Skip to main content
ႏုိင္ဂ်ီးရီးယားမွာ တ႐ုတ္အင္ဂ်င္နီယာတစ္ဦး မ်ိဳးႏြယ္စုေခါင္းေဆာင္အျဖစ္ တင္ေျမွာက္ခံရ
Ads Block

ႏုိင္ဂ်ီးရီးယားမွာ တ႐ုတ္အင္ဂ်င္နီယာတစ္ဦး မ်ိဳးႏြယ္စုေခါင္းေဆာင္အျဖစ္ တင္ေျမွာက္ခံရ



ႏုိင္ဂ်ီးရီးယားမွာ ေဒသႏၲရဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ စြမ္းေဆာင္ေပးခဲ့တဲ့ တ႐ုတ္လူမ်ိဳးတစ္ဦးကုိ မ်ိဳးႏြယ္စုေခါင္းေဆာင္အျဖစ္ တင္ေျမွာက္လုိက္ၾကေၾကာင္း ဧၿပီ ၈ ရက္ေန႔မွာ သတင္းရရွိပါတယ္။
“ကြန္းေတာင္”အမည္ရွိ တ႐ုတ္ႏုိင္ငံသားဟာ China Civil Engineering Construction Corporation ရဲ႕ ဝန္ထမ္းတစ္ဦးျဖစ္ၿပီး ရထားလမ္းေဖာက္လုပ္ေရး ပေရာဂ်က္အတြက္ အကူအင္ဂ်င္နီယာ ရာထူးျဖင့္ ႏုိင္ဂ်ီးရီးယားသုိ႔ ေရာက္လာခဲ့ပါတယ္။

ႏုိင္ဂ်ီးရီးယားမွာ တ႐ုတ္အင္ဂ်င္နီယာတစ္ဦး မ်ိဳးႏြယ္စုေခါင္းေဆာင္အျဖစ္ တင္ေျမွာက္ခံရ


၄င္းဦးေဆာင္တဲ့အဖြဲ႕ဟာ ၉ ႏွစ္အခ်ိန္အတြင္း ရထားလမ္း ၂ ခု ေဖာက္လုပ္ေပးႏုိင္တဲ့အျပင္ ေဒသခံေတြ အတြက္ လမ္း ၂ လမ္းကုိလည္း ျပဳျပင္ေပးခဲ့ၿပီး ေက်ာင္းတစ္ေက်ာင္းနဲ႔ ေဘာလုံးကြင္းငယ္တစ္ခုကုိလည္း ေဆာက္ေပးခဲ့ပါတယ္။
ထုိသုိ႔ဖြံ႕ၿဖိဳးတုိးတက္ေစခဲ့တဲ့အျပင္ တ႐ုတ္ပေရာဂ်က္ေၾကာင့္ အလုပ္အကုိင္အခြင့္အလမ္းေတြ ေပၚထြက္လာခဲ့တဲ့အေပၚ ေက်းဇူးတင္ေၾကာင္း ေဖၚျပသည့္အေနျဖင့္ ယခင္လမွာ ၿမိဳ႕ေတာ္အဘူဂ်ာ ဂ်ီဝါၿမိဳ႕နယ္ရဲ႕ မ်ိဳးႏြယ္စုေခါင္းေဆာင္ေဟာင္းက ၄င္းရဲ႕အ႐ုိက္အရာကုိ ကြန္းေတာင္အား လႊဲေျပာင္း ေပးခဲ့ပါတယ္။

ႏုိင္ဂ်ီးရီးယားမွာ တ႐ုတ္အင္ဂ်င္နီယာတစ္ဦး မ်ိဳးႏြယ္စုေခါင္းေဆာင္အျဖစ္ တင္ေျမွာက္ခံရ


