Skip to main content
ရန္ကုန္ကေလးေဆးရုံႀကီးတြင္ ပထမဦးဆုံးအသည္းအစားထုိးခြဲစိတ္မႈေအာင္ျမင္
Ads Block

ရန္ကုန္ကေလးေဆးရုံႀကီးတြင္ ပထမဦးဆုံးအသည္းအစားထုိးခြဲစိတ္မႈေအာင္ျမင္


ရန္ကုန္ကေလးေဆးရုံႀကီးတြင္ ပထမဦးဆုံးအသည္းအစားထုိးခြဲစိတ္မႈေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။ 
ရန္ကုန္ကေလးေဆးရုံႀကီးတြင္ ေမလ ၃ ရက္ ညေနပုိင္းက်င္းပေသာ အသည္းအစားထုိးခြဲစိတ္မႈ ေအာင္ျမင္ၿပီးစီးေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေဆးရုံအုပ္ႀကီးေဒါက္တာစုစုေဒြး ေျပာျပခ်က္အရ သိရျခင္း ျဖစ္သည္။ 
“ အသည္းအစားထုိးကုသမႈကုိရန္ကုန္ကေလးေဆးရုံႀကီးမွာျပင္ဆင္ခဲ့တာျဖစ္ပါတယ္။ ၀န္ႀကီးဌာနကုိ တင္ျပခဲ့ပါတယ္။ ၀န္ႀကီးကခြင့္ျပဳခဲ့ပါတယ္။၂၀၁၉ ခုနွစ္၊ မတ္လ ၁၇ ရက္မွာ ညီညီမင္းဦးကုိ ခြဲစိတ္ကုသခဲ့တာျဖစ္ပါတယ္။ ညီညီမင္းဦးကေမြးရာပါ သည္းေျချပြန္မပါေတာ့ အသည္းကြ်တ္တဲ့လကၡဏာ ေပၚလာၿပီးေတာ့ ခဏခဏေသြးအန္တယ္။ေသြး၀မ္းသြားတယ္။ အဲဒါေၾကာင့္ သူ႔အတြက္ အသည္းအစားထုိး ကုသျခင္းက အေကာင္းဆုံးျဖစ္တဲ့အတြက္ အသည္းအစားထုိးကုသဖုိ႔ကုိ ျပင္ဆင္ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ အခုဆုိခြဲစိတ္ၿပီးလုိ႔ေဆးရုံေတာင္ေပးဆင္းလုိက္ၿပီျဖစ္လုိ႔ အခုလုိသတင္းစာရွင္းလင္းပြဲကုိလုပ္တာပါ” ဟု ရန္ကုန္ကေလးေဆးရုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာသည္။
အသည္းအစားထုိးခြဲစိတ္ကုသမႈခံယူရေသာကေလးမွာ ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာၿမိဳ႕နယ္ေန ေမာင္ညီညီမင္းဦး၊ ၅ ႏွစ္အရြယ္ျဖစ္ၿပီး ဖခင္ျဖစ္သူဦးေစာမင္းမင္းက အသည္းလွဴဒါန္းေပးခဲ့ျခင္းျဖစ္သည္။
အဆုိပါအသည္းအစားထိုးခြဲစိတ္ကုသမႈကုိ ဂ်ပန္ႏုိင္ငံ Kyushu University Hospital မွ ပေရာ္ဖက္ဆာ Taguchi ဦးေဆာင္ေသာဂ်ပန္အသည္းခြဲစိတ္ကုသမႈအဖြဲ႔နွင့္ ျမန္မာအသည္းခြဲစိတ္ကုသမႈအဖြဲ႔တုိ႔ပူးေပါင္းကာ ခြဲစိတ္ကုသခဲ့ျခင္းျဖစ္သည္။
“ကေလးကုိခြဲစိတ္ တာၾကာခ်ိန္ကေတာ့ မနက္ ၉ နာရီကစခြဲလုိက္တာ ညက်ေတာ့မွၿပီးပါတယ္။ စုစုေပါင္းအခ်ိန္ ၁၂ နာရီေလာက္ၾကာပါတယ္။ ခြဲစိပ္တာကုိေျပာမယ္ဆုိရင္ ကေလးဘက္ကေနေရာဂါျဖစ္ေနတဲ့အသည္းကုိ ထုတ္ပါတယ္။ ေနာက္လူႀကီးဘက္ကလည္း ကေလးအတြက္ဘယ္ဘက္ကအသည္းကုိေပးပါတယ္။ အသည္းကုိ လူႀကီးဘက္က လူႀကီးအသည္းခြဲစိတ္ဆရာ၀န္ႀကီးရယ္၊ ဂ်ပန္ဘက္က အသည္းခြဲစိတ္ ဆရာ၀န္ႀကီးရယ္ေပါင္းၿပီးထုတ္ပါတယ္။ ၿပီးေတာ့မွအသည္းကုိလုိအပ္သေလာက္ထုတ္ၿပီး ေသြးေၾကာေတြကုိ ျပင္တာျပဳတာလုပ္ပါတယ္။ ၿပီးတဲ့အခါက်ေတာ့မွ ကေလးထဲမွာအသည္းကုိအစားထုိးတာထည့္ပါတယ္။ ထည့္တဲ့အခါမွာလည္း တစ္ဆင့္ၿပီးတစ္ဆင့္လုပ္သြားရပါတယ္’’ဟ ုအသည္းအစားထုိးခြဲစိတ္မႈႏွင့္ပတ္သက္၍ ကေလးခြဲစိတ္ဆရာ၀န္ႀကီးပါေမာကၡ ေအးေအးက ေျပာသည္။
အဆုိပါခြဲစိတ္မႈသည္ စုစုေပါင္းေငြက်ပ္သိန္း ၃၀၀ ကုန္က်ခဲ့ၿပီး ဂ်ပန္ႏိုင္ငံဘက္မွ လွဴဒါန္းမႈအပါအ၀င္ ျမန္မာႏိုင္ငံမွျပင္ပအလွဴေငြမ်ားႏွင့္ ႏုိင္ငံေတာ္ကုန္က်ေငြမ်ားပါ၀င္ေၾကာင္းသိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ရန်ကုန်ကလေးဆေးရုံကြီးတွင် ပထမဦးဆုံးအသည်းအစားထိုးခွဲစိတ်မှုအောင်မြင်

