Skip to main content
လက္ရွိအစိုးရသက္တမ္းတြင္ ကုန္ထုတ္လုပ္မႈက႑ ရင္းႏွီးျမွဳပ္ႏွံမႈ အျမင့္ဆံုးျဖစ္
Ads Block

လက္ရွိအစိုးရသက္တမ္းတြင္ ကုန္ထုတ္လုပ္မႈက႑ ရင္းႏွီးျမွဳပ္ႏွံမႈ အျမင့္ဆံုးျဖစ္


ယခင္က ေရနံႏွင့္ သဘာဝဓါတ္ေငြဓါတ္ေငြ႕က႑သည္ ရင္းႏွီးျမွဳပ္ႏွံမႈ အျမင့္ဆံုးျဖစ္ခဲ့ေသာ္လည္း လက္ရွိအစိုး ရသက္တမ္းတြင္ ကုန္ထုတ္လုပ္မႈက႑သည္ ရင္းႏွီးျမွဳပ္ႏွံမႈ အျမင့္ဆံုးေနရာသို႔ ေရာက္ရွိေနေၾကာင္း ရင္းႏွီး ျမွဳပ္ႏွံမႈႏွင့္ ညႊန္ၾကားမႈ ဦးစီးဌာန (DICA) မွ သိရသည္။

