Skip to main content
ပင္ေလာင္းၿမိဳ႕၌ ကားအံ၀ွက္အတြင္း သယ္ေဆာင္လာေသာ စိတ္ၾကြရူးသြပ္ေဆးျပား ၈ သိန္း ဖမ္းဆီးရမိ
Ads Block

ပင္ေလာင္းၿမိဳ႕၌ ကားအံ၀ွက္အတြင္း သယ္ေဆာင္လာေသာ စိတ္ၾကြရူးသြပ္ေဆးျပား ၈ သိန္း ဖမ္းဆီးရမိ


ပင္ေလာင္းၿမိဳ႕ႏွင့္ ေနျပည္ေတာ္သြားကားလမ္းေပၚ၌ က်ပ္သိန္းေပါင္းမ်ားစြာတန္ဖိုးရွိ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား တင္ေဆာင္လာေသာကားတစ္စီးႏွင့္အတူ သယ္ေဆာင္လာသူႏွစ္ဦးကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ ပင္ေလာင္းၿမိဳ႕အပိုင္ ပင္ေလာင္း-ေနျပည္ေတာ္သြားကားလမ္းလမ္းဆံု၌ မူးယစ္တပ္ဖြဲ႔၀င္မ်ားပါ ပူးေပါင္းတပ္ဖြဲ႔၀င္မ်ားသည္ အသိသက္ေသမ်ားႏွင့္တကြ ေမလ ၉ ရက္၊ ယမန္ေန႔နံနက္ ၅ နာရီခန္႔တြင္သတင္းအရ ေစာင့္ဆိုင္းခဲ့ၾကရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ပင္ေလာင္းၿမိဳ႕၌ ကားအံ၀ွက္အတြင္း သယ္ေဆာင္လာေသာ စိတ္ၾကြရူးသြပ္ေဆးျပား ၈ သိန္း ဖမ္းဆီးရမိ


ေက်ာက္တလံုးႀကီးၿမိဳ႕မွ ေမွာ္ဘီ-တုန္ဟုန္းလမ္းဆံုကိုျဖတ္သန္းကာ ပင္ေလာင္းၿမိဳ႕သို႔၀င္ေရာက္လာသည့္ TOYOTA Hilux အမ်ိဳးအစားကိုတားဆီးစစ္ေဆးခဲ့ရာ ေက်းသီးၿမိဳ႕နယ္ ပန္းစယ္႐ြာမေက်း႐ြာေန စိုင္းေနာ္မိန္း (၂၇ ႏွစ္) ေမာင္းႏွင္ၿပီး မိုင္းရွဴးၿမိဳ႕နယ္၊ ပန္ေလာ့ေက်း႐ြာေန မနန္းေဖြးစံ (၂၂ ႏွစ္)စီးနင္းလိုက္ပါလာသျဖင့္ ၎တို႔၏အိတ္ေဆာင္မ်ားကိုစစ္ေဆးခဲ့ရာ မသကၤာဖြယ္ရာတစ္ခုမွမေတြ႔ရွိခဲ့သျဖင့္ ယာဥ္ကို ဆက္လက္စစ္ေဆးခဲ့ၾကရာ၌ စိတ္ၾကြေဆးျပားမ်ားကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ပူးေပါင္းတပ္ဖြဲ႔၀င္ေတြကေန သတင္းအရသြားေရာက္ေစာင့္ဆိုင္းရင္းနဲ႔ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။ ကားရဲ႕ၾကမ္းခင္းအံ၀ွက္အတြင္းထဲမွာ ၀ွက္ၿပီးေတာ့သယ္ေဆာင္လာတဲ့ စိတ္ၾကြရူးသြပ္ေဆးျပားေပါင္း ၈ သိန္းပါ။ တျခားေဆး၀ါးေတြမပါဘူး။တန္ဖိုးအားျဖင့္ကေတာ့ ဒီမွာကေဒသေပါက္ေစ်းက တစ္ျပားကို ၁၀၀၀ က်ပ္လို႔သိရတဲ့အတြက္ မူးယစ္တပ္ဖဲြ႔ဘက္က ခန္႔မွန္းေျခတြက္ခ်က္ထားတာေပါ့။ သိန္းေပါင္း ၈၀၀၀ လို႔ အၾကမ္းဖ်င္းတြက္ခ်က္ထားပါတယ္” ဟု ပင္ေလာင္းၿမိဳ႕မရဲစခန္းမွ ရဲအုပ္တင္ေမာင္လတ္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သည့္ စိတ္ၾကြရႈးသြပ္ေဆးျပားမ်ားကိုစနစ္တက်သိမ္းဆည္းကာ ယာဥ္ေမာင္း စိုင္းေနာ္မိန္း၊ (၂၇ ႏွစ္)ႏွင့္ မနန္းေဖြးစံ၊ (၂၂ ႏွစ္)တို႔ကို မူးယစ္ေဆး၀ါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာ ေဆး၀ါးဆိုင္ရာပုဒ္မျဖင့္အမႈဖြင့္ၿပီး ေနာက္ဆက္တြဲကို စံုစမ္းေနေၾကာင္းသိရသည္။ 
- ဒါးဇ(အကုန္သိသတင္းဌာန) | Source - OoNaingWin

