Skip to main content
လက္ရွိအစိုးရလက္ထက္ စကာၤပူႏိုင္ငံသည္ ရင္းႏွီးျမွဳပ္ႏွံမႈ အျမင့္ဆံုးေနရာက ဦးေဆာင္ 
Ads Block

လက္ရွိအစိုးရလက္ထက္ စကာၤပူႏိုင္ငံသည္ ရင္းႏွီးျမွဳပ္ႏွံမႈ အျမင့္ဆံုးေနရာက ဦးေဆာင္ 


လက္ရွိအစိုးရလက္ထက္အတြင္း ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈဝင္ေရာက္ရာတြင္ စကာၤပူႏိုင္ငံသည္ အျမင့္ဆံုးေန ရာက ဦးေဆာင္ေနေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ညႊန္ၾကားမႈ ဦးစီးဌာန (DICA) မွ သိရသည္။
လက္ရွိ အစိုးရလက္ထက္ျဖစ္ေသာ ၂၀၁၆ ခုႏွစ္ ဧၿပီလ ၁ ရက္မွ ၂၀၁၉ ခုႏွစ္ မတ္လ ၃၁ ရက္အထိ သံုးႏွစ္အ တြင္း စကာၤပူႏိုင္ငံသည္ လုပ္ငန္းေပါင္း ၉၅ ခုအတြက္ အေမရိကန္ေဒၚလာ ၇ ဒႆမ ၈၂ ဘီ လီယံနီးပါးျဖင့္ ရင္းႏွီးျမွဳပ္ႏွံမႈ အမ်ားဆံုးဝင္ေရာက္ထားေၾကာင္း DICA မွ သိရသည္။ 
“ျမန္မာႏုိင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္ကေန လက္ရွိအစိုးရလက္ထက္မွာ ရင္းႏွီးျမွဳပ္ႏွံမႈကိန္းဂဏန္းေတြကို  ၾကည့္မယ္ဆိုရင္ စကၤာပူႏိုင္ငံက ပထမ အမ်ားဆံုးေနရာမွာ ရွိေနပါတယ္။ အရင္တုန္းကေတာ့ တရုတ္ႏိုင္ငံက ရင္းႏီွးျမွဳပ္ႏွံမႈ အမ်ားဆံုးျဖစ္တယ္။ ျပန္ေလ့လာၾကည့္ရင္ အေနာက္ႏိုင္ငံေတြက စကာၤပူကေန ဖ်က္သန္း ၿပီး ေတာ့မွ တစ္ဆင့္ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံ တဲ့ပမာဏက ရွိပါတယ္။ ဒီေတာ့ စကာၤပူက အမ်ားဆံုးျဖစ္ေနတာ” ဟု DICA မွ တာဝန္ရွိသူတစ္ဦးမွ အကုန္သိ သတင္းဌာနသို႔ ေျပာၾကားသည္။ 
ယင္းေနာက္ တရုတ္ႏိုင္ငံသည္ အဆင့္ ႏွစ္ေနရာ၊ ထိုင္းႏိုင္ငံသည္ အဆင့္ သံုးေနရာ၊ ေဟာင္ေကာင္ႏိုင္ငံသည္ အဆင့္ ေလးေနရာ၊ UK ႏိုင္ငံသည္ အဆင့္ ငါးေနရာ၊ ကိုရီးယားႏိုင္ငံသည္ အဆင့္ေျခာက္ေနရာတို႔ ဝင္ေရာက္ ထားၿပီး အိမ္နီးနားခ်င္းႏိုင္ငံမ်ားျဖစ္ေသာ ဗီယက္နမ္ႏိုင္ငံသည္ အဆင့္ ခုႏွစ္ေနရာ၊ မေလးရွားႏိုင္ငံသည္ အ ဆင့္ရွစ္ေနရာ၊ နယ္သာလန္ႏိုင္ငံသည္ အဆင့္ ကိုးေနရာႏွင့္ ဂ်ပန္ႏိုင္ငံသည္ အဆင့္ ၁၀ ေနရာတို႔တြင္ အသီး သီးဝင္ေရာက္ထားေၾကာင္း DICA မွ သိရသည္။  
“ဒါေပမယ့္ ဂ်ပန္က ရင္းႏွီးျမွဳပ္ႏွံမႈ ဥပေဒေအာက္ကဆိုရင္ အဆင့္ ၁၀ ေနရာမွာျဖစ္ေသာ္လည္းပဲ FDI ဆိုတာ အကုန္ေပါင္းတာျဖစ္တဲ့အတြက္ သီလဝါအထူးစီးပြားေရးဇုန္တို႔၊ တစ္ျခားဂ်ပန္ ကလာတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ေပါင္းလိုက္ရင္ ဂ်ပန္က အဆင့္ ေလးနဲ႔ ခုႏွစ္ၾကားေလာက္မွာ ဂ်ပန္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈက ရွိပါတယ္” ဟု DICA မွ သိရသည္။  
သို႔ရာတြင္ လက္ရွိ အစိုးရသက္တမ္းတြင္း ႏိုင္ငံျခားရင္းႏီွးျမွဳပ္ႏွံမႈ စုစုေပါင္းဝင္ေရာက္ထားသည့္ ပမာဏမွာ လုပ္ငန္း ေပါင္း ၅၈၄ ခုအတြက္ အေမရိကန္ေဒၚလာ ၁၆ ဘီလီယံနီးပါး ဝင္ေရာက္ထားၿပီးျဖစ္သည္။ အဆိုပါ ရင္းႏွီးျမွဳပ္ႏွံမႈအနက္ ၂၀၁၆-၁၇ ဘ႑ာႏွစ္အတြင္း လုပ္ငန္းေပါင္း ၁၃၈ ခုအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈ အေမရိကန္ ေဒၚလာ ၆ ဒႆမ ၆၅၀ ဘီလီယံနီးပါး၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္အတြင္း လုပ္ငန္းေပါင္း ၂၂၂ ခုအတြက္ ရင္းႏွီး ျမွဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ ဒႆမ ၇၂ ဘီလီယံနီးပါးႏွင့္ ၂၀၁၈ ဧၿပီလ ၁ ၇က္မွ ၂၀၁၉ ခုႏွစ္ မတ္လ ၃၁ ရက္အထိ လုပ္ငန္းေပါင္း ၂၂၄ ခုအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၃ ဒႆမ ၆၃၂ ဘီလီယံ ဝင္ ေရာက္ထားသည္။ 

