Skip to main content
တပ္မေတာ္မွ တုိက္မရသည့္ စခန္းမရွိဟု ဗုိလ္ခ်ဳပ္စိုးႏုိင္ဦးေျပာ
Ads Block

တပ္မေတာ္မွ တုိက္မရသည့္ စခန္းမရွိဟု ဗုိလ္ခ်ဳပ္စိုးႏုိင္ဦးေျပာ


တပ္မေတာ္အေနျဖင့္ တိုက္မရသည့္ စခန္းမရွိဟု တပ္မေတာ္သတင္း အမွန္ျပန္ၾကားေရးအဖြဲ႔ ဥကၠ႒ ဗုိလ္ခ်ဳပ္စိုးႏုိင္ဦးက ေျပာ ၾကားလုိက္သည္။

တပ္မေတာ္မွ တုိက္မရသည့္ စခန္းမရွိဟု ဗုိလ္ခ်ဳပ္စိုးႏုိင္ဦးေျပာ


ေမလ ၃ ရက္က ေနျပည္ေတာ္ တပ္မေတာ္ စစ္သမုိင္းျပတုိက္တြင္ က်င္းပျပဳလုပ္သည့္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ရခုိင္အေရးတုိ႔ႏွင့္ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲတြင္ ရခုိင္ျပည္နယ္တြင္ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ားအား ဘယ္အခ်ိန္မည္မွ်အၾကာတြင္ ထိန္း ခ်ဳပ္သြားႏုိင္မည္ဟု ယူဆသလဲဆုိသည့္ ေမးခြန္းႏွင့္ပတ္သက္ၿပီး ျပန္လည္ေျဖၾကားလုိက္ျခင္းျဖစ္သည္။
“၈၆၊၈၇ ခုႏွစ္ေလာက္မွာ ဗကပ ကို အၿပီးခ်ဳပ္ၿငိမ္းေအာင္ တုိက္ခိုက္ခဲ့တဲ့ အစဥ္အလာရွိတယ္။ ဒါ့အျပင္ တုိက္လို႔မရဘူး ပထဝီ အေနအထားအရေရာ၊ ခံစစ္ခုိင္မာမႈအရေရာ တုိက္လုိ႔ ဘယ္လုိမွ မရႏုိင္ဘူးဆုိတဲ့ စခန္းေတြ တည္ေဆာက္ထားတဲ့ ေနရာေတြ ကိုလည္း ကၽြန္ေတာ္တုိ႔ တပ္မေတာ္ တုိက္ရင္ရခဲ့တာရွိတယ္။ ေနာက္ပိုင္းမွာ မီတဲ့တုိက္ပြဲေတြ အမ်ားႀကီးရွိပါတယ္။ တပ္မေတာ္ အေနနဲ႔ သူ႔အစဥ္အလာရ လုပ္လုိ႔မရဘူးဆုိတာ မရွိပါဘူး။ သို႔ေသာ္လည္းပဲ တစ္ဖက္က ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းနဲ႔ တစ္ဖက္ က တုိင္းရင္းသားေတြအေပၚမွာ ေဆာင္ ရြက္ရတဲ့ အေနအထားနဲ႔ ခ်ိန္ဆေနျခင္းျဖစ္တယ္။ သေဘာကေတာ့ ဒီေသာင္းက်န္းမႈ လုပ္ငန္းေတြကို စြန္႔ လႊတ္သြားရင္ေတာ့ ျမန္ပါတယ္။ မဟုတ္ဘူးဆုိရင္လည္း အစဥ္အလာအရ တပ္မေတာ္က တကယ္လုပ္ၿပီဆို ရင္ မရတာမရွိဘူး။ အဲဒါေတြနဲ႔ ယွဥ္ၿပီး ေအေအရဲ႕အဆင့္က ဘယ္အဆင့္ရွိလဲ သေဘာေပါက္မွာပါ”ဟု ဗုိလ္ခ်ဳပ္ စိုးႏုိင္ဦး က ေျပာသည္။

