Skip to main content
အဆိုေတာ္ အစၥဏီအေနျဖင့္ မွားေၾကာင္း ၀န္ခံလွ်င္ ေျပလည္သြားႏိုင္ဖြယ္ေၾကာင္း စူးရွထက္ဖြင့္ဟ
Ads Block

အဆိုေတာ္ အစၥဏီအေနျဖင့္ မွားေၾကာင္း ၀န္ခံလွ်င္ ေျပလည္သြားႏိုင္ဖြယ္ေၾကာင္း စူးရွထက္ဖြင့္ဟ


အဓမၼျပဳက်င့္၍ ထိခိုက္ဒဏ္ရာရရွိေအာင္ ျပဳလုပ္ခဲ့မႈျဖင့္ တရားရင္ဆိုင္ေနရေသာ အဆိုေတာ္အစၥဏီ အေနျဖင့္ မွားယြင္း ေၾကာင္း ၀န္ခံမည္ဆိုပါက လက္ရိွျဖစ္ပြားေနသည့္အမႈမွာ ေျပလည္သြားႏိုင္ဖြယ္ရိွေၾကာင္း တရားလိုေမာ္ဒယ္စူးရွထက္က ေျပာသည္။
အဆိုေတာ္အစၥဏီသည္ ေမာ္ဒယ္စူး႐ွထက္(ခ)မဇာျခည္ေဌးအား ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၁၂ ရက္၊ နံနက္ပိုင္းက ေနအိမ္ တြင္ အဓမၼျပဳက်င့္၍ ထိခိုက္ဒဏ္ရာရ႐ွိေအာင္ ျပဳလုပ္ခဲ့သည္ဟုဆိုကာ တိုင္းတန္းခဲ့သည့္အတြက္ တာေမြၿမိဳ႕နယ္တရားရုံး၌ အမႈ ရင္ဆိုင္ ေနရျခင္းျဖစ္သည္။
 “ညီမရဲ႕ေရွ႕ေနဆီကိုေတာ့ သူတို႔ဘက္က သြားေျပာၾကတယ္လို႔ ၾကားပါတယ္။ ညီမလည္း ေသခ်ာမသိေသးဘူး။ ညီမက ဘယ္ ကိစၥတစ္ခုမွ မေျပာလိုက္ဘူး။ အမွားပါသြားမွာ ေၾကာက္လို႔ေလ။ အဲဒီလိုမ်ဳိးက အေစာႀကီးကတည္းက ျဖစ္သင့္ေနတာပါ။ အမွား လုပ္ၿပီးသြားရင္ မွားတယ္ဆိုတာကို ဝန္ခံရင္ ညီမတို႔ကလည္း သူမ်ားလို ယုတ္မာတဲ့ သူမဟုတ္ဘူး။ အခုဟာက အမႈႀကီးက ရွည္ ေနၿပီးေတာ့ သူတို႔ပဲ လုပ္ေနတာ။ ညီမေရွ႕ေနကိုေတာ့ ေတာင္းပန္တယ္လို႔ေတာ့ ေျပာပါတယ္။ အဆင္ေျပဖို႔ေတာ့ မ်ားပါတယ္။ ညီမေရွ႕ေနေတြအရေပါ့” ဟု ေမာ္ဒယ္စူးရွထက္က အကုန္သိ သတင္းဌာနကို ေျပာသည္။
ယင္းအမႈသည္ ၁ ႏွစ္ေက်ာ္ၾကာျမင့္ေနခဲ့ၿပီး လက္ရွိတြင္ တရားလိုျဖစ္သူ ေမာ္ဒယ္စူးရွထက္ကို ျပန္လည္စစ္ေဆးရန္ ရွိေနေသး ေၾကာင္း သိရသည္။
“လြန္ခဲ့တဲ့ ၂ ရက္ေလာက္ကေပါ့။ သူ႔အေမရဲ႕ မိတ္ေဆြဘက္က လာတာပါ။ ညိွႏႈိင္းလိုတယ္လို႔ လာကမ္းလွမ္းတာပါ။ အဲဒါက လည္း မျပတ္ေသးပါဘူး။ သူတို႔သြားၿပီးေတာ့ ေမးၿပီးေတာ့မွ ျပန္လာပါ့မယ္ေျပာတယ္။ ဘယ္ပုံစံ ဘာညာဆိုတာ ဘာမွ လာျပန္ မေျပာေသးဘူး”ဟု တရားလိုစူးရွထက္၏ ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာသည္။
လက္႐ွိတြင္ အဆိုေတာ္အစၥဏီသည္ တာေမြၿမိဳ႕နယ္တရားရုံး၌ ရာဇသတ္ႀကီးပုဒ္မ- ၃၇၆၊ ၃၂၄၊ ၃၂၅၊ ျဖင့္ တရားရင္ဆိုင္ေနရ ျခင္း ျဖစ္သည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version