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode Version

 

လက်ရှိအစိုးရလက်ထက် စကာၤပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးနေရာက ဦးဆောင် 

လက်ရှိအစိုးရလက်ထက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရာတွင် စကာၤပူနိုင်ငံသည် အမြင့်ဆုံးနေ ရာက ဦးဆောင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ သိရသည်။
လက်ရှိ အစိုးရလက်ထက်ဖြစ်သော ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်အထိ သုံးနှစ်အ တွင်း စကာၤပူနိုင်ငံသည် လုပ်ငန်းပေါင်း ၉၅ ခုအတွက် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၈၂ ဘီ လီယံနီးပါးဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားကြောင်း DICA မှ သိရသည်။ 
“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ လက်ရှိအစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းတွေကို  ကြည့်မယ်ဆိုရင် စင်္ကာပူနိုင်ငံက ပထမ အများဆုံးနေရာမှာ ရှိနေပါတယ်။ အရင်တုန်းကတော့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တယ်။ ပြန်လေ့လာကြည့်ရင် အနောက်နိုင်ငံတွေက စကာၤပူကနေ ဖျက်သန်း ပြီး တော့မှ တစ်ဆင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ တဲ့ပမာဏက ရှိပါတယ်။ ဒီတော့ စကာၤပူက အများဆုံးဖြစ်နေတာ” ဟု DICA မှ တာဝန်ရှိသူတစ်ဦးမှ အကုန်သိ သတင်းဌာနသို့ ပြောကြားသည်။ 
ယင်းနောက် တရုတ်နိုင်ငံသည် အဆင့် နှစ်နေရာ၊ ထိုင်းနိုင်ငံသည် အဆင့် သုံးနေရာ၊ ဟောင်ကောင်နိုင်ငံသည် အဆင့် လေးနေရာ၊ UK နိုင်ငံသည် အဆင့် ငါးနေရာ၊ ကိုရီးယားနိုင်ငံသည် အဆင့်ခြောက်နေရာတို့ ဝင်ရောက် ထားပြီး အိမ်နီးနားချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နိုင်ငံသည် အဆင့် ခုနှစ်နေရာ၊ မလေးရှားနိုင်ငံသည် အ ဆင့်ရှစ်နေရာ၊ နယ်သာလန်နိုင်ငံသည် အဆင့် ကိုးနေရာနှင့် ဂျပန်နိုင်ငံသည် အဆင့် ၁၀ နေရာတို့တွင် အသီး သီးဝင်ရောက်ထားကြောင်း DICA မှ သိရသည်။  
“ဒါပေမယ့် ဂျပန်က ရင်းနှီးမြှုပ်နှံမှု ဥပဒေအောက်ကဆိုရင် အဆင့် ၁၀ နေရာမှာဖြစ်သော်လည်းပဲ FDI ဆိုတာ အကုန်ပေါင်းတာဖြစ်တဲ့အတွက် သီလဝါအထူးစီးပွားရေးဇုန်တို့၊ တစ်ခြားဂျပန် ကလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပေါင်းလိုက်ရင် ဂျပန်က အဆင့် လေးနဲ့ ခုနှစ်ကြားလောက်မှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ရှိပါတယ်” ဟု DICA မှ သိရသည်။  
သို့ရာတွင် လက်ရှိ အစိုးရသက်တမ်းတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဝင်ရောက်ထားသည့် ပမာဏမှာ လုပ်ငန်း ပေါင်း ၅၈၄ ခုအတွက် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါး ဝင်ရောက်ထားပြီးဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအနက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းပေါင်း ၁၃၈ ခုအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ ဒဿမ ၆၅၀ ဘီလီယံနီးပါး၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းပေါင်း ၂၂၂ ခုအတွက် ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒဿမ ၇၂ ဘီလီယံနီးပါးနှင့် ၂၀၁၈ ဧပြီလ ၁ ၇က်မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်အထိ လုပ်ငန်းပေါင်း ၂၂၄ ခုအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆၃၂ ဘီလီယံ ဝင် ရောက်ထားသည်။ 

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။