ရန်ကုန်ကလေးဆေးရုံကြီးတွင် ပထမဦးဆုံးအသည်းအစားထိုးခွဲစိတ်မှုအောင်မြင်ခဲ့ကြောင်း သိရသည်။ 
ရန်ကုန်ကလေးဆေးရုံကြီးတွင် မေလ ၃ ရက် ညနေပိုင်းကျင်းပသော အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်ပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဆေးရုံအုပ်ကြီးဒေါက်တာစုစုဒွေး ပြောပြချက်အရ သိရခြင်း ဖြစ်သည်။ 
“ အသည်းအစားထိုးကုသမှုကိုရန်ကုန်ကလေးဆေးရုံကြီးမှာပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာနကို တင်ပြခဲ့ပါတယ်။ ဝန်ကြီးကခွင့်ပြုခဲ့ပါတယ်။၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်မှာ ညီညီမင်းဦးကို ခွဲစိတ်ကုသခဲ့တာဖြစ်ပါတယ်။ ညီညီမင်းဦးကမွေးရာပါ သည်းခြေပြွန်မပါတော့ အသည်းကျွတ်တဲ့လက္ခဏာ ပေါ်လာပြီးတော့ ခဏခဏသွေးအန်တယ်။သွေးဝမ်းသွားတယ်။ အဲဒါကြောင့် သူ့အတွက် အသည်းအစားထိုး ကုသခြင်းက အကောင်းဆုံးဖြစ်တဲ့အတွက် အသည်းအစားထိုးကုသဖို့ကို ပြင်ဆင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုခွဲစိတ်ပြီးလို့ဆေးရုံတောင်ပေးဆင်းလိုက်ပြီဖြစ်လို့ အခုလိုသတင်းစာရှင်းလင်းပွဲကိုလုပ်တာပါ” ဟု ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုခံယူရသောကလေးမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်နေ မောင်ညီညီမင်းဦး၊ ၅ နှစ်အရွယ်ဖြစ်ပြီး ဖခင်ဖြစ်သူဦးစောမင်းမင်းက အသည်းလှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို ဂျပန်နိုင်ငံ Kyushu University Hospital မှ ပရော်ဖက်ဆာ Taguchi ဦးဆောင်သောဂျပန်အသည်းခွဲစိတ်ကုသမှုအဖွဲ့နှင့် မြန်မာအသည်းခွဲစိတ်ကုသမှုအဖွဲ့တို့ပူးပေါင်းကာ ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။
“ကလေးကိုခွဲစိတ် တာကြာချိန်ကတော့ မနက် ၉ နာရီကစခွဲလိုက်တာ ညကျတော့မှပြီးပါတယ်။ စုစုပေါင်းအချိန် ၁၂ နာရီလောက်ကြာပါတယ်။ ခွဲစိပ်တာကိုပြောမယ်ဆိုရင် ကလေးဘက်ကနေရောဂါဖြစ်နေတဲ့အသည်းကို ထုတ်ပါတယ်။ နောက်လူကြီးဘက်ကလည်း ကလေးအတွက်ဘယ်ဘက်ကအသည်းကိုပေးပါတယ်။ အသည်းကို လူကြီးဘက်က လူကြီးအသည်းခွဲစိတ်ဆရာဝန်ကြီးရယ်၊ ဂျပန်ဘက်က အသည်းခွဲစိတ် ဆရာဝန်ကြီးရယ်ပေါင်းပြီးထုတ်ပါတယ်။ ပြီးတော့မှအသည်းကိုလိုအပ်သလောက်ထုတ်ပြီး သွေးကြောတွေကို ပြင်တာပြုတာလုပ်ပါတယ်။ ပြီးတဲ့အခါကျတော့မှ ကလေးထဲမှာအသည်းကိုအစားထိုးတာထည့်ပါတယ်။ ထည့်တဲ့အခါမှာလည်း တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားရပါတယ်’’ဟ ုအသည်းအစားထိုးခွဲစိတ်မှုနှင့်ပတ်သက်၍ ကလေးခွဲစိတ်ဆရာဝန်ကြီးပါမောက္ခ အေးအေးက ပြောသည်။
အဆိုပါခွဲစိတ်မှုသည် စုစုပေါင်းငွေကျပ်သိန်း ၃၀၀ ကုန်ကျခဲ့ပြီး ဂျပန်နိုင်ငံဘက်မှ လှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံမှပြင်ပအလှူငွေများနှင့် နိုင်ငံတော်ကုန်ကျငွေများပါဝင်ကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။