လက္ရွိအစိုးရသက္တမ္းတြင္ ကုန္ထုတ္လုပ္မႈက႑ ရင္းႏွီးျမွဳပ္ႏွံမႈ အျမင့္ဆံုးျဖစ္


လက္ရွိ အစိုးရလက္ထက္ျဖစ္ေသာ ၂၀၁၆ ခုႏွစ္ ဧၿပီလ ၁ ရက္မွ ၂၀၁၉ ခုႏွစ္ မတ္လ ၃၁ ရက္အထိ သံုးႏွစ္အ တြင္း ကုန္ထုတ္လုပ္မႈက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈ ပထမအမ်ားဆံုးဝင္ေရာက္ထားၿပီး ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ ေရးက႑တြင္ ဒုတိယအမ်ားဆံုးႏွင့္ အိမ္ယာအေဆာက္အဦက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈ တတိယအမ်ားဆံုး ဝင္ ေရာက္ထားေၾကာင္း DICA မွ သိရသည္။ 
“FDI ဝင္လာတဲ့ က႑ေတြရဲ႕ ေျပာင္းလဲမႈကို ၾကည့္မယ္ဆိုရင္ ၿပီးခဲ့တဲ့ အစိုးရလက္ထက္ ငါးႏွစ္မွာ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕က႑က အျမင့္ဆံုးပါ။ စြမ္းအင္က႑ကေတာ့ ဒုတိယအမ်ားဆံုး၊ ကုန္ ထုတ္လုပ္မႈက႑က တတိယအမ်ားဆံုး၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑က စတုတၳအမ်ားဆံုး။ အိမ္ျခံေျမက႑က ပဥၥမ အမ်ားဆံုး ရင္းႏွီးျမွဳပ္ႏွံတာကို ေတြ႕ရတယ္။ လက္ရွိအစိုးရကာလ သံုးႏွစ္အတြင္းမွာေတာ့ ကုန္ထုတ္ လုပ္မႈ က႑က ပထမအမ်ားဆံုးကို ေရာက္လာပါတယ္။ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑က ဒုတိယအမ်ားဆံုးနဲ႔ အိမ္ျခံေျမက႑က တတိယအမ်ားဆံုးေနရာကို ဝင္ေရာက္ထားၿပီး ရင္းႏွီးျမွဳပ္ႏွံမႈ ေျပာင္းလဲ လာတာေတြ႕ရ ပါတယ္” ဟု DICA မွ အကုန္သိသတင္းဌာနသို႔ ေျပာၾကားသည္။ 
သို႔ရာတြင္ လက္ရွိ အစိုးရသက္တမ္းအတြင္း ႏိုင္ငံျခားရင္းႏီွးျမွဳပ္ႏွံမႈအေနျဖင့္ လုပ္ငန္းေပါင္း ၅၈၄ ခုအတြက္ အေမရိကန္ေဒၚလာ ၁၆ ဘီလီယံနီးပါး ဝင္ေရာက္ထားၿပီး က႑အားျဖင့္ စက္မႈက႑သို႔ အေမရိကန္ေဒၚလာ ၄ ဒႆမ ၂၅၇ ဘီလီယံ၊ လွ်ပ္စစ္ဓါတ္အားက႑သို႔ အေမရိကန္ေဒၚလာ ၁ ဒႆမ ၅ ဘီလီယံေက်ာ္၊ ေရနံႏွင့္ သဘာဝဓါတ္ေငြက႑သို႔ ရင္းႏွီးျမွဳပ္ႏွံမႈ တုိးျမင့္ျခင္းမွာ သန္း ၁၀ ေက်ာ္၊ ဟိုတယ္ႏွင့္ ခရီးသြားက႑သို႔ အေမရိ ကန္ေဒၚလာ ၆၄၄ သန္း၊ သတၱဳတြင္းက႑သို႔ ရင္းႏွီးျမွပ္ႏွံမႈ တုိးျမွင့္မႈသည္ ၇ သန္းေက်ာ္၊ လယ္ယာက႑သို႔ အေမရိကန္ေဒၚလာ ၁၅၈ သန္းေက်ာ္၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑သို႔ အေမရိကန္ ေဒၚလာ ၁၉၁ သန္း ေက်ာ္၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑သို႔ အေမရိကန္ ေဒၚလာ ၅ ဘီလီယံနီးပါး၊ အိမ္ယာအေဆာက္ အဦက႑သို႔ ၂ ဒႆမ ၃၄၄ ဘီလီယံ၊ စက္မႈဇုန္တည္ေဆာက္မႈ က႑သို႔ အေမရိကန္ေဒၚလာ ၁၁၇ သန္းနီး ပါးႏွင့္ အျခားဝန္ေဆာင္မႈက႑သို႔ အေမရိကန္ေဒၚလာ ၁ ဒႆမ ၈ ဘီလီယံနီးပါး ဝင္ေရာက္ထားေၾကာင္း DICA မွ သိရသည္။ 
ျမန္မာႏိုင္ငံသား ရင္းႏွီးျမွဳပ္ႏွံမႈ အေနျဖင့္ လုပ္ငန္းေပါင္း ၃၅၉ ခုအတြက္ က်ပ္ ၇၃၉၀ ဒႆမ ၃၃၇ ဘီလီယံ ေက်ာ္ ဝင္ေရာက္ထားၿပီး က႑အလိုက္ဝင္ေရာက္မႈသည္ ေဆာက္လုပ္ေရးက႑သို႔ ရင္းႏွီးျမွဳပ္ႏွံမႈ တုိးျမွင့္ျခင္း မွာ က်ပ္ ၁၄၆ ဒႆမ ၅၂၃ ဘီလီယံနီးပါး၊ လွ်ပ္စစ္ဓါတ္ အားက႑သို႔ က်ပ္ ၂၂၆ ဒႆမ ၆၃၁ ဘီလီယံနီးပါး၊ စက္မႈက႑သို႔ က်ပ္ ၂၃၅၉ ဒႆမ ၀၁၄ ဘီလီယံ၊ အိမ္ ယာအေဆာက္ အအံုတည္ေဆာက္ဖြံ႕ၿဖိဳးမႈက႑သို႔ ၂၃၅၉ ဒႆမ ၀၁၄ ဘီလီယံ၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း က႑သို႔ ၂၉၄ ဒႆမ ၉၃ ဘီလီယံ၊ သတၱဳက႑သို႔ ၆၀ ဒႆမ ၀၅၃ ဘီလီယံ၊ ဟိုတယ္ႏွင့္ ခရီးသြားက႑သို႔ ၇၁၅ ဒႆမ ၀၄၈ ဘီလီယံ၊ စက္မႈဇုန္တည္ေဆာက္ မႈက႑သို႔ က်ပ္ ၂၈၈ ဘီလီယံနီးပါး၊ လယ္ယာက႑သို႔ က်ပ္ ၃ ဒႆမ ၂ ဘီလီယံႏွင့္ အျခားဝန္ေဆာင္မႈ က႑သို႔ က်ပ္ ၁၃၁၃ ဘီလီယံနီးပါး အသီးသီးဝင္ေရာက္ထားေၾကာင္း သိရသည္။ 

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode Version

 

