Skip to main content
မန္မာ့ၾကက္၊ ဘဲေမြးျမဴေရးက႑ ၁၀ ႏွစ္အတြင္း သိသိသာသာက်ဆင္းဟု ဆို 
Ads Block

မန္မာ့ၾကက္၊ ဘဲေမြးျမဴေရးက႑ ၁၀ ႏွစ္အတြင္း သိသိသာသာက်ဆင္းဟု ဆို 


ျမန္မာႏိုင္ငံ၏ ၾကက္ႏွင့္ ဘဲေမြးျမဴေရးက႑သည္ ၁၀ ႏွစ္အတြင္း သိသိသာသာက်ဆင္းသြားေၾကာင္း ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ဒုတိယဥကၠ႒ ေဒါက္တာျမဟန္က ေျပာသည္။ 
ေမြးျမဴေရးက႑တုိးခ်ဲ႕ရန္ ေျမေနရာရရွိေရးအခက္အခဲရွိသည့္အျပင္ ယင္းေျမေနရာမ်ားမွာအာမခံခ်က္မရွိ ျခင္း၊ ေျမယာပိုင္ဆုိင္မႈမရွိသည့္အတြက္ေခ်းေငြအလြယ္တကူမရရွိသျဖင့္ အရင္းအႏွီးလိုအပ္ခ်က္မ်ားရွိျခင္း၊ ေမြးျမဴေရးအစာေစ်းႏႈန္းမ်ား ႀကီးျမင့္ျခင္း၊ ေခတ္မီနည္းစနစ္မ်ားအသံုးမျပဳႏိုင္ျခင္းတို႔ေၾကာင့္ က်ဆင္းသြားျခင္း ျဖစ္ေၾကာင္း သိရသည္။ 
“ၾကက္၊ ဘဲေမြးျမဴေရးက႑က ၁၀ ႏွစ္အတြင္းမွာေတာ္ေတာ္ကိုက်ဆင္းသြားပါတယ္။ ၾကက္ဥ၊ ဘဲဥ ေဖာက္တဲ့ စနစ္ကလည္း လက္နဲ႔ပဲေဖာက္ေနၾကတယ္။ ေခတ္မီစက္ကိရိယာေတြ အသံုးျပဳၿပီးစနစ္တက်ေဖာက္ဖုိ႔ လိုတယ္” ဟု ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ဒုတိယဥကၠ႒ ေဒါက္တာျမဟန္က ေျပာသည္။
ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖဲြ႕ခ်ဳပ္အေနျဖင့္လည္း ၾကက္၊ ဝက္၊ ဘဲစသည့္ ေမြးျမဴေရးလုပ္ငန္း ဖြံ႕ၿဖိဳးရန္ ေျမတစ္ဧကလွ်င္ အထက္ပါကဲ့သို႔ က်ပ္ ၃၀၀၀၀ ျဖင့္ရရွိရန္ သက္ဆိုင္ရာသို႔တင္ျပကာ ဆက္လက္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၄င္းက ဆက္ေျပာသည္။ 
“ ေအးခဲသားေတြ၊ ၾကက္ဥ၊ ဘဲဥေတြ၊ ၾကက္အရွင္ေတြ၊ ၾကက္နဲ႔ ဘဲကထုတ္တဲ့ အသင့္စားသံုးလု႔ိရတဲ့ ပစၥည္းေတြ ေန႔စဥ္နဲ႔အမွ် ထုိင္းႏိုင္ငံကေနဝင္ေနပါတယ္။ ကၽြန္ေတာ္တို႔ေဒသမွာ တင္သြင္းေနတာ ေတြ႕ေနရပါတယ္” ဟု ကရင္ျပည္နယ္ေမြးျမဴေရးလုပ္ငန္းအဖြဲ႕အတြင္းေရးမွဴး ဦးေအာင္ကိုလတ္က ေျပာသည္။
လယ္ယာေျမမ်ားကိုအျခားနည္းသံုးစြဲခြင့္မရရွိဘဲငါး၊ ပုစြန္ စသည့္ ေမြးျမဴေရးလုပ္ငန္းေဆာင္ရြက္ေနျခင္း အတြက္ ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းဖြံ႕ၿဖိဳးရန္ ေျမတစ္ဧကလွ်င္ က်ပ္ ၃၀၀၀၀ အခြန္ေဆာင္ျခင္းျဖင့္ အဆင္ေျပေစရန္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကေျပာၾကားထားဖူးသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode Version

 

မန်မာ့ကြက်၊ ဘဲမွေးမြူရေးကဏ္ဍ ၁၀ နှစ်အတွင်း သိသိသာသာကျဆင်းဟု ဆို 

မြန်မာနိုင်ငံ၏ ကြက်နှင့် ဘဲမွေးမြူရေးကဏ္ဍသည် ၁၀ နှစ်အတွင်း သိသိသာသာကျဆင်းသွားကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြဟန်က ပြောသည်။ 
မွေးမြူရေးကဏ္ဍတိုးချဲ့ရန် မြေနေရာရရှိရေးအခက်အခဲရှိသည့်အပြင် ယင်းမြေနေရာများမှာအာမခံချက်မရှိ ခြင်း၊ မြေယာပိုင်ဆိုင်မှုမရှိသည့်အတွက်ချေးငွေအလွယ်တကူမရရှိသဖြင့် အရင်းအနှီးလိုအပ်ချက်များရှိခြင်း၊ မွေးမြူရေးအစာဈေးနှုန်းများ ကြီးမြင့်ခြင်း၊ ခေတ်မီနည်းစနစ်များအသုံးမပြုနိုင်ခြင်းတို့ကြောင့် ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ 
“ကြက်၊ ဘဲမွေးမြူရေးကဏ္ဍက ၁၀ နှစ်အတွင်းမှာတော်တော်ကိုကျဆင်းသွားပါတယ်။ ကြက်ဥ၊ ဘဲဥ ဖောက်တဲ့ စနစ်ကလည်း လက်နဲ့ပဲဖောက်နေကြတယ်။ ခေတ်မီစက်ကိရိယာတွေ အသုံးပြုပြီးစနစ်တကျဖောက်ဖို့ လိုတယ်” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြဟန်က ပြောသည်။
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း ကြက်၊ ဝက်၊ ဘဲစသည့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရန် မြေတစ်ဧကလျှင် အထက်ပါကဲ့သို့ ကျပ် ၃၀၀၀၀ ဖြင့်ရရှိရန် သက်ဆိုင်ရာသို့တင်ပြကာ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 
“ အေးခဲသားတွေ၊ ကြက်ဥ၊ ဘဲဥတွေ၊ ကြက်အရှင်တွေ၊ ကြက်နဲ့ ဘဲကထုတ်တဲ့ အသင့်စားသုံးလု့ိရတဲ့ ပစ္စည်းတွေ နေ့စဉ်နဲ့အမျှ ထိုင်းနိုင်ငံကနေဝင်နေပါတယ်။ ကျွန်တော်တို့ဒေသမှာ တင်သွင်းနေတာ တွေ့နေရပါတယ်” ဟု ကရင်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့အတွင်းရေးမှူး ဦးအောင်ကိုလတ်က ပြောသည်။
လယ်ယာမြေများကိုအခြားနည်းသုံးစွဲခွင့်မရရှိဘဲငါး၊ ပုစွန် စသည့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေခြင်း အတွက် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရန် မြေတစ်ဧကလျှင် ကျပ် ၃၀၀၀၀ အခွန်ဆောင်ခြင်းဖြင့် အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောကြားထားဖူးသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။