Skip to main content
ၾကက္ကူးစက္ေရာဂါ ကာကြယ္ႏိုင္ရန္ ေရာဂါပိုးအလိုက္ ေဆးဝါးမ်ားကို ညႊန္ၾကားေစလို
Ads Block

ၾကက္ကူးစက္ေရာဂါ ကာကြယ္ႏိုင္ရန္ ေရာဂါပိုးအလိုက္ ေဆးဝါးမ်ားကို ညႊန္ၾကားေစလို


ၾကက္မ်ားတြင္ ျဖစ္ပြားေလ့ရွိသည့္ ကူးစက္ေရာဂါမ်ားကို ကာကြယ္ႏိုင္ရန္ ေရာဂါပိုးအလိုက္ အသံုးျပဳသင့္သည့္ ေဆးဝါးမ်ားကို ညႊန္ၾကားေစလိုေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေမြးျမဴေရးလုပ္ငန္းအဖြဲ႕ဒုတိယဥကၠ႒ ေဒါက္တာညႊန္႔ေရႊက ေျပာသည္။ 
ၾကက္ေမြးျမဴရာတြင္ ကူးစက္ေရာဂါမျဖစ္ေစရန္ ကာကြယ္ေဆးထုိးျခင္း၊ ပညာရွင္မ်ားမွ သင္တန္းေပးျခင္းတို႔ ေဆာင္ရြက္ၾက ေသာ္လည္း ရံဖန္ရံခါ ၾကက္မ်ားတြင္ ကူးစက္ေရာဂါမ်ား ျဖစ္ပြားတတ္ေၾကာင္း သိရသည္။ 
ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ပညာရွင္မ်ား၊ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕မွ ပညာရွင္မ်ားႏွင့္ ေမြးျမဴေရး လုပ္ငန္းအဖြဲ႕ဝင္မ်ား ပူးေပါင္းၿပီး တစ္ႏွစ္လွ်င္ေသာ္လည္းေကာင္း၊ ႏွစ္ႏွစ္လွ်င္ေသာ္လည္းေကာင္း ေရာဂါပိုးမႊားမ်ားအား ခြဲျခားေဖာ္ထုတ္ကာ ေရာဂါပိုး အလိုက္ အသံုးျပဳသင့္သည့္ ေဆးဝါးမ်ားကို ညႊန္ၾကားေစလိုေၾကာင္း ၄င္းက ဆိုသည္။ 

