Skip to main content
​​​​​​​ရခိုင္ျပည္နယ္ေမြးျမဴေရးလုပ္ငန္းဖြံ႕ၿဖိဳးရန္ လယ္တစ္ဧကလွ်င္ က်ပ္ငါးသိန္းႏႈန္းျဖင့္ ေခ်းေငြေပးေစလိုဟု ဆို 
Ads Block

​​​​​​​ရခိုင္ျပည္နယ္ေမြးျမဴေရးလုပ္ငန္းဖြံ႕ၿဖိဳးရန္ လယ္တစ္ဧကလွ်င္ က်ပ္ငါးသိန္းႏႈန္းျဖင့္ ေခ်းေငြေပးေစလိုဟု ဆို 


ရခိုင္ျပည္နယ္၏ ေမြးျမဴေရးလုပ္ငန္းဖြံ႕ၿဖိဳးတုိးတက္ရန္ လယ္ယာေျမတစ္ဧကလွ်င္ ငါးသိန္းႏႈန္းျဖင့္ ၃ ႏွစ္မွ ၅ ႏွစ္အထိ ေခ်းေငြထုတ္ေပးေစလိုေၾကာင္း ရခိုင္ျပည္နယ္ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ဥကၠ႒ ဦးတင္ေဌးက ေျပာသည္။
ရခိုင္ျပည္နယ္အတြင္း လူမႈဘဝဖြံ႕ၿဖိဳးတုိးတက္ေစရန္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္း ဖြံ႕ၿဖိဳးရန္ လိုအပ္ၿပီး ယင္းအနက္ ေမြးျမဴေရးလုပ္ငန္းဖြံ႕ၿဖိဳးရန္ ၆၀ ရာခိုင္ႏႈန္းအထိ အေရးပါသည့္အတြက္ သက္ဆုိင္ရာ ဝန္ႀကီးဌာန အေနျဖင့္ ပူးေပါင္းေဆာင္ရြက္ေစလိုေၾကာင္း ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။  
“ ရခုိင္ျပည္နယ္က ေမြးျမဴေရးဆိုရင္ စုိက္ပ်ိဳးေရးမပါမၿပီးသလို စုိက္ပ်ိဳးေရးဆိုတာကလည္း ေမြးျမဴေရး လိုအပ္တယ္။ ဒီမွာမွ ေမြးျမဴေရးက ၆၀ ရာခိုင္ႏႈန္းေလာက္ အခရာက်တယ္။ ေမြးျမဴေရးမွာလည္း ၾကက္၊ ဝက္ ထက္ ႏြားေမြးျမဴေရးက ရခိုင္မွာပိုအသင့္ေတာ္ဆံုးလို႔ ထင္ပါတယ္။ တခ်ိဳ႕ကေျပာတယ္။ အရင္းအႏွီးမရွိဘူး။ ႏြားကဘယ္ကရမလဲတဲ့။ ကၽြန္ေတာ္တုိ႔မွာ အခြင့္အေရးရွိတာက လယ္ေျမပိုင္ဆိုင္မႈ ပံုစံ ၇ ေတြရွိတယ္။ ဒီပံုစံ ၇ ကို ေပါင္မယ္။ တစ္ဧကကို ၅ သိန္းေလာက္ပဲေပး။ ၃ ႏွစ္ သို႔မဟုတ္၊ ၅ ႏွစ္ေလာက္ကို ေခ်းေငြ ထုတ္ေပးပါ။ ေနာက္ သံုးႏွစ္ေနရင္ လူတစ္ဦးကို က်ပ္ သိန္း ၁၀၀ ကိုင္ႏိုင္မယ္ဆိုရင္ ႏိုင္ငံျခားကိုလည္း သြားဖုိ႔ မလုိေတာ့ပါဘူး။ လူငယ္ေတြဟာ လူေနမႈဘဝဖြံ႕ၿဖိဳးတိုးတက္ဖို႔သည္ ဒီေမြးျမဴေရးဟာ အခရာက်တယ္လို႔ ထင္ပါတယ္” ဟု ရခိုင္ျပည္နယ္ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ဥကၠ႒ ဦးတင္ေဌးက ေျပာသည္။
ယင္းကိစၥႏွင့္ ပတ္သက္၍လည္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအား တင္ျပထားခဲ့ေၾကာင္း ၄င္းက ဆက္ေျပာသည္။  
“ႏြားေတြေမြးမယ္လို႔ စီမံကိန္းကို ဝန္ႀကီးကတင္ျပေတာ့ ရခုိင္ျပည္နယ္လံုးအတြက္ေတာ့ လုပ္မေပးႏုိင္ဘူးတဲ့။ ေဆြးေႏြးၿပီးမွလုပ္ရင္ မေကာင္းဘူးလားလုိ႔ ေျပာဖူးပါတယ္။ ရခိုင္ျပည္နယ္ကို လာမယ္။ ေဆြးေႏြးမႈေတြ လုပ္မယ္လို႔ ေျပာခဲ့ပါတယ္။ ဒီေတာ့ ဖိတ္ေခၚပါတယ္။ ေမြးျမဴေရးက႑၊ စိုက္ပ်ိဳးေရးက႑ တုိးတက္ဖို႔အတြက္ တစ္ခုခုအေျဖရမယ္လို႔ ထင္ပါတယ္။ ေမွ်ာ္ေနပါတယ္” ဟု ဦးတင္ေဌးက ဆက္ေျပာသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