တပ္မေတာ္မွ တုိက္မရသည့္ စခန္းမရွိဟု ဗုိလ္ခ်ဳပ္စိုးႏုိင္ဦးေျပာ


အဖြဲ႔အစည္းတစ္ခုတြင္ အစဥ္အလာဆုိတာရွိၿပီး တပ္မေတာ္အေနျဖင့္ လြတ္လပ္ေရးရၿပီးကာလတြင္ ရန္ကုန္အစိုးရ အေနအ ထားမွ ျမန္မာတစ္ႏုိင္ငံလံုးကို  တည္ၿငိမ္ေအးခ်မ္းေစရန္၊ ဥပေဒစုိးမုိးမႈရွိေစရန္ ေဆာင္ရြက္ခဲ့သည့္ အစဥ္အလာရွိခဲ့ေၾကာင္း ၎ ကေျပာသည္။
တပ္မေတာ္အေနျဖင့္ ရခုိင္ျပည္နယ္ေျမာက္ပိုင္းတြင္ AA လက္နက္ကိုင္အဖြဲ႔ႏွင့္ တုိက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေနၿပီး ေဒသခံျပည္ သူမ်ား ေနရပ္စြန္႔ခြာမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။
တပ္မေတာ္အေနျဖင့္ စစ္တုိင္းႀကီး ၅ တုိင္းတြင္ အပစ္ရပ္ကာလ ၄ လတာ ရပ္ဆုိင္းထားရာမွ ၂လထပ္တုိးရပ္ဆုိင္း ထားေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

တပ်မတော်မှ တိုက်မရသည့် စခန်းမရှိဟု ဗိုလ်ချုပ်စိုးနိုင်ဦးပြော
--------- -----------
တပ်မတော်အနေဖြင့် တိုက်မရသည့် စခန်းမရှိဟု တပ်မတော်သတင်း အမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြော ကြားလိုက်သည်။
မေလ ၃ ရက်က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်အရေးတို့နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအား ဘယ်အချိန်မည်မျှအကြာတွင် ထိန်း ချုပ်သွားနိုင်မည်ဟု ယူဆသလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။
“၈၆၊၈၇ ခုနှစ်လောက်မှာ ဗကပ ကို အပြီးချုပ်ငြိမ်းအောင် တိုက်ခိုက်ခဲ့တဲ့ အစဉ်အလာရှိတယ်။ ဒါ့အပြင် တိုက်လို့မရဘူး ပထဝီ အနေအထားအရရော၊ ခံစစ်ခိုင်မာမှုအရရော တိုက်လို့ ဘယ်လိုမှ မရနိုင်ဘူးဆိုတဲ့ စခန်းတွေ တည်ဆောက်ထားတဲ့ နေရာတွေ ကိုလည်း ကျွန်တော်တို့ တပ်မတော် တိုက်ရင်ရခဲ့တာရှိတယ်။ နောက်ပိုင်းမှာ မီတဲ့တိုက်ပွဲတွေ အများကြီးရှိပါတယ်။ တပ်မတော် အနေနဲ့ သူ့အစဉ်အလာရ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ သို့သော်လည်းပဲ တစ်ဖက်က ငြိမ်းချမ်းရေး လမ်းကြောင်းနဲ့ တစ်ဖက် က တိုင်းရင်းသားတွေအပေါ်မှာ ဆောင် ရွက်ရတဲ့ အနေအထားနဲ့ ချိန်ဆနေခြင်းဖြစ်တယ်။ သဘောကတော့ ဒီသောင်းကျန်းမှု လုပ်ငန်းတွေကို စွန့် လွှတ်သွားရင်တော့ မြန်ပါတယ်။ မဟုတ်ဘူးဆိုရင်လည်း အစဉ်အလာအရ တပ်မတော်က တကယ်လုပ်ပြီဆို ရင် မရတာမရှိဘူး။ အဲဒါတွေနဲ့ ယှဉ်ပြီး အေအေရဲ့အဆင့်က ဘယ်အဆင့်ရှိလဲ သဘောပေါက်မှာပါ”ဟု ဗိုလ်ချုပ် စိုးနိုင်ဦး က ပြောသည်။
အဖွဲ့အစည်းတစ်ခုတွင် အစဉ်အလာဆိုတာရှိပြီး တပ်မတော်အနေဖြင့် လွတ်လပ်ရေးရပြီးကာလတွင် ရန်ကုန်အစိုးရ အနေအ ထားမှ မြန်မာတစ်နိုင်ငံလုံးကို  တည်ငြိမ်အေးချမ်းစေရန်၊ ဥပဒေစိုးမိုးမှုရှိစေရန် ဆောင်ရွက်ခဲ့သည့် အစဉ်အလာရှိခဲ့ကြောင်း ၎င်း ကပြောသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံပြည် သူများ နေရပ်စွန့်ခွာမှုများလည်းရှိနေကြောင်း သိရသည်။
တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ တိုင်းတွင် အပစ်ရပ်ကာလ ၄ လတာ ရပ်ဆိုင်းထားရာမှ ၂လထပ်တိုးရပ်ဆိုင်း ထားကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။