Skip to main content
ငွက္ေျပာေၾကာ္
Ads Block

ျမန္မာ့ရုပ္ရွင္ေလာက၌ EPC လွ်ပ္စစ္မီးကဲ့သုိ ့System break down ျဖစ္ေနေၾကာင္း ဟာသသရုပ္ေဆာင္ ငွက္ေပ်ာေၾကာ္ ေျပာ

ျမန္မာ့ရုပ္ရွင္ေလာကအတြင္း၌ EPC လွ်ပ္စစ္မီးျဖစ္ေနသကဲ့သို႔ System break down ျဖစ္ေနေၾကာင္း ဟာသသရုပ္ေဆာင္ ငွက္ေပ်ာေၾကာ္က ေ၀ဖန္ေျပာၾကားလိုက္သည္။ 

လက္ရွိတြင္ ရုပ္ရွင္ေလာကသားမ်ားအၾကား မညီမွ်မႈအေျခအေနအရပ္ရပ္ကုိၾကံဳေတြ႕ေနရသည့္ အခက္အခဲမ်ားႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။  “ System break down ျဖစ္ေနတာ EPC မွျဖစ္ေနတာမဟုတ္ဘူး၊ အႏုပညာေလာကလည္း အဲဒီလိုပဲ။ မေကာင္းတာလုပ္ေနတာ မဟုတ္ဘူး။ ေကာင္းေအာင္ႀကိဳးစားေနတယ္။ ၀ိုင္း၀န္းၿပီး လုပ္ၾကပါ။ အခုဆို ဗီဒီယိုလည္း အသက္ပါသြားၿပီ။ ရုပ္ရွင္ရံုကလည္း အားနည္းေနေတာ့ အာလံုးတန္႔ေနတယ္။ တစ္ခ်ိဳ႕ရုပ္ရွင္ေလာကသားေတြဆို အေႀကာ္ေရာင္းတဲ့သူေတြေရာင္း၊ ထမင္းေႀကာ္ေရာင္းတဲ့သူေတြနဲ႔ ကိုယ္ေတာင္ ကံေကာင္းလို႔ မလုပ္ရေသးဘူး။ လုပ္ရရင္ေတာင္ ဘယ္လိုလုပ္ရမလဲ စဥ္းစားေနရတယ္ ” ဟု ငွက္ေပ်ာေၾကာ္က ေျပာသည္။ လက္ရွိတြင္ ဗီဒီယုိဇာတ္ကားေစ်းကြက္ ရပ္တန္႔သြားေသာေၾကာင့္ ဇာတ္ပို႔၊ ဇာတ္ရံမ်ားမွာ ရပ္တည္ရန္ ပိုမိုခက္ခဲလာေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။ “ မီးပ်က္မွန္းသိရင္ မီးစက္မ၀ယ္ႏိုင္ေတာင္ လက္ႏွိပ္ဓာတ္မီးေလးေတာ့ ေဆာင္ထားသင့္တယ္။ အိမ္တိုင္းမွာ လက္ႏွိပ္ဓာတ္မီး ၄ ခု၊ ၅ ခုေလာက္ေတာ့လိုတယ္။ အခုဆို DVD အေနနဲ႔ ရိုက္ေတာ့မယ္ဆိုေတာ့ အႏုပညာအတြက္ ကယ္ဆယ္ေရးပါပဲ။ ေက်းဇူးတင္ရမယ္ ” ဟု ငွက္ေပ်ာေၾကာ္က ဆက္လက္ေျပာၾကားသည္။ 

ၿပီးခဲ့ေသာ အကယ္ဒမီဆုေပးပြဲတြင္လည္း ပရိသတ္မ်ားခန္႔မွန္းထားေသာ ဇာတ္ေဆာင္မ်ားႏွင့္ ဇာတ္လမ္းဆုမ်ား မရရွိခဲ့သည့္အတြက္လည္း အကယ္ဒမီဆုေရြးခ်ယ္ေရးအဖြဲ႔အေပၚ ေ၀ဖန္မႈမ်ားစြာ ရွိခဲ့ျခင္းကုိ နားလည္မိေၾကာင္းလည္း ငွက္ေပ်ာေၾကာ္က ေျပာသည္။ 

Unicode Version 

မြန်မာ့ရုပ်ရှင်လောကအတွင်း၌ EPC လျှပ်စစ်မီးဖြစ်နေသကဲ့သို့ System break down ဖြစ်နေကြောင်း ဟာသသရုပ်ဆောင် ငှက်ပျောကြော်က ဝေဖန်ပြောကြားလိုက်သည်။ 
လက်ရှိတွင် ရုပ်ရှင်လောကသားများအကြား မညီမျှမှုအခြေအနေအရပ်ရပ်ကိုကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 
“ System break down ဖြစ်နေတာ EPC မှဖြစ်နေတာမဟုတ်ဘူး၊ အနုပညာလောကလည်း အဲဒီလိုပဲ။ မကောင်းတာလုပ်နေတာ မဟုတ်ဘူး။ ကောင်းအောင်ကြိုးစားနေတယ်။ ဝိုင်းဝန်းပြီး လုပ်ကြပါ။ အခုဆို ဗီဒီယိုလည်း အသက်ပါသွားပြီ။ ရုပ်ရှင်ရုံကလည်း အားနည်းနေတော့ အာလုံးတန့်နေတယ်။ တစ်ချို့ရုပ်ရှင်လောကသားတွေဆို အကြော်ရောင်းတဲ့သူတွေရောင်း၊ ထမင်းကြော်ရောင်းတဲ့သူတွေနဲ့ ကိုယ်တောင် ကံကောင်းလို့ မလုပ်ရသေးဘူး။ လုပ်ရရင်တောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေရတယ် ” ဟု ငှက်ပျောကြော်က ပြောသည်။ လက်ရှိတွင် ဗီဒီယိုဇာတ်ကားဈေးကွက် ရပ်တန့်သွားသောကြောင့် ဇာတ်ပို့၊ ဇာတ်ရံများမှာ ရပ်တည်ရန် ပိုမိုခက်ခဲလာကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ “ မီးပျက်မှန်းသိရင် မီးစက်မဝယ်နိုင်တောင် လက်နှိပ်ဓာတ်မီးလေးတော့ ဆောင်ထားသင့်တယ်။ အိမ်တိုင်းမှာ လက်နှိပ်ဓာတ်မီး ၄ ခု၊ ၅ ခုလောက်တော့လိုတယ်။ အခုဆို DVD အနေနဲ့ ရိုက်တော့မယ်ဆိုတော့ အနုပညာအတွက် ကယ်ဆယ်ရေးပါပဲ။ ကျေးဇူးတင်ရမယ် ” ဟု ငှက်ပျောကြော်က ဆက်လက်ပြောကြားသည်။ 
ပြီးခဲ့သော အကယ်ဒမီဆုပေးပွဲတွင်လည်း ပရိသတ်များခန့်မှန်းထားသော ဇာတ်ဆောင်များနှင့် ဇာတ်လမ်းဆုများ မရရှိခဲ့သည့်အတွက်လည်း အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့အပေါ် ဝေဖန်မှုများစွာ ရှိခဲ့ခြင်းကို နားလည်မိကြောင်းလည်း ငှက်ပြောကြော်က ပြောသည်။ 

   -   အိျႏၵာ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။