ရခိုင်ပြည်နယ်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရန် လယ်တစ်ဧကလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ချေးငွေပေးစေလိုဟု ဆို 

ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လယ်ယာမြေတစ်ဧကလျှင် ငါးသိန်းနှုန်းဖြင့် ၃ နှစ်မှ ၅ နှစ်အထိ ချေးငွေထုတ်ပေးစေလိုကြောင်း ရခိုင်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဌေးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရန် လိုအပ်ပြီး ယင်းအနက် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရန် ၆၀ ရာခိုင်နှုန်းအထိ အရေးပါသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ယခုကဲ့သို့ပြောခြင်းဖြစ်သည်။  
“ ရခိုင်ပြည်နယ်က မွေးမြူရေးဆိုရင် စိုက်ပျိုးရေးမပါမပြီးသလို စိုက်ပျိုးရေးဆိုတာကလည်း မွေးမြူရေး လိုအပ်တယ်။ ဒီမှာမှ မွေးမြူရေးက ၆၀ ရာခိုင်နှုန်းလောက် အခရာကျတယ်။ မွေးမြူရေးမှာလည်း ကြက်၊ ဝက် ထက် နွားမွေးမြူရေးက ရခိုင်မှာပိုအသင့်တော်ဆုံးလို့ ထင်ပါတယ်။ တချို့ကပြောတယ်။ အရင်းအနှီးမရှိဘူး။ နွားကဘယ်ကရမလဲတဲ့။ ကျွန်တော်တို့မှာ အခွင့်အရေးရှိတာက လယ်မြေပိုင်ဆိုင်မှု ပုံစံ ၇ တွေရှိတယ်။ ဒီပုံစံ ၇ ကို ပေါင်မယ်။ တစ်ဧကကို ၅ သိန်းလောက်ပဲပေး။ ၃ နှစ် သို့မဟုတ်၊ ၅ နှစ်လောက်ကို ချေးငွေ ထုတ်ပေးပါ။ နောက် သုံးနှစ်နေရင် လူတစ်ဦးကို ကျပ် သိန်း ၁၀၀ ကိုင်နိုင်မယ်ဆိုရင် နိုင်ငံခြားကိုလည်း သွားဖို့ မလိုတော့ပါဘူး။ လူငယ်တွေဟာ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့သည် ဒီမွေးမြူရေးဟာ အခရာကျတယ်လို့ ထင်ပါတယ်” ဟု ရခိုင်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဌေးက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား တင်ပြထားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။  
“နွားတွေမွေးမယ်လို့ စီမံကိန်းကို ဝန်ကြီးကတင်ပြတော့ ရခိုင်ပြည်နယ်လုံးအတွက်တော့ လုပ်မပေးနိုင်ဘူးတဲ့။ ဆွေးနွေးပြီးမှလုပ်ရင် မကောင်းဘူးလားလို့ ပြောဖူးပါတယ်။ ရခိုင်ပြည်နယ်ကို လာမယ်။ ဆွေးနွေးမှုတွေ လုပ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီတော့ ဖိတ်ခေါ်ပါတယ်။ မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့အတွက် တစ်ခုခုအဖြေရမယ်လို့ ထင်ပါတယ်။ မျှော်နေပါတယ်” ဟု ဦးတင်ဌေးက ဆက်ပြောသည်။ 

-- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။