Skip to main content
ဆန္ေစ်းအရံႈးေပၚေနသျဖင့္ စပါးမ်ားမႀကိတ္ခြဲႏိုင္ေတာ့ဘဲပံုထားရဟု ဆို 
Ads Block

ဆန္ေစ်းအရံႈးေပၚေနသျဖင့္ စပါးမ်ားမႀကိတ္ခြဲႏိုင္ေတာ့ဘဲပံုထားရဟု ဆို 


တရုတ္မွ ၀ယ္လိုအားက်ဆင္းလာေသာ ျပည္တြင္းဆန္ေစ်းကြက္တြင္ စပါးမ်ား မႀကိတ္ႏုိင္ေတာ့ဘဲ ပံုထားလာရေၾကာင္း ဆန္ေရာင္း၀ယ္ေနသူမ်ားထံမွ သိရသည္။ 
သၾကၤန္မတိုင္မီဧၿပီလပထမအပတ္တြင္ ၂၅ ရာခိုင္ႏႈန္းဆန္အမ်ိဳးအစားတစ္တင္းခြဲပါ ဆန္တစ္အိတ္လွ်င္ က်ပ္ ၁၈၀၀၀ မွ က်ပ္ ၁၉၅၀၀ အထိေစ်းရရွိခဲ့ေသာ္လည္းလက္ရွိေမလဆန္းတြင္ က်ပ္ ၁၇၀၀၀ မွ က်ပ္ ၁၇၅၀၀ ဝန္းက်င္သာေစ်းႏႈန္းရရွိေၾကာင္း သိရသည္။
“တရုတ္ကမဝယ္တာမဟုတ္ဘူး။ ဝယ္ေတာ့ဝယ္တယ္။ ရက္ ၉၀ က နီးစပ္ရာပဲပို႔ေနၾကေတာ့ ဒီအထိ လာမဝယ္ေတာ့ဘူး။ မူဆယ္မွာတင္ပိတ္မိေနတဲ့ ဆန္ဆိုလည္းမနည္းဘူးေလ။ ဒီဘက္မွာကအခြန္လြတ္တဲ့ ငစိန္တို႔၊ ထြန္းပုတို႔ေလာက္ပဲတရုတ္ကဆြဲေတာ့တာ။ ရက္ ၉၀ ေတြဘာေတြကဒီကလာမဝယ္ေတာ့ဘူး။ ဒါေတြကတရုတ္ဝယ္မွပဲေရာင္းရတာကိုး။ ဆန္တင္မဟုတ္ဘူး။ ေအာက္မွာစပါးေတြပါ ပံုေနတယ္။ မႀကိတ္ၾကေတာ့ဘူး”ဟု ေညာင္တုန္းၿမိဳ႕နယ္မွ ဆန္ကုန္သည္ ဦးမ်ိဳးႏိုင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
လက္ရွိ ျမန္မာႏိုင္ငံမွ တရုတ္ႏုိင္ငံသို႔ ဆန္႔တင္ပို႔ရာတြင္ ျမန္မာႏိုင္ငံဘက္မွ တရားဝင္ခြင့္ျပဳထားေသာ္လည္း တရုတ္ႏိုင္ငံမွ တရားဝင္ခြင့္ျပဳထားျခင္းမရွိသည့္အတြက္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ တစ္ဆင့္ တင္ပို႔ေနရေၾကာင္း သိရသည္။ 
ျမန္မာႏိုင္ငံမွ ျပည္ပဆန္တင္ပို႔မႈအေနျဖင့္ ၿပီးခဲ့သည့္ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ မတ္ထရစ္တန္ခ်ိန္ ၃ ဒႆမ ၈ သန္းနီးပါးအထိစံခ်ိန္တင္တင္ပို႔ႏိုင္ခဲ့ၿပီး ၂၀၁၈-၁၉ ဘ႑ာႏွစ္ (ဧၿပီလ ၁ ရက္မွ မတ္လ ၃၁ ရက္အထိ)တြင္ မတ္ထရစ္ တန္ခ်ိန္ ၂၃,၈၁,၀၅၅ တင္ပို႔ႏိုင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွ သိရသည္။ 

- သင္းလင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode Version

 

ဆန်ဈေးအရှုံးပေါ်နေသဖြင့် စပါးများမကြိတ်ခွဲနိုင်တော့ဘဲပုံထားရဟု ဆို 

တရုတ်မှ ဝယ်လိုအားကျဆင်းလာသော ပြည်တွင်းဆန်ဈေးကွက်တွင် စပါးများ မကြိတ်နိုင်တော့ဘဲ ပုံထားလာရကြောင်း ဆန်ရောင်းဝယ်နေသူများထံမှ သိရသည်။ 
သြင်္ကန်မတိုင်မီဧပြီလပထမအပတ်တွင် ၂၅ ရာခိုင်နှုန်းဆန်အမျိုးအစားတစ်တင်းခွဲပါ ဆန်တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ မှ ကျပ် ၁၉၅၀၀ အထိဈေးရရှိခဲ့သော်လည်းလက်ရှိမေလဆန်းတွင် ကျပ် ၁၇၀၀၀ မှ ကျပ် ၁၇၅၀၀ ဝန်းကျင်သာဈေးနှုန်းရရှိကြောင်း သိရသည်။
“တရုတ်ကမဝယ်တာမဟုတ်ဘူး။ ဝယ်တော့ဝယ်တယ်။ ရက် ၉၀ က နီးစပ်ရာပဲပို့နေကြတော့ ဒီအထိ လာမဝယ်တော့ဘူး။ မူဆယ်မှာတင်ပိတ်မိနေတဲ့ ဆန်ဆိုလည်းမနည်းဘူးလေ။ ဒီဘက်မှာကအခွန်လွတ်တဲ့ ငစိန်တို့၊ ထွန်းပုတို့လောက်ပဲတရုတ်ကဆွဲတော့တာ။ ရက် ၉၀ တွေဘာတွေကဒီကလာမဝယ်တော့ဘူး။ ဒါတွေကတရုတ်ဝယ်မှပဲရောင်းရတာကိုး။ ဆန်တင်မဟုတ်ဘူး။ အောက်မှာစပါးတွေပါ ပုံနေတယ်။ မကြိတ်ကြတော့ဘူး”ဟု ညောင်တုန်းမြို့နယ်မှ ဆန်ကုန်သည် ဦးမျိုးနိုင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန့်တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံမှ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် တင်ပို့နေရကြောင်း သိရသည်။ 
မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုအနေဖြင့် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မတ်ထရစ်တန်ချိန် ၃ ဒဿမ ၈ သန်းနီးပါးအထိစံချိန်တင်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ)တွင် မတ်ထရစ် တန်ချိန် ၂၃,၈၁,၀၅၅ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

- သင်းလင်းလှိုင်(အကုန်သိသတင်းဌာန)


 


 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။