Skip to main content
ကိုယ္တိုင္ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ဇာတ္ကားမရိွေသးတဲ့ သရုပ္ေဆာင္ ရတနာဗို
Ads Block

ကိုယ္တိုင္ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ဇာတ္ကားမရိွေသးတဲ့ သရုပ္ေဆာင္ ရတနာဗို

 

အႏုပညာလုပ္ငန္းမ်ားႏွင့္ ပတ္သက္ၿပီး ႀကိဳးစားရန္ အမ်ားႀကီးရွိေသးသည့္အတြက္ အဓိက ဇာတ္ ေဆာင္တစ္ေယာက္အေနျဖင့္ရုိက္ကူးထားသည့္ဇာတ္ကားမ်ိဳးမရိွေသးေၾကာင္း သရုပ္ေဆာင္ ရတနာဗို  ကေျပာသည္။

ကိုယ္တိုင္ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ဇာတ္ကားမရိွေသးတဲ့ သရုပ္ေဆာင္ ရတနာဗို


Sky Net ရုပ္သံလိုင္းတြင္ ထုတ္လႊင့္ျပသမည့္ မေၾကာက္ခုနစ္ ေအာင္ထြန္းၾကည္ ဗီဒီယိုဇာတ္ကား ကန္ေတာ့ေပးပြဲအခမ္းအနားတြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
 “ကိုယ္ဆိုၿပီးေတာ့ ဟီးရိုးအေနနဲ႔ တစ္ေယာက္တည္းဇာတ္ကားကေတာ့ မရိွေသးပါဘူး။ ကိုယ္တိုင္ ကလည္း ရိုက္ႏုိင္တဲ့အခြင့္အေရးလည္း မရိွဘူး။ လာကမ္းလွမ္းတဲ့ အေနအထားမွာလည္း အႏုပညာနဲ႔ ပတ္သက္ၿပီးေတာ့ လုိပါေသးတယ္။ အမ်ားႀကီး ဆည္းပူးဖို႔ ေလ့လာဖို႔ ႀကိဳးစားဖို႔ေတြ လုိပါေသးတယ္။ လာကမ္းလွမ္းမယ္ဆိုရင္ေတာင္မွ ကိုယ္ကိုယ့္ကို ယံုၾကည္မႈရိွရိွနဲ႔ ရိုက္ဖို႔ဆိုတာက လည္း သိ္ပ္ေတာ့ မလြယ္ေသးဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ ပါဝင္တဲ့ေနရာမွာပဲ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစား တယ္။ ကိုယ္အရည္အခ်င္းကို အားလံုးသိလာေအာင္ လက္ခံလာေအာင္ ႀကိဳးစားတဲ့အေနအထား ပါပဲ” ဟု သႏၱာဗုိ ကေျပာသည္။

ကိုယ္တိုင္ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ဇာတ္ကားမရိွေသးတဲ့ သရုပ္ေဆာင္ ရတနာဗို


သရုပ္ေဆာင္ ရတနာဗုိသည့္ အႏုပညာပ်ိဳးခင္း၏ စင္တင္မင္းသမီးတစ္ဦးျဖစ္ၿပီးလက္ရိွမွာေတာ့ အႏုပညာပ်ိဳးခင္းႏွင့္ စာခ်ဳပ္ျပည့္သြားၿပီျဖစ္ေၾကာင္း ၎ကေျပာသည္။ 
Sky Net မွာ ထုတ္လႊင့္မည့္ မေၾကာက္ခုနစ္လီ ေအာင္ထြန္းၾကည္ ဗီဒီယိုဇာတ္ကားတြင္ အကယ္ဒမီ ထြန္းထြန္း၊ ယုသႏၱာတင္တို႔နဲ႔အတူ ပါဝင္သရုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။


မ်ိဳးေကခိုင္(အကုန္သိ သတင္းဌာန)

 

Unicode Version

ကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအနေနဲ့ဇာတ်ကားမရှိသေးတဲ့ သရုပ်ဆောင် ရတနာဗို

 

အနုပညာလုပ်ငန်းများနှင့် ပတ်သက်ပြီး ကြိုးစားရန် အများကြီးရှိသေးသည့်အတွက် အဓိက ဇာတ် ဆောင်တစ်ယောက်အနေဖြင့်ရိုက်ကူးထားသည့်ဇာတ်ကားမျိုးမရှိသေးကြောင်း သရုပ်ဆောင် ရတနာဗို  ကပြောသည်။
Sky Net ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသမည့် မကြောက်ခုနစ် အောင်ထွန်းကြည် ဗီဒီယိုဇာတ်ကား ကန်တော့ပေးပွဲအခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
 “ကိုယ်ဆိုပြီးတော့ ဟီးရိုးအနေနဲ့ တစ်ယောက်တည်းဇာတ်ကားကတော့ မရှိသေးပါဘူး။ ကိုယ်တိုင် ကလည်း ရိုက်နိုင်တဲ့အခွင့်အရေးလည်း မရှိဘူး။ လာကမ်းလှမ်းတဲ့ အနေအထားမှာလည်း အနုပညာနဲ့ ပတ်သက်ပြီးတော့ လိုပါသေးတယ်။ အများကြီး ဆည်းပူးဖို့ လေ့လာဖို့ ကြိုးစားဖို့တွေ လိုပါသေးတယ်။ လာကမ်းလှမ်းမယ်ဆိုရင်တောင်မှ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိရှိနဲ့ ရိုက်ဖို့ဆိုတာက လည်း သိပ်တော့ မလွယ်သေးဘူးပေါ့နော်။ အဲဒါကြောင့် ပါဝင်တဲ့နေရာမှာပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစား တယ်။ ကိုယ်အရည်အချင်းကို အားလုံးသိလာအောင် လက်ခံလာအောင် ကြိုးစားတဲ့အနေအထား ပါပဲ” ဟု သန္တာဗို ကပြောသည်။
သရုပ်ဆောင် ရတနာဗိုသည့် အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးတစ်ဦးဖြစ်ပြီးလက်ရှိမှာတော့ အနုပညာပျိုးခင်းနှင့် စာချုပ်ပြည့်သွားပြီဖြစ်ကြောင်း ၎င်းကပြောသည်။ 
Sky Net မှာ ထုတ်လွှင့်မည့် မကြောက်ခုနစ်လီ အောင်ထွန်းကြည် ဗီဒီယိုဇာတ်ကားတွင် အကယ်ဒမီ ထွန်းထွန်း၊ ယုသန္တာတင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးကေခိုင်(အကုန်သိ သတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။