Skip to main content
ပ်ား
Ads Block

ပ်ားရည္ေစ်းႏႈန္းတိုးတက္ရရွိလာေသာ္လည္း ႏွစ္စဥ္ထုတ္လုပ္မႈသိသိသာသာ တိုးတက္လာျခင္းမရွိဟု ဆို 

ပ်ားရည္ေစ်းႏႈန္းတိုးျမင့္ရရွိလာေသာ္လည္း ႏွစ္စဥ္ထုတ္လုပ္မႈပမာဏမွာ သိသိသာသာတိုးတက္လာျခင္း မရွိသျဖင့္ ထုတ္လုပ္ႏိုင္သည့္ပမာဏတိုးျမင့္ေစရန္ ေဆာင္ရြက္ေနရေၾကာင္း ျမန္မာႏိုင္ငံပ်ားေမြးျမဴေရးအသင္းမွ ဥကၠ႒ ဦးေအာင္ခိုင္ေႏြးက ေျပာသည္။

ပ်ားရည္ေစ်းႏႈန္းမ်ားသည္ လြန္ခဲ့ေသာ ၅ ႏွစ္ခန္႔က တစ္ပိႆာလွ်င္ က်ပ္ ၁၈၀၀ မွ က်ပ္ ၂၀၀၀ ၾကားရွိခဲ့ရာမွ ၂၀၁၈ ခုႏွစ္တြင္ တစ္ပိႆာလွ်င္ က်ပ္ ၂၅၀၀ မွက်ပ္ ၃၀၀၀ အထိျမင့္တက္လာၿပီး ယခု ၂၀၁၉ ခုႏွစ္တြင္ တစ္ပိႆာလွ်င္ က်ပ္ ၃၀၀၀ မွ ၃၇၀၀ အထိတိုးတက္ရရွိလာေၾကာင္း သိရသည္။ “ ပ်ားရည္ေစ်းကလြန္ခဲ့တဲ့ ၅ ႏွစ္ထက္ ေစ်းေတြျမင့္တက္လာပါတယ္။ ေစ်းႏႈန္းတုိးတက္ရရွိလာေပမဲ့ ႏွစ္စဥ္ထုတ္လုပ္မႈဟာ သိသိသာသာတိုးတက္လာျခင္းမရွိတာေတြ႕ရပါတယ္။ ပ်ားလုပ္ငန္းအသင္းဟာ ပ်ားရည္အမ်ားဆံုးတင္သြင္းတဲ့ ႏိုင္ငံေတြကိုထပ္မံတိုးခ်ဲ႕တင္ပို႔ႏိုင္ရန္လည္း အသင္းကေန ႀကိဳးစားေနပါတယ္။ ႏုိင္ငံတကာေစ်းကြက္ရရွိလာေအာင္၊ ထုတ္လုပ္မႈတိုးတက္လာေအာင္ ေဆာင္ရြက္ေနပါတယ္။ ထုတ္လုပ္မႈ တိုးတက္ဖို႔သင္တန္းေပးတာေတြလုပ္တယ္။ စမ္းသပ္စခန္းေတြ ဖြင့္ထားပါတယ္ ” ဟု ျမန္မာႏိုင္ငံ ပ်ားေမြးျမဴေရးအသင္းမွ ဥကၠ႒ ဦးေအာင္ခိုင္ေႏြးက ေျပာသည္။ ပ်ားရည္ေစ်းႏႈန္းမ်ားတိုးျမင့္လာေသာ္လည္း ပ်ားရည္ထုတ္လုပ္မႈပမာဏသည္ ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ တန္ခ်ိန္ေပါင္း ၄၀၀၀ မွ ၄၅၀၀ ခန္႔သာ ပံုမွန္ထုတ္လုပ္ႏိုင္ေၾကာင္း သိရသည္။ 

ထို႔ေၾကာင့္ ပ်ားရည္ျပည္ပတင္ပို႔မႈေစ်းကြက္ေကာင္းမ်ားရရွိေစရန္ ႏိုင္ငံတကာအဖြဲ႕အစည္းျဖစ္ေသာ GIZ အဖြဲ႕မွ ၂၀၁၇ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ လာေရာက္ကူညီေပးေနရေၾကာင္း သိရသည္။ 

Unicode Version 

ပျားရည်ဈေးနှုန်းတိုးမြင့်ရရှိလာသော်လည်း နှစ်စဉ်ထုတ်လုပ်မှုပမာဏမှာ သိသိသာသာတိုးတက်လာခြင်း မရှိသဖြင့် ထုတ်လုပ်နိုင်သည့်ပမာဏတိုးမြင့်စေရန် ဆောင်ရွက်နေရကြောင်း မြန်မာနိုင်ငံပျားမွေးမြူရေးအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ခိုင်နွေးက ပြောသည်။
ပျားရည်ဈေးနှုန်းများသည် လွန်ခဲ့သော ၅ နှစ်ခန့်က တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ကျပ် ၂၀၀၀ ကြားရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှကျပ် ၃၀၀၀ အထိမြင့်တက်လာပြီး ယခု ၂၀၁၉ ခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၃၇၀၀ အထိတိုးတက်ရရှိလာကြောင်း သိရသည်။ “ ပျားရည်ဈေးကလွန်ခဲ့တဲ့ ၅ နှစ်ထက် ဈေးတွေမြင့်တက်လာပါတယ်။ ဈေးနှုန်းတိုးတက်ရရှိလာပေမဲ့ နှစ်စဉ်ထုတ်လုပ်မှုဟာ သိသိသာသာတိုးတက်လာခြင်းမရှိတာတွေ့ရပါတယ်။ ပျားလုပ်ငန်းအသင်းဟာ ပျားရည်အများဆုံးတင်သွင်းတဲ့ နိုင်ငံတွေကိုထပ်မံတိုးချဲ့တင်ပို့နိုင်ရန်လည်း အသင်းကနေ ကြိုးစားနေပါတယ်။ နိုင်ငံတကာဈေးကွက်ရရှိလာအောင်၊ ထုတ်လုပ်မှုတိုးတက်လာအောင် ဆောင်ရွက်နေပါတယ်။ ထုတ်လုပ်မှု တိုးတက်ဖို့သင်တန်းပေးတာတွေလုပ်တယ်။ စမ်းသပ်စခန်းတွေ ဖွင့်ထားပါတယ် ” ဟု မြန်မာနိုင်ငံ ပျားမွေးမြူရေးအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ခိုင်နွေးက ပြောသည်။
ပျားရည်ဈေးနှုန်းများတိုးမြင့်လာသော်လည်း ပျားရည်ထုတ်လုပ်မှုပမာဏသည် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၄၀၀၀ မှ ၄၅၀၀ ခန့်သာ ပုံမှန်ထုတ်လုပ်နိုင်ကြောင်း သိရသည်။ 
ထို့ကြောင့် ပျားရည်ပြည်ပတင်ပို့မှုဈေးကွက်ကောင်းများရရှိစေရန် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော GIZ အဖွဲ့မှ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လာရောက်ကူညီပေးနေရကြောင်း သိရသည်။ 

   -  သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။