“ေမြးျမဴေရးလုပ္ငန္းမွာ အခက္အခဲေတြက ရွိပါတယ္။ သုိ႔ေသာ္လည္း ေၾကာက္စရာအေကာင္းဆံုးက ကူးစက္ ေရာဂါလို႔ ထင္ပါ တယ္။ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ဖို႔ ဇီဝလံုၿခံဳမႈက ေကာင္းတယ္ဆိုၾကလို႔ ဇီဝလံုၿခံဳမႈ ေကာင္းေကာင္းလုပ္ေသာ္လည္း ေရာဂါက ေတာ့ ျဖစ္ေနဆဲ၊ ေၾကာက္လန္႔ေနရဆဲပါပဲ။ ဒီကိစၥေတြက ဘာေၾကာင့္လဲ။ ထိန္းခ်ဳပ္လို႔မရလို႔လား။ ကာကြယ္ေဆး သံုးစြဲနည္း လြဲ မွားေနလား။ ၾကက္ေတြက ထုတ္လုပ္ႏိုင္စြမ္း မရွိေအာင္ ဖိအားေတြ ရွိေနတာလား။ ေမးခြန္းေပါင္းမ်ားစြာေမးရမယ့္ အေနအ ထားျဖစ္ ေနပါတယ္။ ဒီေရာဂါပိုး ေတြကို ရွာေဖြၿပီးေတာ့ ဘယ္ကာကြယ္ေဆးနဲ႔ ျဖစ္မလဲဆိုတာ မွတ္ခ်က္ ျပဳေပးေစခ်င္ ပါတယ္။ နီးစပ္ရာ၊ ရွိရာ ကာကြယ္ေဆးေတြကို သံုးစြဲေနမယ္ဆိုရင္ ဘယ္အခ်ိန္မွာ စီးပြားေရးက အကုန္လံုးျပဳတ္က် သြားတာ လည္း ျဖစ္ႏိုင္တယ္” ဟု ေဒါက္တာညႊန္႔ေရႊက ဆိုသည္။ 
ၾကက္မ်ားတြင္ ကူးစက္ေရာဂါမ်ားျဖစ္ပြားပါက ၾကက္ေမြးျမဴေရးေစ်းကြက္မ်ား ပ်က္ဆီးျခင္း၊ ေမြးျမဴေရးလုပ္ငန္း ရွင္မ်ားတြင္ စီးပြားေရးအရ နစ္နာဆံုးရံႈးျခင္းမ်ား ျဖစ္ပြားေလ့ရွိေၾကာင္း ၄င္းကဆိုသည္။ 
ယင္းကဲ့သို႔ ၾကက္ေမြးျမဴေရးလုပ္ငန္းကို ေျခာက္လွန္႔ေနေသာ ကူးစက္ေရာဂါအား ထိန္းခ်ဳပ္ကာကြယ္ႏိုင္ပါက မႈန္ဝါးေနသည့္ ေမြးျမဴေရးက႑ႀကီးသည္ ဖြံ႕ၿဖိဳးတိုးတက္လာႏိုင္သျဖင့္ စီးပြားေရးလုပ္ငန္းမ်ား ေအာင္ျမင္ေစမည္ျဖစ္ေၾကာင္း ေမြးျမဴေရးလုပ္ ငန္းရွင္မ်ားက ေျပာၾကားသည္။ 
ၾကက္မ်ားတြင္ ျဖစ္ပြားေလ့ရွိသည့္ ေရာဂါပိုးအမ်ားစုသည္ ၾကက္ငွက္တုတ္ေကြးေရာဂါ၊ IC, IB, ILT, Mycoplasma စသည္ တို႔ျဖစ္ၿပီး ေရာဂါပိုးတစ္မ်ိဳးမ်ိဳးဝင္ေရာက္ထားပါကလည္း အလြန္ကူးစက္ျမန္ေသာေၾကာင့္ ေနာက္ဆက္တြဲေရာဂါပိုးမ်ား ဆက္လက္ဝင္ေရာက္ျဖစ္ပြားေလ့ရွိေၾကာင္း ပညာရွင္မ်ားထံမွ သိရ သည္။ 

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode Version

ကြက်ကူးစက်ရောဂါ ကာကွယ်နိုင်ရန် ရောဂါပိုးအလိုက် ဆေးဝါးများကို ညွှန်ကြားစေလို

ကြက်များတွင် ဖြစ်ပွားလေ့ရှိသည့် ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန် ရောဂါပိုးအလိုက် အသုံးပြုသင့်သည့် ဆေးဝါးများကို ညွှန်ကြားစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ ဒေါက်တာညွှန့်ရွှေက ပြောသည်။ 
ကြက်မွေးမြူရာတွင် ကူးစက်ရောဂါမဖြစ်စေရန် ကာကွယ်ဆေးထိုးခြင်း၊ ပညာရှင်များမှ သင်တန်းပေးခြင်းတို့ ဆောင်ရွက်ကြ သော်လည်း ရံဖန်ရံခါ ကြက်များတွင် ကူးစက်ရောဂါများ ဖြစ်ပွားတတ်ကြောင်း သိရသည်။ 
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပညာရှင်များ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့မှ ပညာရှင်များနှင့် မွေးမြူရေး လုပ်ငန်းအဖွဲ့ဝင်များ ပူးပေါင်းပြီး တစ်နှစ်လျှင်သော်လည်းကောင်း၊ နှစ်နှစ်လျှင်သော်လည်းကောင်း ရောဂါပိုးမွှားများအား ခွဲခြားဖော်ထုတ်ကာ ရောဂါပိုး အလိုက် အသုံးပြုသင့်သည့် ဆေးဝါးများကို ညွှန်ကြားစေလိုကြောင်း ၎င်းက ဆိုသည်။ 