လက်ရှိအစိုးရသက်တမ်းတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးဖြစ်

ယခင်က ရေနံနှင့် သဘာဝဓါတ်ငွေဓါတ်ငွေ့ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးဖြစ်ခဲ့သော်လည်း လက်ရှိအစိုး ရသက်တမ်းတွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးနေရာသို့ ရောက်ရှိနေကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ သိရသည်။
လက်ရှိ အစိုးရလက်ထက်ဖြစ်သော ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်အထိ သုံးနှစ်အ တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပထမအများဆုံးဝင်ရောက်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍတွင် ဒုတိယအများဆုံးနှင့် အိမ်ယာအဆောက်အဦကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တတိယအများဆုံး ဝင် ရောက်ထားကြောင်း DICA မှ သိရသည်။ 
“FDI ဝင်လာတဲ့ ကဏ္ဍတွေရဲ့ ပြောင်းလဲမှုကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ အစိုးရလက်ထက် ငါးနှစ်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍက အမြင့်ဆုံးပါ။ စွမ်းအင်ကဏ္ဍကတော့ ဒုတိယအများဆုံး၊ ကုန် ထုတ်လုပ်မှုကဏ္ဍက တတိယအများဆုံး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍက စတုတ္ထအများဆုံး။ အိမ်ခြံမြေကဏ္ဍက ပဉ္စမ အများဆုံး ရင်းနှီးမြှုပ်နှံတာကို တွေ့ရတယ်။ လက်ရှိအစိုးရကာလ သုံးနှစ်အတွင်းမှာတော့ ကုန်ထုတ် လုပ်မှု ကဏ္ဍက ပထမအများဆုံးကို ရောက်လာပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍက ဒုတိယအများဆုံးနဲ့ အိမ်ခြံမြေကဏ္ဍက တတိယအများဆုံးနေရာကို ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု ပြောင်းလဲ လာတာတွေ့ရ ပါတယ်” ဟု DICA မှ အကုန်သိသတင်းဌာနသို့ ပြောကြားသည်။ 
သို့ရာတွင် လက်ရှိ အစိုးရသက်တမ်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်းပေါင်း ၅၈၄ ခုအတွက် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါး ဝင်ရောက်ထားပြီး ကဏ္ဍအားဖြင့် စက်မှုကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂၅၇ ဘီလီယံ၊ လျှပ်စစ်ဓါတ်အားကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံကျော်၊ ရေနံနှင့် သဘာဝဓါတ်ငွေကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ခြင်းမှာ သန်း ၁၀ ကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ အမေရိ ကန်ဒေါ်လာ ၆၄၄ သန်း၊ သတ္တုတွင်းကဏ္ဍသို့ ရင်းနှီးမြှပ်နှံမှု တိုးမြှင့်မှုသည် ၇ သန်းကျော်၊ လယ်ယာကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၁၅၈ သန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍသို့ အမေရိကန် ဒေါ်လာ ၁၉၁ သန်း ကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အမေရိကန် ဒေါ်လာ ၅ ဘီလီယံနီးပါး၊ အိမ်ယာအဆောက် အဦကဏ္ဍသို့ ၂ ဒဿမ ၃၄၄ ဘီလီယံ၊ စက်မှုဇုန်တည်ဆောက်မှု ကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၁၁၇ သန်းနီး ပါးနှင့် အခြားဝန်ဆောင်မှုကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံနီးပါး ဝင်ရောက်ထားကြောင်း DICA မှ သိရသည်။ 
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းပေါင်း ၃၅၉ ခုအတွက် ကျပ် ၇၃၉၀ ဒဿမ ၃၃၇ ဘီလီယံ ကျော် ဝင်ရောက်ထားပြီး ကဏ္ဍအလိုက်ဝင်ရောက်မှုသည် ဆောက်လုပ်ရေးကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း မှာ ကျပ် ၁၄၆ ဒဿမ ၅၂၃ ဘီလီယံနီးပါး၊ လျှပ်စစ်ဓါတ် အားကဏ္ဍသို့ ကျပ် ၂၂၆ ဒဿမ ၆၃၁ ဘီလီယံနီးပါး၊ စက်မှုကဏ္ဍသို့ ကျပ် ၂၃၅၉ ဒဿမ ၀၁၄ ဘီလီယံ၊ အိမ် ယာအဆောက် အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍသို့ ၂၃၅၉ ဒဿမ ၀၁၄ ဘီလီယံ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍသို့ ၂၉၄ ဒဿမ ၉၃ ဘီလီယံ၊ သတ္တုကဏ္ဍသို့ ၆၀ ဒဿမ ၀၅၃ ဘီလီယံ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ ၇၁၅ ဒဿမ ၀၄၈ ဘီလီယံ၊ စက်မှုဇုန်တည်ဆောက် မှုကဏ္ဍသို့ ကျပ် ၂၈၈ ဘီလီယံနီးပါး၊ လယ်ယာကဏ္ဍသို့ ကျပ် ၃ ဒဿမ ၂ ဘီလီယံနှင့် အခြားဝန်ဆောင်မှု ကဏ္ဍသို့ ကျပ် ၁၃၁၃ ဘီလီယံနီးပါး အသီးသီးဝင်ရောက်ထားကြောင်း သိရသည်။ 

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။