မ်ိဳးႏြယ္စုေခါင္းေဆာင္ အ႐ုိက္အရာကုိ တစ္သက္တာအတြက္ ရရွိခဲ့ေပမယ့္ ေဒသႏၲရ အေရးကိစၥေတြမွာ ဝင္ေရာက္ျခယ္လွယ္မွာမဟုတ္ဘူးလုိ႔ ကြန္းေတာင္က ေျပာၾကားခဲ့ပါတယ္။
၄င္းဟာ ႏုိင္ဂ်ီးရီးယားမွာ မ်ိဳးႏြယ္စုေခါင္းေဆာင္ တင္ေျမွာက္ခံရတဲ့ တတိယေျမာက္ တ႐ုတ္ႏုိင္ငံသား ျဖစ္ပါတယ္။ ယခင္မွာ တ႐ုတ္အစုိးရပုိင္ေဆာက္လုပ္ေရးလုပ္ငန္းစု CGCOC ရဲ႕ ဝန္ထမ္းတစ္ဦးနဲ႔ ေက်ာင္းဆရာေဟာင္း ပုဂၢလိကစီးပြားေရးလုပ္ငန္းရွင္တစ္ဦးကုိလည္း အလားတူတင္ေျမွာက္ ခဲ့ဖူးပါတယ္။

ZHO (အကုန္သိ သတင္းဌာန) (Ref : SouthChinaMorningPost)

Unicode Version

နိုင်ဂျီးရီးယားမှာ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ပေးခဲ့တဲ့ တရုတ်လူမျိုးတစ်ဦးကို မျိုးနွယ်စုခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ကြကြောင်း ဧပြီ ၈ ရက်နေ့မှာ သတင်းရရှိပါတယ်။
“ကွန်းတောင်”အမည်ရှိ တရုတ်နိုင်ငံသားဟာ China Civil Engineering Construction Corporation ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရထားလမ်းဖောက်လုပ်ရေး ပရောဂျက်အတွက် အကူအင်ဂျင်နီယာ ရာထူးဖြင့် နိုင်ဂျီးရီးယားသို့ ရောက်လာခဲ့ပါတယ်။
၎င်းဦးဆောင်တဲ့အဖွဲ့ဟာ ၉ နှစ်အချိန်အတွင်း ရထားလမ်း ၂ ခု ဖောက်လုပ်ပေးနိုင်တဲ့အပြင် ဒေသခံတွေ အတွက် လမ်း ၂ လမ်းကိုလည်း ပြုပြင်ပေးခဲ့ပြီး ကျောင်းတစ်ကျောင်းနဲ့ ဘောလုံးကွင်းငယ်တစ်ခုကိုလည်း ဆောက်ပေးခဲ့ပါတယ်။
ထိုသို့ဖွံ့ဖြိုးတိုးတက်စေခဲ့တဲ့အပြင် တရုတ်ပရောဂျက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ထွက်လာခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း ဖေါ်ပြသည့်အနေဖြင့် ယခင်လမှာ မြို့တော်အဘူဂျာ ဂျီဝါမြို့နယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်ဟောင်းက ၎င်းရဲ့အရိုက်အရာကို ကွန်းတောင်အား လွှဲပြောင်း ပေးခဲ့ပါတယ်။
မျိုးနွယ်စုခေါင်းဆောင် အရိုက်အရာကို တစ်သက်တာအတွက် ရရှိခဲ့ပေမယ့် ဒေသန္တရ အရေးကိစ္စတွေမှာ ဝင်ရောက်ခြယ်လှယ်မှာမဟုတ်ဘူးလို့ ကွန်းတောင်က ပြောကြားခဲ့ပါတယ်။
၎င်းဟာ နိုင်ဂျီးရီးယားမှာ မျိုးနွယ်စုခေါင်းဆောင် တင်မြှောက်ခံရတဲ့ တတိယမြောက် တရုတ်နိုင်ငံသား ဖြစ်ပါတယ်။ ယခင်မှာ တရုတ်အစိုးရပိုင်ဆောက်လုပ်ရေးလုပ်ငန်းစု CGCOC ရဲ့ ဝန်ထမ်းတစ်ဦးနဲ့ ကျောင်းဆရာဟောင်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကိုလည်း အလားတူတင်မြှောက် ခဲ့ဖူးပါတယ်။

- ZHO (အကုန်သိ သတင်းဌာန) (Ref : SouthChinaMorningPost)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။