Skip to main content
ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ အသည္းအစားထုိးခြဲစိတ္မႈခံယူရန္ေစာင့္ဆိုင္းေနေသာ ကေလးငယ္ ၂၀ ဦးၾကားရွိဟု ဆို 
Ads Block

ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ အသည္းအစားထုိးခြဲစိတ္မႈခံယူရန္ေစာင့္ဆိုင္းေနေသာ ကေလးငယ္ ၂၀ ဦးၾကားရွိဟု ဆို 


ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ပ်မ္းမွ် အသည္းအစားထိုးခြဲစိတ္ႏုိင္ရန္ ေစာင့္ဆိုင္းေနေသာ ကေလးငယ္ ၂၀ ဦးၾကားရွိၿပီး အခ်ိဳ႕မွာ ေစာင့္ဆိုင္းရင္း ေသဆံုးသြားရေၾကာင္း ကေလးအထူးကုခြဲစိတ္ဆရာ၀န္ႀကီး ေဒါက္တာယဥ္မာဦးက ေျပာသည္။ 

ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ အသည္းအစားထုိးခြဲစိတ္မႈခံယူရန္ေစာင့္ဆိုင္းေနေသာ ကေလးငယ္ ၂၀ ဦးၾကားရွိဟု ဆို 


အသည္းအစားထိုးခြဲစိတ္မႈခံယူရန္လိုအပ္ေနေသာ ကေလးငယ္အခ်ိဳ႕မွာ ေစာင့္ဆိုင္းေနရင္း ေသဆံုးမႈမ်ားရွိၿပီး ေငြေၾကးလိုအပ္ခ်က္ရွိေၾကာင္း ကေလးအထူးကုခြဲစိတ္ဆရာ၀န္ႀကီး ေဒါက္တာယဥ္မာဦးေျပာျပခ်က္အရ သိရသည္။ 
ရန္ကုန္ကေလးေဆးရံုႀကီးတြင္ ေမလ ၃ ရက္ကက်င္းပေသာ ပထမဆံုးအသည္းအစားထိုးခြဲစိတ္မႈ ေအာင္ျမင္ျခင္း သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“ ဒီအခုခြဲစိတ္လုိက္တဲ့ကေလးဆုိရင္ အသက္ ၆ လေလာက္မွာ ေဆးရုံစေရာက္တယ္။ ၆ လေလာက္ဆုိေပမဲ့ လမ္းေၾကာင္းလႊဲတဲ့ခြဲစိတ္မႈကုိခြဲစိတ္လုိက္တယ္။ ခြဲၿပီးတဲ့အခါေကာင္းရမွာေပါ့။ ေကာင္းတာမုိ႔လုိ႔ ဒီကေလးက အသက ္၅ ႏွစ္အထိအသက္ရွင္ၿပီး အသည္းအစားထုိးခြဲစိတ္မႈလုပ္ႏုိင္တာ။ တခ်ိဳ႕ဆုိရင္ လမ္းေၾကာင္းလႊဲတဲ့ ခြဲစိတ္မႈ ခြဲစိတ္လုိက္ေပမဲ့ ဆက္လုိက္တဲ့အသည္းမွာသည္းေျခရည္မထြက္ဘူး။ ခြဲလုိက္တဲ့ အူထဲကုိ သည္းေျခရည္ကမဆင္းဘူး။ ဆုိလုိ႔ရွိရင္ သူကအသည္းကြ်တ္တာတအားျမန္တယ္။ အဲဒီေတာ့ အသက္၂ နွစ္ေက်ာ္တာနဲ႔အသက္မရွင္ဘူး။ အဲဒီလုိမ်ိဳးနဲ႔ေသသြားတဲ့ကေလးေတြအမ်ားႀကီးပဲ။ ဆရာမတုိ႔ ဒီေစာင့္ဆုိင္းထားခုိင္းတဲ့ကေလးေတြေတာ္ေတာ္မ်ားမ်ားကေသသြားၿပီ။ မရွိေတာ့ဘူး။ အခုဆယ္မိနစ္မွာရွိေပမဲ့ ခဏေနဖုန္းဆက္၊ ဆက္သြယ္မရွိေတာ့ဘူး။ဒီလုိမ်ိဳးအသည္းအစားထုိးခြဲစိတ္ဖုိ႔ ေစာင့္ဆုိင္းေနတဲ့ ကေလးကတစ္ႏွစ္မွာ ပွ်မ္းမွ်အေယာက္ ၂၀ ၾကားရွိတယ္’’ဟု ကေလးခြဲစိပ္အထူးကုဆရာ၀န္ႀကီး ေဒါက္တာယဥ္မာဦးက ေျပာသည္။
ရန္ကုန္ကေလးေဆးရုံႀကီးတြင္ မတ္လ ၁၇ ရက္က ခြဲစိတ္ေသာအသည္းအစားထုိးခြဲစိတ္မႈတြင္ အသက္ ၅ ႏွစ္အရြယ္ ေမာင္ညီညီမင္းဦးမွာ ခြဲစိတ္မႈေအာင္ျမင္ခဲ့သည္။ 
အဆုိပါခြဲစိပ္မႈသည္ စုစုေပါင္းေငြက်ပ္သိန္း ၃၀၀ ကုန္က်ခဲ့ၿပီးဂ်ပန္ႏိုင္ငံဘက္မွ လွဴဒါန္းမႈအပါအ၀င္ ျမန္မာႏိုင္ငံမွျပင္ပအလွဴေငြမ်ားႏွင့္ ႏုိင္ငံေတာ္ကုန္က်ေငြမ်ားပါ၀င္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

