Skip to main content
တီက်စ္ေက်ာက္မီးေသြးစက္ရံု ငွားရမ္းခ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၁.၁၈ သန္း အစိုးရသို႔ ေပးေဆာင္ရ
Ads Block

တီက်စ္ေက်ာက္မီးေသြးစက္ရံု ငွားရမ္းခ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၁.၁၈ သန္း အစိုးရသို႔ ေပးေဆာင္ရ


ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္တင္းရန္အတြက္ ယခင္ရပ္နားထားခဲ့သည့္ တီက်စ္ေက်ာက္မီးေသြး စက္ရံု ကို ပုဂၢလိက ကုမၸဏီသို႔ ႏွစ္ရွည္ငွားရမ္းခြင့္ျပဳခဲ့ရာမွ ငွားရမ္းခ အေနျဖင့္ ကန္ေဒၚလာ ၁.၁၈ သန္း အစိုးရသို႔ ေပးေဆာင္ရ ေၾကာင္း Wuxi Hua Guang Electric Power Engineering ကုမၸဏီလီမိတက္မွ သိရသည္။

တီက်စ္ေက်ာက္မီးေသြးစက္ရံု ငွားရမ္းခ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၁.၁၈ သန္း အစိုးရသို႔ ေပးေဆာင္ရ


ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္ေလာင္းၿမိဳ႕နယ္၊ ျပင္သစ္ရြာအနီးတြင္ တီက်စ္ေက်ာက္မီးေသြးသံုးေရေႏြးေငြ႔ဓာတ္အားေပးစက္ရံု ကို အစိုးရမွ ေဆာင္ရြက္ခဲ့ၿပီး ခြ်တ္ယြင္းမႈမ်ားေၾကာင့္ လံုးဝရပ္တန္႔ထားသည့္အေနအထားမွ ၂၀၁၅ ခုႏွစ္တြင္ ပုဂၢလိက ကုမၸဏီ တစ္ခုသို႔ ႏွစ္ရွည္ငွားရမ္းခြင့္ျဖင့္ လုပ္ကိုင္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။ 
လက္ရွိတြင္ တာဘိုင္(၂) လံုးျဖင့္ လည္ပတ္ေနၿပီး ေန႔စဥ္ စက္တစ္လံုးလွ်င္ မဂၢါဝပ္ (၁၀၀၀) ႏိုင္ငံေတာ္အဆင့္ ထုတ္ေပး ေနေၾကာင္း သိရသည္။
“ဒီေက်ာက္မီးေသြးစက္ရံုဟာ ၂ ႏွစ္တာလည္ပတ္ၿပီး မဂၢါဝပ္ ၂၀၊ ၃၀ သာ ထုတ္လုပ္ႏိုင္ခဲ့လို႔ ရပ္ဆိုင္းထားခဲ့ရပါတယ္။ အခု လက္ရွိမွာ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ မရွိ္ေအာင္ ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းအတိုင္း ေဆာင္ရြက္ပါတယ္။ အရင္ထြက္ရွိတဲ့ မဂၢါဝပ္ထက္ ၁၀၀၀ မဂၢါဝပ္ထြက္ေအာင္ ကုမၸဏီအေနနဲ႔ ေဆာင္ရြက္ခဲ့ပါတယ္။ ေဒသခံေတြဘက္ကလည္း ေစာင့္ၾကည့္ပါ။ သတ္မွတ္ခ်က္ထက္ေက်ာ္လြန္ရင္ ရပ္ဆိုင္းတဲ့အထိ ေဆာင္ရြက္မယ္”ဟု အင္ဂ်င္နီယာခ်ဳပ္ ဦးစိုးဝင္းက ေျပာ သည္။
ေက်ာက္မီးေသြး သတၳဳတြင္း စတင္တူးေဖာ္သည့္အခ်ိန္ ၂၀၁၃ ခုႏွစ္တြင္ မိုင္းတြင္းႏွင့္ မလြတ္ကင္းသည့္ ေတာင္လပို႔ႏွင့္ လိုင္ခါး ေက်းရြာ ၂ရြာရွိ လူဦးေရ ၄၀၀ ေက်ာ္ အိမ္ေထာင္စု ၇၀ ေက်ာ္ခန္႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့ရၿပီး တီက်စ္ေဒသ ေက်ာက္မီးေသြး သတၳဳတြင္းတူးေဖာ္မႈႏွင့္ လွ်ပ္စစ္ ဓာတ္အားေပးစက္႐ံုမွ လူထုအေပၚ ဆိုးက်ဳိးသက္ေရာက္မႈမ်ား ရိွလာႏိုင္င့ေၾကာင္း ေလ့လာသံုး သပ္မႈမ်ားလည္း ရိွေနသည္။
တီက်စ္ေက်ာက္မီးေသြး သတၳဳတြင္းမွာ မ်က္ႏွာျပင္ ဧက ၅၀၀ အထိ က်ယ္ဝန္းေသာ ျမန္မာနိုင္ငံ၏ အႀကီးဆံုး အပြင့္ေက်ာက္မီး ေသြးတြင္း ျဖစ္ၿပီး ေန႔စဥ္ ေက်ာက္မီးေသြး တန္ခ်ိန္ ၂,၀၀၀ ခန္႔ ထုတ္လုပ္ေနသည့္ ေက်ာက္မီးေသြး တြင္းျဖစ္ေၾကာင္း သိရသည္။
စက္႐ံုမွ ကာဗြန္ဒိုင္ေအာက္ဆိုက္မ်ား ထြက္ျခင္း၊ ဖန္လံုအိမ္ဓာတ္ေငြ႔မ်ားထြက္ျခင္းႏွင့္ အဆိပ္ဓာတ္ေငြ႔မ်ားထြက္ျခင္းတို႔ေၾကာင့္ ျပည္သူလူထု၏ က်န္းမာေရးကို ထိခိုက္ေစသည့္အျပင္ ေက်ာက္မီးေသြးတူးေဖာ္ျခင္းေၾကာင့္ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစ ႏိုင္ေၾကာင္း သဘာဝပတ္ဝန္းက်င္ဆိုင္ရာ သံုးသပ္သူမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