အဆိုတော် အစ္စဏီအနေဖြင့် မှားကြောင်း ဝန်ခံလျှင် ပြေလည်သွားနိုင်ဖွယ်ကြောင်း စူးရှထက်ဖွင့်ဟ

အဓမ္မပြုကျင့်၍ ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့မှုဖြင့် တရားရင်ဆိုင်နေရသော အဆိုတော်အစ္စဏီ အနေဖြင့် မှားယွင်း ကြောင်း ဝန်ခံမည်ဆိုပါက လက်ရှိဖြစ်ပွားနေသည့်အမှုမှာ ပြေလည်သွားနိုင်ဖွယ်ရှိကြောင်း တရားလိုမော်ဒယ်စူးရှထက်က ပြောသည်။
အဆိုတော်အစ္စဏီသည် မော်ဒယ်စူးရှထက်(ခ)မဇာခြည်ဌေးအား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ နံနက်ပိုင်းက နေအိမ် တွင် အဓမ္မပြုကျင့်၍ ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည်ဟုဆိုကာ တိုင်းတန်းခဲ့သည့်အတွက် တာမွေမြို့နယ်တရားရုံး၌ အမှု ရင်ဆိုင် နေရခြင်းဖြစ်သည်။
 “ညီမရဲ့ရှေ့နေဆီကိုတော့ သူတို့ဘက်က သွားပြောကြတယ်လို့ ကြားပါတယ်။ ညီမလည်း သေချာမသိသေးဘူး။ ညီမက ဘယ် ကိစ္စတစ်ခုမှ မပြောလိုက်ဘူး။ အမှားပါသွားမှာ ကြောက်လို့လေ။ အဲဒီလိုမျိုးက အစောကြီးကတည်းက ဖြစ်သင့်နေတာပါ။ အမှား လုပ်ပြီးသွားရင် မှားတယ်ဆိုတာကို ဝန်ခံရင် ညီမတို့ကလည်း သူများလို ယုတ်မာတဲ့ သူမဟုတ်ဘူး။ အခုဟာက အမှုကြီးက ရှည် နေပြီးတော့ သူတို့ပဲ လုပ်နေတာ။ ညီမရှေ့နေကိုတော့ တောင်းပန်တယ်လို့တော့ ပြောပါတယ်။ အဆင်ပြေဖို့တော့ များပါတယ်။ ညီမရှေ့နေတွေအရပေါ့” ဟု မော်ဒယ်စူးရှထက်က အကုန်သိ သတင်းဌာနကို ပြောသည်။
ယင်းအမှုသည် ၁ နှစ်ကျော်ကြာမြင့်နေခဲ့ပြီး လက်ရှိတွင် တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်ကို ပြန်လည်စစ်ဆေးရန် ရှိနေသေး ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၂ ရက်လောက်ကပေါ့။ သူ့အမေရဲ့ မိတ်ဆွေဘက်က လာတာပါ။ ညှိနှိုင်းလိုတယ်လို့ လာကမ်းလှမ်းတာပါ။ အဲဒါက လည်း မပြတ်သေးပါဘူး။ သူတို့သွားပြီးတော့ မေးပြီးတော့မှ ပြန်လာပါ့မယ်ပြောတယ်။ ဘယ်ပုံစံ ဘာညာဆိုတာ ဘာမှ လာပြန် မပြောသေးဘူး”ဟု တရားလိုစူးရှထက်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
လက်ရှိတွင် အဆိုတော်အစ္စဏီသည် တာမွေမြို့နယ်တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ- ၃၇၆၊ ၃၂၄၊ ၃၂၅၊ ဖြင့် တရားရင်ဆိုင်နေရ ခြင်း ဖြစ်သည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။