Skip to main content
ေက်ာက္ျဖဴလွ်ပ္စစ္ဓာတ္အားေပးစက္ရံုစီမံကိန္းမွာ ျမန္မာ-တရုတ္ စီးပြားေရးစၾကၤန္အတြက္ အေရးပါေသာ စီမံကိန္းျဖစ္ဟု ဆို 
Ads Block

ေက်ာက္ျဖဴလွ်ပ္စစ္ဓာတ္အားေပးစက္ရံုစီမံကိန္းမွာ ျမန္မာ-တရုတ္ စီးပြားေရးစၾကၤန္အတြက္ အေရးပါေသာ စီမံကိန္းျဖစ္ဟု ဆို 

 

တရုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕တြင္ သေဘာတူလက္မွတ္ေရးထိုးခဲ့သည့္ ေက်ာက္ျဖဴသဘာဝဓာတ္ေငြ႔သံုး လွ်ပ္စစ္ဓာတ္အားေပးစက္ရံုစီမံကိန္းသည္ ျမန္မာ-တရုတ္ စီးပြားေရးစၾကၤန္အတြက္ အေရးပါေသာစီမံကိန္း ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါ ေက်ာက္ျဖဴသဘာဝဓာတ္ေငြ႕သံုးလွ်ပ္စစ္ဓာတ္အားေပးစက္ရံုစီမံကိန္းကို ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္တြင္ တည္ေဆာက္မည္ျဖစ္ၿပီး ေရႊသဘာဝဓာတ္ေငြ႔စီမံကိန္းမွ သဘာဝဓာတ္ေငြ႕အသံုးျပဳ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါစီမံကိန္းအတြက္ တည္ေဆာက္ ၿပီးစီးပါက လွ်ပ္စစ္ဓာတ္အား ၁၃၅ မဂၢါဝပ္ကို ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ အေထာက္အကူျပဳျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“ရခိုင္ျပည္နယ္အတြင္းမွာလိုအပ္ခ်က္ျဖစ္တဲ့ လမ္းပန္းဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ႏိုင္ငံေတာ္အေနနဲ႔လည္း ဦးစားေပးေဆာင္ရြက္ေနပါတယ္။ ဒီစီမံကိန္းသာ ၿပီးစီးသြားလို႔ရွိရင္ စက္မႈလုပ္ငန္း၊ ခရီးသြားလုပ္ငန္းေတြ တိုးတက္လာမွာျဖစ္တဲ့အျပင္ ရင္းႏွီးျမွဳပ္ႏွံသူေတြပါ ဝင္ေရာက္လာႏိုင္မွာပါ။ ဒါေၾကာင့္ ဒီစီမံကိန္းသည္ တရုတ္-ျမန္မာစီးပြားေရးစၾကၤန္အတြက္ အလြန္အေရးပါတဲ့စီမံကိန္းႀကီးတစ္ခုျဖစ္ပါတယ္” ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ရခိုင္ေဒသအေနျဖင့္ လွ်ပ္စစ္ဓာတ္အားရရွိမႈရာခိုင္ႏႈန္းကို ၂၀၂၀ ခုႏွစ္မွာ ၄၅.၄၂ ရာခိုင္ႏႈန္း၊ ၂၀၂၅ ခုႏွစ္မွာ ၇၅ 
ရာခိုင္ႏႈန္းႏွင့္အထက္ တိုးတက္လာေစရန္ ရည္မွန္းထားၿပီး ျပည္နယ္အတြင္းရွိ အိမ္ေထာင္စုဦးေရ (၄၅၉၇၇၂) ဦးရွိသည့္အနက္ ၿမိဳ႕ေပါင္း (၂၆) ၿမိဳ႕၊ ေက်းရြာေပါင္း (၁၈၉၉) ရြာရွိ လွ်ပ္စစ္မီးသံုးစြဲႏိုင္သည့္ ဦးေရ (၉၅၁၆၆) မွာ လွ်ပ္စစ္မီးရရွိေနၿပီျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားကို ၂၀၁၄ ခုႏွစ္တြင္ ၁၅ မဂၢါဝပ္ခန္႔သာ သံုးစြဲခဲ့ရာမွ ၂၀၁၈ ခုႏွစ္တြင္ ၅၄ မဂၢါဝပ္အထိ တိုးတက္သံုးစြဲလာေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

ကျောက်ဖြူလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ မြန်မာ-တရုတ် စီးပွားရေးစြင်္ကန်အတွက် အရေးပါသော စီမံကိန်းဖြစ်ဟု ဆို 

 

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မြန်မာ-တရုတ် စီးပွားရေးစြင်္ကန်အတွက် အရေးပါသောစီမံကိန်း ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအတွက် တည်ဆောက် ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံတော်ဓာတ်အားစနစ်သို့ အထောက်အကူပြုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ရခိုင်ပြည်နယ်အတွင်းမှာလိုအပ်ချက်ဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နိုင်ငံတော်အနေနဲ့လည်း ဦးစားပေးဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းသာ ပြီးစီးသွားလို့ရှိရင် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာမှာဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေပါ ဝင်ရောက်လာနိုင်မှာပါ။ ဒါကြောင့် ဒီစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်အတွက် အလွန်အရေးပါတဲ့စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ဒေသအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင်နှုန်းကို ၂၀၂၀ ခုနှစ်မှာ ၄၅.၄၂ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်မှာ ၇၅ 
ရာခိုင်နှုန်းနှင့်အထက် တိုးတက်လာစေရန် ရည်မှန်းထားပြီး ပြည်နယ်အတွင်းရှိ အိမ်ထောင်စုဦးရေ (၄၅၉၇၇၂) ဦးရှိသည့်အနက် မြို့ပေါင်း (၂၆) မြို့၊ ကျေးရွာပေါင်း (၁၈၉၉) ရွာရှိ လျှပ်စစ်မီးသုံးစွဲနိုင်သည့် ဦးရေ (၉၅၁၆၆) မှာ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ၂၀၁၄ ခုနှစ်တွင် ၁၅ မဂ္ဂါဝပ်ခန့်သာ သုံးစွဲခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၅၄ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။