလ ၁၁ ရက္တြင္ ဖုိရမ္သို႔ တက္ေရာက္လာသည့္ ျပည္တြင္းျပည္ပ ရင္းႏွီးျမဳပ္ႏံွသူမ်ားကို သီလဝါ အထူး စီးပြားေရးဇုန္၊ လိႈင္သာယာ စက္မႈဇုန္၊ MICT Park စသည့္ေနရာမ်ားသို႔ လုိက္ပါရွင္း လင္းျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
Yangon Investment Forum 2019 တြင္ ထန္းတပင္ၿမိဳ႕နယ္၌ အေကာင္အထည္ေဖာ္မည့္ စီးပြားေရးဇုန္တစ္ခုကိုလည္း နား လည္မႈ စာခၽြန္လႊာလက္မွတ္ေရးထုိး ၾကမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တုိင္းေဒသႀကီး စည္ပင္သာယာ နယ္နမိတ္ၿမိဳ႕နယ္မ်ားတြင္ စက္မႈဇုန္ ၂၉ ခုႏွင့္ စည္ပင္သာယာ နယ္နမိတ္ျပင္ပတြင္ျဖစ္ သည့္ သီလဝါ အထူးစီးပြားဇုန္စသျဖင့္ စက္မႈဇုန္ ၃၀ ရိွေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

ရန်ကုန်ကို ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု အချက်အခြာကျသည့် နေရာအဖြစ်ရည်ရွယ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးကို ကမ္ဘာ့ရင်းနှီးမြှပ်နှံမှုအခ်က္အခ်ာကျသည့် နေရာအဖြစ်ရည်ရွယ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
မေလ(၁၀) ရန်ကုန်မြို့ Lotte Hotel Yangon တွင်ကျင်းပသည့်  Yangon Investment Forum 2019 ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“ ယနေ့အချိန်တွင် ကမ္ဘာအရပ်ရပ်မှာ ရင်းနှီးမြုပ်နှံသူများ စီးပွားရေအရ တွက်ခြေကိုက်သည့် နေရာ ဒေသ၊ ရေရှည် အကျိုးစီး ပွား ဖြစ်ထွန်းနိုင်မယ့် နေရာဒေသတွေကို ရှာဖွေပြီး ရင်းနှီးမြုပ်နှံမှုတွေကို ပြုလုပ်နေတာကို တွေ့မြင်နေရပါတယ်။ ဒီလိုရင်နှီးမြုပ်နှံ သူတွေအတွက် ရင်းနှီးမြုပ်နံှမှု ဥပဒေဆိုင်ရာ ဥပဒေမူဘောင်များ လုပ်ထုံးလုပ်နည်းများ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေကို သိရှိနိုင်ဖို့ရည်ရွယ်ချက်နဲ့ အခုဖိုရမ် ကိုကျင်းပဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဟာ မြန် မာနိုင်ငံရဲ့ စီးပွားရေးအဓိက အချက်အခြာကျတဲ့ နေရာသာမက ကမ္ဘာ့ရင်း နှီး မြုပ်နှံမှု အချက်အခြာကျတဲ့  နေရာအဖြစ် ရည်ရွယ် ပါတယ်။ ” ဟု ဦးဖြိုးမင်း သိန်း ကပြောသည်။
ဖိုရမ်၏ နံနက်ပိုင်းမှာ ရင်းနှီးမြုပ်နှံမှု ဥပဒေဆိုင်ရာမူဘောင်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခွန်ဆိုင်ရာ မူဘောင်များကို သက်ဆိုင် ရာ ဌာနများ၏ ကျွမ်းကျင်ပုဂ္ဂိုလ်များမှ ရှင်းလင်းသွားမည်ဖြစ်ပြီး၊ ညနေပိုင်းတွင် ရန်ကုန်တိုင်း အတွင်းရှိ ပုဂ္ဂလိက စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေး ပြောကြားသွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။
မေလ ၁၁ ရက်တွင် ဖိုရမ်သို့ တက်ရောက်လာသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နံှသူများကို သီလဝါ အထူး စီးပွားရေးဇုန်၊ လှိုင်သာယာ စက်မှုဇုန်၊ MICT Park စသည့်နေရာများသို့ လိုက်ပါရှင်း လင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Investment Forum 2019 တွင် ထန်းတပင်မြို့နယ်၌ အကောင်အထည်ဖော်မည့် စီးပွားရေးဇုန်တစ်ခုကိုလည်း နား လည်မှု စာချွန်လွှာလက်မှတ်ရေးထိုး ကြမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်မြို့နယ်များတွင် စက်မှုဇုန် ၂၉ ခုနှင့် စည်ပင်သာယာ နယ်နမိတ်ပြင်ပတွင်ဖြစ် သည့် သီလဝါ အထူးစီးပွားဇုန်စသဖြင့် စက်မှုဇုန် ၃၀ ရှိကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။