Skip to main content
သူငယ္ခ်င္းေတြထဲမွာ အသက္ ၄၀၊ ၅၀ အရြယ္ေတြလည္းရွိတယ္ဆိုတဲ့  စိုင္းစိုင္းခမ္းလိုင္
Ads Block

သူငယ္ခ်င္းေတြထဲမွာ အသက္ ၄၀၊ ၅၀ အရြယ္ေတြလည္းရွိတယ္ဆိုတဲ့  စိုင္းစိုင္းခမ္းလိုင္


အသက္ ၄၀ အရြယ္ရွိၿပီျဖစ္တဲ့ စိုင္းစိုင္းခမ္းလိုင္ကေတာ့ အသက္အရြယ္ဆိုတာကို ျပကၡဒိန္ထဲမွာပဲ ထားခ့ဲတယ္လို႔ ထုတ္ေဖာ္ေျပာလာပါတယ္။ 
စိုင္းစိုင္းခမ္းလိုင္ဟာဆိုရင္ ပရိသတ္ေတြရဲ႕အားေပးမႈကို ဆယ္စုႏွစ္တစ္စုေက်ာ္ ရရွိေနခဲ့တာ ျဖစ္ပါတယ္။ 
“ကြ်န္ေတာ့္ကို အခုလိုပရိသတ္ေတြအားေပးေနတာကို ကြ်န္ေတာ္၀မ္းသာတယ္၊ ပီတိလည္းျဖစ္တယ္။ အသက္အရြယ္ကေတာ့ရြယ္တူပဲျဖစ္ျဖစ္၊ ငယ္တာပဲျဖစ္ျဖစ္ ကြ်န္ေတာ္က ကြ်န္ေတာ့္ကိုယ္ကြ်န္ေတာ္လည္း ႀကီးတာေတြ၊ ငယ္တာေတြမရွိဘူး ။ ကၽြန္ေတာ္က အသက္ရြယ္ဆိုတာကို ျပကၡဒိန္မွာပဲ ထားထားတာ ကြ်န္ေတာ့့္သူငယ္ခ်င္းေတြထဲမွာဆိုရင္ ဆယ္ေက်ာ္သက္ေတြလည္းရွိတယ္။ အသက္ ၄၀ ေက်ာ္၊ ၅၀ သမားေတြလည္းရွိတယ္။အဲဒီလိုပဲ ကြ်န္ေတာ့္ပရိသတ္ေတြထဲမွာလည္း ငယ္တာလည္းရွိမယ္။ ႀကီးတာလည္း ရွိမယ္။ ဒါေပမ့ဲဘယ္သူပဲျဖစ္ျဖစ္ စင္ေအာက္မွာကြ်န္ေတာ့္ရဲ႕သီခ်င္းကို နားေထာင္ေနတယ္ဆိုရင္ ဒါဟာ ႀကီးႀကီးငယ္ငယ္ ကြ်န္ေတာ့္ပရိသတ္ပဲ။ တစ္ခုေတာ့ရွိတာေပါ့ေလ။ အသက္ႀကီးၿပီးေတာ့ မခုန္ခ်င္ေတာ့ဘူး ဆိုတ့ဲပရိသတ္ေတြအတြက္ေတာ့ ထိုင္ခုံထားထားေပးရတာေပါ့။ က်န္တာကေတာ့ အားလုံးတူတူပါပဲခင္ဗ်”လို႔ စိုင္းစိုင္ခမ္းလိုင္က ေျပာပါတယ္။ 
ဒါ့အျပင္ ေရးခ့ဲတဲ့သီခ်င္းေအမ်ားစုက ခံစားခ်က္အစစ္အမွန္အေနနဲ႔ပဲ ေရးခ့ဲေပမဲ့ တခ်ိဳ႕အႏုပညာဖန္တီးမႈေတြ မွာေတာ့ inspire ျဖစ္ၿပီးေတာ့ ေရးလိုက္ရတ့ဲ စကားလုံးေတြ ရွိိတယ္လို႔လည္း ဆက္ေျပာပါတယ္။ 
စ္ိုင္းစိုင္းခမ္းလုိင္က ယခုလက္ရွိမွာေတာ့ မႏၱေလးမွာ Show ပြဲလုပ္ဖို႕ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ 

- ေကေက(အကုန္သိသတင္းဌာန)

Unicode Version

သူငယ်ချင်းတွေထဲမှာ အသက် ၄၀၊ ၅၀ အရွယ်တွေလည်းရှိတယ်ဆိုတဲ့  စိုင်းစိုင်းခမ်းလိုင်

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင်ကတော့ အသက်အရွယ်ဆိုတာကို ပြက္ခဒိန်ထဲမှာပဲ ထားခဲ့တယ်လို့ ထုတ်ဖော်ပြောလာပါတယ်။ 
စိုင်းစိုင်းခမ်းလိုင်ဟာဆိုရင် ပရိသတ်တွေရဲ့အားပေးမှုကို ဆယ်စုနှစ်တစ်စုကျော် ရရှိနေခဲ့တာ ဖြစ်ပါတယ်။ 
“ကျွန်တော့်ကို အခုလိုပရိသတ်တွေအားပေးနေတာကို ကျွန်တော်ဝမ်းသာတယ်၊ ပီတိလည်းဖြစ်တယ်။ အသက်အရွယ်ကတော့ရွယ်တူပဲဖြစ်ဖြစ်၊ ငယ်တာပဲဖြစ်ဖြစ် ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော်လည်း ကြီးတာတွေ၊ ငယ်တာတွေမရှိဘူး ။ ကျွန်တော်က အသက်ရွယ်ဆိုတာကို ပြက္ခဒိန်မှာပဲ ထားထားတာ ကျွန်တော့်သူငယ်ချင်းတွေထဲမှာဆိုရင် ဆယ်ကျော်သက်တွေလည်းရှိတယ်။ အသက် ၄၀ ကျော်၊ ၅၀ သမားတွေလည်းရှိတယ်။အဲဒီလိုပဲ ကျွန်တော့်ပရိသတ်တွေထဲမှာလည်း ငယ်တာလည်းရှိမယ်။ ကြီးတာလည်း ရှိမယ်။ ဒါပေမဲ့ဘယ်သူပဲဖြစ်ဖြစ် စင်အောက်မှာကျွန်တော့်ရဲ့သီချင်းကို နားထောင်နေတယ်ဆိုရင် ဒါဟာ ကြီးကြီးငယ်ငယ် ကျွန်တော့်ပရိသတ်ပဲ။ တစ်ခုတော့ရှိတာပေါ့လေ။ အသက်ကြီးပြီးတော့ မခုန်ချင်တော့ဘူး ဆိုတဲ့ပရိသတ်တွေအတွက်တော့ ထိုင်ခုံထားထားပေးရတာပေါ့။ ကျန်တာကတော့ အားလုံးတူတူပါပဲခင်ဗျ”လို့ စိုင်းစိုင်ခမ်းလိုင်က ပြောပါတယ်။ 
ဒါ့အပြင် ရေးခဲ့တဲ့သီချင်းအေများစုက ခံစားချက်အစစ်အမှန်အနေနဲ့ပဲ ရေးခဲ့ပေမဲ့ တချို့အနုပညာဖန်တီးမှုတွေ မှာတော့ inspire ဖြစ်ပြီးတော့ ရေးလိုက်ရတဲ့ စကားလုံးတွေ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။ 
စိုင်းစိုင်းခမ်းလိုင်က ယခုလက်ရှိမှာတော့ မန္တလေးမှာ Show ပွဲလုပ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

- ကေကေ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။