Skip to main content
ႏြား
Ads Block

တရားမဝင္ ကၽြဲ၊ ႏြား တင္ပို႔/တင္သြင္းျခင္းမ်ားရွိေသာ္လည္း လက္နက္ကိုင္မ်ားၾကားတြင္ျဖစ္ေနသျဖင့္ မတားျမစ္ႏိုင္ဟု ဆို 

ကၽြဲ၊ ႏြားအရွင္မ်ား ဝယ္ယူစုေဆာင္းကာ ျပည္ပသို႔တရားမဝင္တင္ပို႔ျခင္း၊ ျပည္တြင္းသို႔ တရားမဝင္တင္သြင္းျခင္းမ်ား လုပ္ကိုင္ေနေသာ္လည္း တားျမစ္ႏုိင္စြမ္းမရွိ ျဖစ္ေနရေၾကာင္း ကရင္ျပည္နယ္ေမြးျမဴေရးလုပ္ငန္းအဖြဲ႕မွ အတြင္းေရးမွဴး ဦးေအာင္ကိုလတ္က ေျပာသည္။
 
ကရင္ျပည္နယ္တြင္ ျပည္တြင္းစားသံုးရန္ ကၽြဲ၊ ႏြားမ်ားေမြးၾကျခင္း၊ ႏို႔ထုတ္လုပ္ရန္ ႏို႔စားႏြားမ်ား ေမြးျမဴျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းရွိသကဲ့သို႔ ကၽြဲအရွင္၊ ႏြားအရွင္မ်ား ဝယ္ယူစုေဆာင္းကာ တရားမဝင္ျပည္ပတင္ပို႔ျခင္းႏွင့္ ျပည္တြင္းတင္သြင္းျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းအေပၚ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ “ အခုအခါ ကၽြဲႏြားဝယ္ယူစုေဆာင္းမႈလုပ္ငန္းမ်ားကို ကရင္ျပည္နယ္မွာ လုပ္ေဆာင္ေနတဲ့ ကုမၸဏီက ၂ ခုေတာင္ ရွိေနပါတယ္။ နယ္စပ္ကေန ကၽြဲ၊ ႏြားေတြ တရားမဝင္တင္သြင္းမႈေတြ အမ်ားႀကီးရွိတယ္။ ကၽြဲအရွင္၊ ႏြားအရွင္ေတြ ဟုိဘက္ကမ္းကို ကူးေနတာ အမ်ားႀကီးေတြ႕ရတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အေနနဲ႔ တားလို႔မရပါဘူး။ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ၾကားထဲမွာျဖစ္လို႔ တားလို႔မရပါဘူး ” ဟု ကရင္ျပည္နယ္ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕မွ အတြင္းေရးမွဴး ဦးေအာင္ကိုလတ္က ေျပာသည္။ ၂၀၁၈ ခုႏွစ္ ဇူလိုင္လႏွင့္ ၾသဂုတ္လတြင္ ထုိင္းႏိုင္ငံသို႔ ျမဝတီနယ္စပ္ထြက္ေပါက္မွတစ္ဆင့္ ကၽြဲအေကာင္ေရ  ၁၀၀ ကို ႏွစ္ႀကိမ္တိုင္တိုင္ တင္ပို႔ခဲ့ရာ ယင္းႏွစ္ႀကိမ္လံုး အရံႈးေပၚခဲ့ေၾကာင္း ၾကားသိရသည္ဟု ၄င္းေျပာျပခ်က္အရ သိရသည္။ “ ကၽြဲ၊ ႏြားေတြ တရားမဝင္တင္သြင္းျခင္း၊ တင္ပို႔ျခင္းကိုကေတာ့ ေတာ္ေတာ္ကို ပူးေပါင္းေဆာင္ရြက္ရပါမယ္။ အဓိကပူးေပါင္းလုပ္ကိုင္ရမွာကေတာ့ ျမန္မာႏိုင္ငံေမြးျမဴေရးအဖြဲဲ႕ခ်ဳပ္ပါ။ ဒီကိစၥကလည္း ေတာ္ေတာ္ခက္ခက္ခဲခဲလုပ္ရမယ့္ အေျခအေနပါ။ ခက္ခဲေပမဲ့ ဒါကို ထိထိေရာက္ေရာက္လုပ္ရပါမယ္ ” ဟု ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာရဲဝင္းထြန္းက ေျပာသည္။ စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနသည္ ေစ်းကြက္စီးပြားေရးစနစ္ႏွင့္အညီ ေရာင္းလိုအားႏွင့္ ဝယ္လိုအားအရ ျဖစ္ေပၚေနေသာ လြတ္လပ္သည့္ေစ်းကြက္ကို ေဖာ္ေဆာင္ႏိုင္ရန္၊ တရားမဝင္တင္ပို႔မႈမ်ားကို တရားဝင္လမ္းေၾကာင္း ေပၚသို႔ ေရာက္ရွိေစရန္၊ ေမြးျမဴေရးေတာင္သူမ်ား ဝင္ေငြႏွင့္ အလုပ္အကိုင္ အခြင့္အလမ္း ပိုမိုရရွိေစရန္၊ ေတာင္သူလယ္သမားမ်ား အက်ိဳးစီးပြားကို ပိုမိုကာကြယ္ရန္ ရည္ရြယ္၍ ကၽြဲ၊ ႏြားအရွင္မ်ားကုိ ျပည္ပသို႔ တရားဝင္တင္ပို႔ခြင့္ကို ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္တြင္ ခြင့္ျပဳခဲ့သည္။ ယင္းသို႔ တင္ပို႔ရန္ ကၽြဲ၊ ႏြားအရွင္မ်ား ဝယ္ယူစုေဆာင္းျခင္း၊ တိရစာၦန္က်န္းမာေရးစစ္ေဆးျခင္း၊ ျပည္တြင္း နယ္ေက်ာ္သယ္ေဆာင္ျခင္းမ်ားကို လုပ္ထံုးလုပ္နည္းႏွင့္ စည္းကမ္းမ်ားအတိုင္း လုိက္နာေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားခဲ့သည္။ 