 

မြန်မာနိုင်ငံတွင် နှစ်စဉ် အသည်းအစားထိုးခွဲစိတ်မှုခံယူရန်စောင့်ဆိုင်းနေသော ကလေးငယ် ၂၀ ဦးကြားရှိဟု ဆို 

မြန်မာနိုင်ငံတွင် နှစ်စဉ်ပျမ်းမျှ အသည်းအစားထိုးခွဲစိတ်နိုင်ရန် စောင့်ဆိုင်းနေသော ကလေးငယ် ၂၀ ဦးကြားရှိပြီး အချို့မှာ စောင့်ဆိုင်းရင်း သေဆုံးသွားရကြောင်း ကလေးအထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာယဉ်မာဦးက ပြောသည်။ 
အသည်းအစားထိုးခွဲစိတ်မှုခံယူရန်လိုအပ်နေသော ကလေးငယ်အချို့မှာ စောင့်ဆိုင်းနေရင်း သေဆုံးမှုများရှိပြီး ငွေကြေးလိုအပ်ချက်ရှိကြောင်း ကလေးအထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာယဉ်မာဦးပြောပြချက်အရ သိရသည်။ 
ရန်ကုန်ကလေးဆေးရုံကြီးတွင် မေလ ၃ ရက်ကကျင်းပသော ပထမဆုံးအသည်းအစားထိုးခွဲစိတ်မှု အောင်မြင်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“ ဒီအခုခွဲစိတ်လိုက်တဲ့ကလေးဆိုရင် အသက် ၆ လလောက်မှာ ဆေးရုံစရောက်တယ်။ ၆ လလောက်ဆိုပေမဲ့ လမ်းကြောင်းလွှဲတဲ့ခွဲစိတ်မှုကိုခွဲစိတ်လိုက်တယ်။ ခွဲပြီးတဲ့အခါကောင်းရမှာပေါ့။ ကောင်းတာမို့လို့ ဒီကလေးက အသက ်၅ နှစ်အထိအသက်ရှင်ပြီး အသည်းအစားထိုးခွဲစိတ်မှုလုပ်နိုင်တာ။ တချို့ဆိုရင် လမ်းကြောင်းလွှဲတဲ့ ခွဲစိတ်မှု ခွဲစိတ်လိုက်ပေမဲ့ ဆက်လိုက်တဲ့အသည်းမှာသည်းခြေရည်မထွက်ဘူး။ ခွဲလိုက်တဲ့ အူထဲကို သည်းခြေရည်ကမဆင်းဘူး။ ဆိုလို့ရှိရင် သူကအသည်းကျွတ်တာတအားမြန်တယ်။ အဲဒီတော့ အသက်၂ နှစ်ကျော်တာနဲ့အသက်မရှင်ဘူး။ အဲဒီလိုမျိုးနဲ့သေသွားတဲ့ကလေးတွေအများကြီးပဲ။ ဆရာမတို့ ဒီစောင့်ဆိုင်းထားခိုင်းတဲ့ကလေးတွေတော်တော်များများကသေသွားပြီ။ မရှိတော့ဘူး။ အခုဆယ်မိနစ်မှာရှိပေမဲ့ ခဏနေဖုန်းဆက်၊ ဆက်သွယ်မရှိတော့ဘူး။ဒီလိုမျိုးအသည်းအစားထိုးခွဲစိတ်ဖို့ စောင့်ဆိုင်းနေတဲ့ ကလေးကတစ်နှစ်မှာ ပျှမ်းမျှအယောက် ၂၀ ကြားရှိတယ်’’ဟု ကလေးခွဲစိပ်အထူးကုဆရာဝန်ကြီး ဒေါက်တာယဉ်မာဦးက ပြောသည်။
ရန်ကုန်ကလေးဆေးရုံကြီးတွင် မတ်လ ၁၇ ရက်က ခွဲစိတ်သောအသည်းအစားထိုးခွဲစိတ်မှုတွင် အသက် ၅ နှစ်အရွယ် မောင်ညီညီမင်းဦးမှာ ခွဲစိတ်မှုအောင်မြင်ခဲ့သည်။ 
အဆိုပါခွဲစိပ်မှုသည် စုစုပေါင်းငွေကျပ်သိန်း ၃၀၀ ကုန်ကျခဲ့ပြီးဂျပန်နိုင်ငံဘက်မှ လှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံမှပြင်ပအလှူငွေများနှင့် နိုင်ငံတော်ကုန်ကျငွေများပါဝင်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။