တီကျစ်ကျောက်မီးသွေးစက်ရုံ ငှားရမ်းခ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁.၁၈ သန်း အစိုးရသို့ ပေးဆောင်ရ

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ယခင်ရပ်နားထားခဲ့သည့် တီကျစ်ကျောက်မီးသွေး စက်ရုံ ကို ပုဂ္ဂလိက ကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်းခွင့်ပြုခဲ့ရာမှ ငှားရမ်းခ အနေဖြင့် ကန်ဒေါ်လာ ၁.၁၈ သန်း အစိုးရသို့ ပေးဆောင်ရ ကြောင်း Wuxi Hua Guang Electric Power Engineering ကုမ္ပဏီလီမိတက်မှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပြင်သစ်ရွာအနီးတွင် တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ကို အစိုးရမှ ဆောင်ရွက်ခဲ့ပြီး ချွတ်ယွင်းမှုများကြောင့် လုံးဝရပ်တန့်ထားသည့်အနေအထားမှ ၂၀၁၅ ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ နှစ်ရှည်ငှားရမ်းခွင့်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ 
လက်ရှိတွင် တာဘိုင်(၂) လုံးဖြင့် လည်ပတ်နေပြီး နေ့စဉ် စက်တစ်လုံးလျှင် မဂ္ဂါဝပ် (၁၀၀၀) နိုင်ငံတော်အဆင့် ထုတ်ပေး နေကြောင်း သိရသည်။
“ဒီကျောက်မီးသွေးစက်ရုံဟာ ၂ နှစ်တာလည်ပတ်ပြီး မဂ္ဂါဝပ် ၂၀၊ ၃၀ သာ ထုတ်လုပ်နိုင်ခဲ့လို့ ရပ်ဆိုင်းထားခဲ့ရပါတယ်။ အခု လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် နိုင်ငံတော်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ပါတယ်။ အရင်ထွက်ရှိတဲ့ မဂ္ဂါဝပ်ထက် ၁၀၀၀ မဂ္ဂါဝပ်ထွက်အောင် ကုမ္ပဏီအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒေသခံတွေဘက်ကလည်း စောင့်ကြည့်ပါ။ သတ်မှတ်ချက်ထက်ကျော်လွန်ရင် ရပ်ဆိုင်းတဲ့အထိ ဆောင်ရွက်မယ်”ဟု အင်ဂျင်နီယာချုပ် ဦးစိုးဝင်းက ပြော သည်။
ကျောက်မီးသွေး သတ္ထုတွင်း စတင်တူးဖော်သည့်အချိန် ၂၀၁၃ ခုနှစ်တွင် မိုင်းတွင်းနှင့် မလွတ်ကင်းသည့် တောင်လပို့နှင့် လိုင်ခါး ကျေးရွာ ၂ရွာရှိ လူဦးရေ ၄၀၀ ကျော် အိမ်ထောင်စု ၇၀ ကျော်ခန့် ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး တီကျစ်ဒေသ ကျောက်မီးသွေး သတ္ထုတွင်းတူးဖော်မှုနှင့် လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လူထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်င့ကြောင်း လေ့လာသုံး သပ်မှုများလည်း ရှိနေသည်။
တီကျစ်ကျောက်မီးသွေး သတ္ထုတွင်းမှာ မျက်နှာပြင် ဧက ၅၀၀ အထိ ကျယ်ဝန်းသော မြန်မာနိုင်ငံ၏ အကြီးဆုံး အပွင့်ကျောက်မီး သွေးတွင်း ဖြစ်ပြီး နေ့စဉ် ကျောက်မီးသွေး တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်နေသည့် ကျောက်မီးသွေး တွင်းဖြစ်ကြောင်း သိရသည်။
စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုက်များ ထွက်ခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့များထွက်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့များထွက်ခြင်းတို့ကြောင့် ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် ကျောက်မီးသွေးတူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေ နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်သူများ၏ ပြောကြားချက်အရ သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။