Unicode Version

ပင်လောင်းမြို့၌ ကားအံဝှက်အတွင်း သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်း ဖမ်းဆီးရမိ

ပင်လောင်းမြို့နှင့် နေပြည်တော်သွားကားလမ်းပေါ်၌ ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်လာသောကားတစ်စီးနှင့်အတူ သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့အပိုင် ပင်လောင်း-နေပြည်တော်သွားကားလမ်းလမ်းဆုံ၌ မူးယစ်တပ်ဖွဲ့ဝင်များပါ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်တကွ မေလ ၉ ရက်၊ ယမန်နေ့နံနက် ၅ နာရီခန့်တွင်သတင်းအရ စောင့်ဆိုင်းခဲ့ကြရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ကျောက်တလုံးကြီးမြို့မှ မှော်ဘီ-တုန်ဟုန်းလမ်းဆုံကိုဖြတ်သန်းကာ ပင်လောင်းမြို့သို့ဝင်ရောက်လာသည့် TOYOTA Hilux အမျိုးအစားကိုတားဆီးစစ်ဆေးခဲ့ရာ ကျေးသီးမြို့နယ် ပန်းစယ်ရွာမကျေးရွာနေ စိုင်းနော်မိန်း (၂၇ နှစ်) မောင်းနှင်ပြီး မိုင်းရှူးမြို့နယ်၊ ပန်လော့ကျေးရွာနေ မနန်းဖွေးစံ (၂၂ နှစ်)စီးနင်းလိုက်ပါလာသဖြင့် ၎င်းတို့၏အိတ်ဆောင်များကိုစစ်ဆေးခဲ့ရာ မသင်္ကာဖွယ်ရာတစ်ခုမှမတွေ့ရှိခဲ့သဖြင့် ယာဉ်ကို ဆက်လက်စစ်ဆေးခဲ့ကြရာ၌ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကနေ သတင်းအရသွားရောက်စောင့်ဆိုင်းရင်းနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ကားရဲ့ကြမ်းခင်းအံဝှက်အတွင်းထဲမှာ ဝှက်ပြီးတော့သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၈ သိန်းပါ။ တခြားဆေးဝါးတွေမပါဘူး။တန်ဖိုးအားဖြင့်ကတော့ ဒီမှာကဒေသပေါက်ဈေးက တစ်ပြားကို ၁၀၀၀ ကျပ်လို့သိရတဲ့အတွက် မူးယစ်တပ်ဖွဲ့ဘက်က ခန့်မှန်းခြေတွက်ချက်ထားတာပေါ့။ သိန်းပေါင်း ၈၀၀၀ လို့ အကြမ်းဖျင်းတွက်ချက်ထားပါတယ်” ဟု ပင်လောင်းမြို့မရဲစခန်းမှ ရဲအုပ်တင်မောင်လတ်က အကုန်သိသတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရှုးသွပ်ဆေးပြားများကိုစနစ်တကျသိမ်းဆည်းကာ ယာဉ်မောင်း စိုင်းနော်မိန်း၊ (၂၇ နှစ်)နှင့် မနန်းဖွေးစံ၊ (၂၂ နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာပုဒ်မဖြင့်အမှုဖွင့်ပြီး နောက်ဆက်တွဲကို စုံစမ်းနေကြောင်းသိရသည်။ 
- ဒါးဇ(အကုန်သိသတင်းဌာန)  | Source - OoNaingWin

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။