Skip to main content
“ျပႆနာ” ရုပ္ရွင္က ဘုရားရွိခိုးနည္းရိုက္တာမဟုတ္ဘူးလို႔ ဇာဂနာ ေျပာၿပီ 
Ads Block

“ျပႆနာ” ရုပ္ရွင္က ဘုရားရွိခိုးနည္းရိုက္တာမဟုတ္ဘူးလို႔ ဇာဂနာ ေျပာၿပီ 


“ ျပႆနာ” ရွပ္ရွင္ဇာတ္ကားက ဘုရားရွိခိုးနည္းရိုက္တာမဟုတ္ဘူးလို႔ ဇာဂနာက ေျပာလိုက္ပါတယ္။
အဲဒီရုပ္ရွင္ဇာတ္ကားထဲက ဘုရားရွိခိုးတဲ့ဇာတ္၀င္ခန္းဟာ ဘုရားရွိခိုးနည္းမွားတယ္ဆိုၿပီး သာသနာေရးက ျဖတ္ေတာက္လိုက္တဲ့အေပၚ အခုလို ေျပာလုိက္တာျဖစ္ပါတယ္။

“ျပႆနာ” ရုပ္ရွင္က ဘုရားရွိခိုးနည္းရိုက္တာမဟုတ္ဘူးလို႔ ဇာဂနာ ေျပာၿပီ 


“ တကယ္က ကၽြန္ေတာ္လည္းေသခ်ာမသိဘူး။ ျပဳတ္သြားေတာ့ ကိုမီးပြား ကၽြန္ေတာ္ကိုလာေျပာေတာ့မွ သိရတာပါ။ သာသနာေရးကကန္႔ကြက္လို႔ဆိုၿပီးေျပာတယ္။ အဲဒါကလည္းကန္႔ကြက္ခ်င္ကန္႔ကြက္မွာေပါ့။ ကန္႔ကြက္ခြင့္ရွိပါတယ္။ ကၽြန္ေတာ္တို႔ကလည္းသာသနာကိုေလွာင္ၿပီးေတာ့၊ ေျပာင္ၿပီးေတာ့ လုပ္တာ မဟုတ္ပါဘူး။ ဘုရားစင္ေရွ႕တည့္တည့္မွာ ကၽြန္ေတာ္တို႔ကအလုပ္လုပ္တာ။ သူတို႔ကေျပာတာေတာ့ ဗုဒၶဘာသာမွာ အရင္ဆံုး ၾသဂါသဆိုရမယ္။ အဲဒါ ကၽြန္ေတာ္လည္းမၾကားဖူးဘူး။ သူတို႔ေျပာတာပဲ။ အဲဒါၿပီးရင္ ရတနာသံုးပါးဘယ္လုိရွိခိုးရမယ္။ အဲဒါကၽြန္ေတာ္တို႔ကဘုရားရွိခိုးနည္းရိုက္တဲ့ကားမွမဟုတ္တာ။ ကၽြန္ေတာ့္ဘာသာကၽြန္ေတာ္တို႔ေရာက္တာနဲ႔ တစ္ၿပိဳင္နက္ ဗုဒၶသာသနံစိရံ တိ႒တုဆိုၿပီးေကာက္ရြတ္တာ။ အဲဒါရုပ္ရွင္ေလ။ သူတို႔ကရုပ္ရွင္လိုမၾကည့္ဘဲနဲ႔ ဘာသာေရးရႈေထာင့္ကေနပဲ ၾကည့္တဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔က ဘာသာတရားလည္းေစာ္ကားေနတာမဟုတ္ဘူး။ ဘုရားစာလည္း ျဖတ္ဆိုေနတာမဟုတ္ဘူး။ ဒါေပမယ့္မတတ္ႏိုင္ဘူး။ သူတို႔ျဖဳတ္လိုက္တယ္” လို႔ေျပာပါတယ္။ 

“ျပႆနာ” ရုပ္ရွင္က ဘုရားရွိခိုးနည္းရိုက္တာမဟုတ္ဘူးလို႔ ဇာဂနာ ေျပာၿပီ 


“ျပႆနာ” ရုပ္ရွင္ဟာ သားမက္ကိုအရမ္းခ်စ္တဲ့ေယာကၡမနဲ႔ ေယာက္်ားကို အရမ္းခ်စ္တဲ့မိန္းမတို႔အၾကား ျပႆနာတက္ၾကပံုေတြကို ဇာတ္လမ္းအျဖစ္ရိုက္ကူးထားတာျဖစ္တယ္လုိ႔သိရပါတယ္။
ဒီရုပ္ရွင္မွာ သရုပ္ေဆာင္ေတြအျဖစ္ ေနတိုး၊ ဇာဂနာ၊ ခင္လိႈင္၊ ဒိန္းေဒါင္၊ စိုးျမတ္သူဇာ၊ စိုးျပည့္သဇင္၊ ယဥ္လက္ ေရႊပိုးအိမ္တို႔အျပင္ အျခားသရုပ္ေဆာင္မ်ားစြာ ပါ၀င္ၾကပါတယ္။ 

