Skip to main content
မႈခင္း
Ads Block

ေလျပင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္က်ဳိးက်၍ သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္းရွိ ေနအိမ္မ်ား ပိမိ

ရန္ကုန္တိုင္းေဒသႀကီး၊ အေ႐ွ႕ပိုင္းခ႐ိုင္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ စံျပစီမံကိန္းရပ္ကြက္၊ ဆုေတာင္းျပည့္ရန္မ်ဳိးေအာင္ေစတီေတာ္ဝန္းအတြင္း႐ွိ ဝန္ထမ္းအိမ္ယာ(၂)လုံးသည္ ေမလ ၄ ရက္၊ ညပိုင္းက မိုးရြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္လဲၿပိဳ၍ ပိမိခ့ဲေၾကာင္း သိရသည္။

မုန္တုိင္း အစြန္အဖ်ား၀င္ေရာက္မႈျဖစ္ႏုိင္ေသာ မုိးသည္းထန္စြာရြာသြန္းမႈအတြင္း ရန္ကုန္ျမိဳ ့ရွိ ေနရာအခ်ဳိ ့တြင္ ေမလ ၄ ရက္ညပုိင္း၌ ေလျပင္းမ်ားတုိက္ခတ္ျခင္း၊ သစ္ပင္မ်ားျပိဳလဲျခင္းတုိ ့ျဖစ္ခဲ့ေၾကာင္းလည္း သိရကာ ယင္းအခုိက္အတန္ ့အတြင္း၌ သဃၤန္းကၽြန္းျမိဳ ့နယ္အတြင္းရွိ အဆုိပါ၀န္ထမ္းအိမ္ယာႏွစ္လုံးမွာမူ ထင္ရွားေသာ သာဓကျဖစ္ခဲ့ျခင္းဟု ဆုိႏုိင္သည္။ " သစ္ပင္က်ဳိးက်ၿပီး ပိမိသြားတ့ဲ အိမ္(၂)လုံးထဲမွာ ကြၽန္ေတာ္အိမ္လည္း ပါသြားတယ္။ ပိမိတာကေတာ့ အိမ္ေနာက္ေဘးဘက္ျခမ္းေပါ့။ မီးဖိုေခ်ာင္ပစၥည္းေတြနဲ႔ အဝတ္အစားထည့္ထားတ့ဲပုံးေတြ ပိမိေနတယ္။ သက္ဆိုင္ရာလူႀကီးေတြကိုေတာ့ အေၾကာင္းၾကားၿပီးသြားပါၿပီ။ လူထိခိုက္ဒဏ္ရာရတာမ်ဳိးေတာ့ မ႐ွိပါဘူး " ဟု ဘုရားလုံျခံဳေရးမွဴး ဦးထြန္းျမင့္က အကုန္သိသတင္းဌာနသို႔ ေမလ(၅)ရက္ နံနက္ပုိင္းတြင္ ေျပာသည္။ အဆိုပါေနရာအပါအဝင္ သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း႐ွိ ရပ္ကြက္အမ်ားစု၌ သစ္ပင္လဲၿပိဳျခင္း၊ ေနအိမ္မ်ား ၿပိဳက်ျခင္း၊ ယာဥ္မ်ားအေပၚ သစ္ပင္ပိမိျခင္းႏွင့္ လ်ပ္စစ္ဓာတ္ႀကိဳးမ်ား ပ်က္က်ျခင္းမ်ား ျဖစ္ေပၚခ့ဲေၾကာင္း သက္ဆိုင္ရာတာဝန္႐ွိသူမ်ားထံမွ သိရသည္။

လက္႐ွိတြင္ သက္ဆိုင္ရာတာဝန္႐ွိသူမ်ား ပူးေပါင္း၍ ျပိဳလဲက်ေနေသာ သစ္ပင္ႏွင့္လမ္းမီးတုိင္မ်ားကုိ ႐ွင္းလင္းမႈမ်ား လုပ္ေဆာင္ေဆာင္ေနေၾကာင္း သိရသည္။

Unicode Version 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစီမံကိန်းရပ်ကွက်၊ ဆုတောင်းပြည့်ရန်မျိုးအောင်စေတီတော်ဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာ(၂)လုံးသည် မေလ ၄ ရက်၊ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြို၍ ပိမိခဲ့ကြောင်း သိရသည်။
မုန်တိုင်း အစွန်အဖျားဝင်ရောက်မှုဖြစ်နိုင်သော မိုးသည်းထန်စွာရွာသွန်းမှုအတွင်း ရန်ကုန်မြို့ရှိ နေရာအချို့တွင် မေလ ၄ ရက်ညပိုင်း၌ လေပြင်းများတိုက်ခတ်ခြင်း၊ သစ်ပင်များပြိုလဲခြင်းတို့ဖြစ်ခဲ့ကြောင်းလည်း သိရကာ ယင်းအခိုက်အတန့်အတွင်း၌ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အဆိုပါဝန်ထမ်းအိမ်ယာနှစ်လုံးမှာမူ ထင်ရှားသော သာဓကဖြစ်ခဲ့ခြင်းဟု ဆိုနိုင်သည်။ " သစ်ပင်ကျိုးကျပြီး ပိမိသွားတဲ့ အိမ်(၂)လုံးထဲမှာ ကျွန်တော်အိမ်လည်း ပါသွားတယ်။ ပိမိတာကတော့ အိမ်နောက်ဘေးဘက်ခြမ်းပေါ့။ မီးဖိုချောင်ပစ္စည်းတွေနဲ့ အဝတ်အစားထည့်ထားတဲ့ပုံးတွေ ပိမိနေတယ်။ သက်ဆိုင်ရာလူကြီးတွေကိုတော့ အကြောင်းကြားပြီးသွားပါပြီ။ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး " ဟု ဘုရားလုံခြုံရေးမှူး ဦးထွန်းမြင့်က အကုန်သိသတင်းဌာနသို့ မေလ(၅)ရက် နံနက်ပိုင်းတွင် ပြောသည်။ အဆိုပါနေရာအပါအဝင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်အများစု၌ သစ်ပင်လဲပြိုခြင်း၊ နေအိမ်များ ပြိုကျခြင်း၊ ယာဉ်များအပေါ် သစ်ပင်ပိမိခြင်းနှင့် လျပ်စစ်ဓာတ်ကြိုးများ ပျက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ပြိုလဲကျနေသော သစ်ပင်နှင့်လမ်းမီးတိုင်များကို ရှင်းလင်းမှုများ လုပ်ဆောင်ဆောင်နေကြောင်း သိရသည်။

   -   ႏုိင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။