“မွေးမြူရေးလုပ်ငန်းမှာ အခက်အခဲတွေက ရှိပါတယ်။ သို့သော်လည်း ကြောက်စရာအကောင်းဆုံးက ကူးစက် ရောဂါလို့ ထင်ပါ တယ်။ ကူးစက်ရောဂါ ထိန်းချုပ်ဖို့ ဇီဝလုံခြုံမှုက ကောင်းတယ်ဆိုကြလို့ ဇီဝလုံခြုံမှု ကောင်းကောင်းလုပ်သော်လည်း ရောဂါက တော့ ဖြစ်နေဆဲ၊ ကြောက်လန့်နေရဆဲပါပဲ။ ဒီကိစ္စတွေက ဘာကြောင့်လဲ။ ထိန်းချုပ်လို့မရလို့လား။ ကာကွယ်ဆေး သုံးစွဲနည်း လွဲ မှားနေလား။ ကြက်တွေက ထုတ်လုပ်နိုင်စွမ်း မရှိအောင် ဖိအားတွေ ရှိနေတာလား။ မေးခွန်းပေါင်းများစွာမေးရမယ့် အနေအ ထားဖြစ် နေပါတယ်။ ဒီရောဂါပိုး တွေကို ရှာဖွေပြီးတော့ ဘယ်ကာကွယ်ဆေးနဲ့ ဖြစ်မလဲဆိုတာ မှတ်ချက် ပြုပေးစေချင် ပါတယ်။ နီးစပ်ရာ၊ ရှိရာ ကာကွယ်ဆေးတွေကို သုံးစွဲနေမယ်ဆိုရင် ဘယ်အချိန်မှာ စီးပွားရေးက အကုန်လုံးပြုတ်ကျ သွားတာ လည်း ဖြစ်နိုင်တယ်” ဟု ဒေါက်တာညွှန့်ရွှေက ဆိုသည်။ 
ကြက်များတွင် ကူးစက်ရောဂါများဖြစ်ပွားပါက ကြက်မွေးမြူရေးဈေးကွက်များ ပျက်ဆီးခြင်း၊ မွေးမြူရေးလုပ်ငန်း ရှင်များတွင် စီးပွားရေးအရ နစ်နာဆုံးရှုံးခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း ၎င်းကဆိုသည်။ 
ယင်းကဲ့သို့ ကြက်မွေးမြူရေးလုပ်ငန်းကို ခြောက်လှန့်နေသော ကူးစက်ရောဂါအား ထိန်းချုပ်ကာကွယ်နိုင်ပါက မှုန်ဝါးနေသည့် မွေးမြူရေးကဏ္ဍကြီးသည် ဖွံ့ဖြိုးတိုးတက်လာနိုင်သဖြင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်စေမည်ဖြစ်ကြောင်း မွေးမြူရေးလုပ် ငန်းရှင်များက ပြောကြားသည်။ 
ကြက်များတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါပိုးအများစုသည် ကြက်ငှက်တုတ်ကွေးရောဂါ၊ IC, IB, ILT, Mycoplasma စသည် တို့ဖြစ်ပြီး ရောဂါပိုးတစ်မျိုးမျိုးဝင်ရောက်ထားပါကလည်း အလွန်ကူးစက်မြန်သောကြောင့် နောက်ဆက်တွဲရောဂါပိုးများ ဆက်လက်ဝင်ရောက်ဖြစ်ပွားလေ့ရှိကြောင်း ပညာရှင်များထံမှ သိရ သည်။ 

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။