Skip to main content
Ads Block

၂၆ လောက်ဆိုရင် (ယောက်ျား) ယူလို့ ရပြီလား မသိဘူး - ပက်ထရစ်ရှာ (ရုပ်သံ)


Unicode Version

သရုပ်ဆောင် ပက်ထရစ်ရှာရဲ့အချစ်ရေး အိမ်ထောင်ရေးအပေါ် ခံယူချက်ပြောကြားချက်မှာ မေးမြန်းသူနဲ့ဖြေကြားသူအပြင် ကြည့်မိသူတိုင်းအတွက်  ပြုံးရွှင်ရယ်မောစရာလေးတွေ ပါဝင်ခဲ့ပါတယ်။ 
အရင်တုန်းက ပူလောင်တဲ့အချစ်တွေကို ပိုင်ဆိုင်ခဲ့ရဖူးပေမယ့် လက်ရှိမှာတော့ အေးချမ်းတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတယ်လို့သရုပ်ဆောင် ပက်ထရစ်ရှာက ပြောပါတယ်။ အထူးသဖြင့် ချစ်သူအဖြစ်နဲ့တွဲခဲ့ကြတဲ့သူတွေက အိမ်ထောင်ပြုကြဖို့ပဲ ပြောကြပေမယ့် ကိုယ်တိုင်ကလည်း အိမ်ထောင်မပြုသေးဘဲ လွတ်လွတ်လပ်လပ် အလုပ်တွေလုပ်နေချင်သေးတယ်လို့လည်း ပြောပါတယ်။ 
 

ရိုက်ကူးတည်းဖြတ် - ထက်ပိုင်စိုး၊ အိဖြူသိမ့်၊ ကေကေခင်

#ပက်ထရစ်ရှာ  #အနုပညာရှင်  #သရုပ်ဆောင် #အိမ်ထောင်ပြုခြင်း

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။