- သိမ့္ေအးခ်မ္း(အကုန္သိသတင္းဌာန)

Unicode Version

“ပြဿနာ” ရုပ်ရှင်က ဘုရားရှိခိုးနည်းရိုက်တာမဟုတ်ဘူးလို့ ဇာဂနာ ပြောပြီ 

“ ပြဿနာ” ရှပ်ရှင်ဇာတ်ကားက ဘုရားရှိခိုးနည်းရိုက်တာမဟုတ်ဘူးလို့ ဇာဂနာက ပြောလိုက်ပါတယ်။
အဲဒီရုပ်ရှင်ဇာတ်ကားထဲက ဘုရားရှိခိုးတဲ့ဇာတ်ဝင်ခန်းဟာ ဘုရားရှိခိုးနည်းမှားတယ်ဆိုပြီး သာသနာရေးက ဖြတ်တောက်လိုက်တဲ့အပေါ် အခုလို ပြောလိုက်တာဖြစ်ပါတယ်။
“ တကယ်က ကျွန်တော်လည်းသေချာမသိဘူး။ ပြုတ်သွားတော့ ကိုမီးပွား ကျွန်တော်ကိုလာပြောတော့မှ သိရတာပါ။ သာသနာရေးကကန့်ကွက်လို့ဆိုပြီးပြောတယ်။ အဲဒါကလည်းကန့်ကွက်ချင်ကန့်ကွက်မှာပေါ့။ ကန့်ကွက်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ကလည်းသာသနာကိုလှောင်ပြီးတော့၊ ပြောင်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ဘုရားစင်ရှေ့တည့်တည့်မှာ ကျွန်တော်တို့ကအလုပ်လုပ်တာ။ သူတို့ကပြောတာတော့ ဗုဒ္ဓဘာသာမှာ အရင်ဆုံး သြဂါသဆိုရမယ်။ အဲဒါ ကျွန်တော်လည်းမကြားဖူးဘူး။ သူတို့ပြောတာပဲ။ အဲဒါပြီးရင် ရတနာသုံးပါးဘယ်လိုရှိခိုးရမယ်။ အဲဒါကျွန်တော်တို့ကဘုရားရှိခိုးနည်းရိုက်တဲ့ကားမှမဟုတ်တာ။ ကျွန်တော့်ဘာသာကျွန်တော်တို့ရောက်တာနဲ့ တစ်ပြိုင်နက် ဗုဒ္ဓသာသနံစိရံ တိဋ္ဌတုဆိုပြီးကောက်ရွတ်တာ။ အဲဒါရုပ်ရှင်လေ။ သူတို့ကရုပ်ရှင်လိုမကြည့်ဘဲနဲ့ ဘာသာရေးရှုထောင့်ကနေပဲ ကြည့်တဲ့အခါကျတော့ ကျွန်တော်တို့က ဘာသာတရားလည်းစော်ကားနေတာမဟုတ်ဘူး။ ဘုရားစာလည်း ဖြတ်ဆိုနေတာမဟုတ်ဘူး။ ဒါပေမယ့်မတတ်နိုင်ဘူး။ သူတို့ဖြုတ်လိုက်တယ်” လို့ပြောပါတယ်။ 
“ပြဿနာ” ရုပ်ရှင်ဟာ သားမက်ကိုအရမ်းချစ်တဲ့ယောက္ခမနဲ့ ယောက်ျားကို အရမ်းချစ်တဲ့မိန်းမတို့အကြား ပြဿနာတက်ကြပုံတွေကို ဇာတ်လမ်းအဖြစ်ရိုက်ကူးထားတာဖြစ်တယ်လို့သိရပါတယ်။
ဒီရုပ်ရှင်မှာ သရုပ်ဆောင်တွေအဖြစ် နေတိုး၊ ဇာဂနာ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ယဉ်လက် ရွှေပိုးအိမ်တို့အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်ကြပါတယ်။ 

- သိမ့်အေးချမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။