ယင္းသို႔ တရားဝင္တင္ပို႔ရန္ ႏိုင္ငံေတာ္မွ ခြင့္ျပဳထားေသာ္လည္း တရားမဝင္နည္းျဖင့္ တင္ပို႔ေနၾကျခင္းမွာ အက်ိဳးမရွိသျဖင့္ အဆိုပါ ခြင့္ျပဳမႈကို ျပန္လည္စိစစ္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ပခုကၠဴၿမိဳနယ္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၉ ရက္က က်င္းပခဲ့သည့္ ေဒသခံမ်ားေတြ႕ဆံုသည့္ ၿငိမ္းခ်မ္းေရးစကားဝိုင္းတြင္ ေျပာၾကားထားသည္။ 

Unicode Version

ကျွဲ၊ နွားအရှင်များ ဝယ်ယူစုဆောင်းကာ ပြည်ပသို့တရားမဝင်တင်ပို့ခြင်း၊ ပြည်တွင်းသို့ တရားမဝင်တင်သွင်းခြင်းများ လုပ်ကိုင်နေသော်လည်း တားမြစ်နိုင်စွမ်းမရှိ ဖြစ်နေရကြောင်း ကရင်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ကိုလတ်က ပြောသည်။
ကရင်ပြည်နယ်တွင် ပြည်တွင်းစားသုံးရန် ကျွဲ၊ နွားများမွေးကြခြင်း၊ နို့ထုတ်လုပ်ရန် နို့စားနွားများ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းရှိသကဲ့သို့ ကျွဲအရှင်၊ နွားအရှင်များ ဝယ်ယူစုဆောင်းကာ တရားမဝင်ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းတင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအပေါ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ အခုအခါ ကျွဲနွားဝယ်ယူစုဆောင်းမှုလုပ်ငန်းများကို ကရင်ပြည်နယ်မှာ လုပ်ဆောင်နေတဲ့ ကုမ္ပဏီက ၂ ခုတောင် ရှိနေပါတယ်။ နယ်စပ်ကနေ ကျွဲ၊ နွားတွေ တရားမဝင်တင်သွင်းမှုတွေ အများကြီးရှိတယ်။ ကျွဲအရှင်၊ နွားအရှင်တွေ ဟိုဘက်ကမ်းကို ကူးနေတာ အများကြီးတွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ တားလို့မရပါဘူး။ လက်နက်ကိုင်အဖွဲ့တွေရဲ့ကြားထဲမှာဖြစ်လို့ တားလို့မရပါဘူး ” ဟု ကရင်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ကိုလတ်က ပြောသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတွင် ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်ထွက်ပေါက်မှတစ်ဆင့် ကျွဲအကောင်ရေ  ၁၀၀ ကို နှစ်ကြိမ်တိုင်တိုင် တင်ပို့ခဲ့ရာ ယင်းနှစ်ကြိမ်လုံး အရှုံးပေါ်ခဲ့ကြောင်း ကြားသိရသည်ဟု ၎င်းပြောပြချက်အရ သိရသည်။ 
“ ကျွဲ၊ နွားတွေ တရားမဝင်တင်သွင်းခြင်း၊ တင်ပို့ခြင်းကိုကတော့ တော်တော်ကို ပူးပေါင်းဆောင်ရွက်ရပါမယ်။ အဓိကပူးပေါင်းလုပ်ကိုင်ရမှာကတော့ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်ပါ။ ဒီကိစ္စကလည်း တော်တော်ခက်ခက်ခဲခဲလုပ်ရမယ့် အခြေအနေပါ။ ခက်ခဲပေမဲ့ ဒါကို ထိထိရောက်ရောက်လုပ်ရပါမယ် ” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲဝင်းထွန်းက ပြောသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ရောင်းလိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်နေသော လွတ်လပ်သည့်ဈေးကွက်ကို ဖော်ဆောင်နိုင်ရန်၊ တရားမဝင်တင်ပို့မှုများကို တရားဝင်လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရန်၊ မွေးမြူရေးတောင်သူများ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ တောင်သူလယ်သမားများ အကျိုးစီးပွားကို ပိုမိုကာကွယ်ရန် ရည်ရွယ်၍ ကျွဲ၊ နွားအရှင်များကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် ခွင့်ပြုခဲ့သည်။ ယင်းသို့ တင်ပို့ရန် ကျွဲ၊ နွားအရှင်များ ဝယ်ယူစုဆောင်းခြင်း၊ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်တွင်း နယ်ကျော်သယ်ဆောင်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။ 
ယင်းသို့ တရားဝင်တင်ပို့ရန် နိုင်ငံတော်မှ ခွင့်ပြုထားသော်လည်း တရားမဝင်နည်းဖြင့် တင်ပို့နေကြခြင်းမှာ အကျိုးမရှိသဖြင့် အဆိုပါ ခွင့်ပြုမှုကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူမြိုနယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်က ကျင်းပခဲ့သည့် ဒေသခံများတွေ့ဆုံသည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားထားသည်။ 

   -   သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။