Skip to main content
 ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ကုိလံဘုိၿမိဳ႕ရွိ ခရစ္ယာန္ဘုရားေက်ာင္းမ်ား တနဂၤေႏြ၀တ္ျပဳအစီအစဥ္ ဖ်က္သိမ္း 
Ads Block

 ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ကုိလံဘုိၿမိဳ႕ရွိ ခရစ္ယာန္ဘုရားေက်ာင္းမ်ား တနဂၤေႏြ၀တ္ျပဳအစီအစဥ္ ဖ်က္သိမ္း 


ဘုရားေက်ာင္းတက္သူေတြ တုိက္ခုိက္ခံရႏုိင္တဲ့ ၿခိမ္းေျခာက္မႈေတြရွိေနေၾကာင္း ျပည္ပ ေထာက္လွမ္းေရး သတိေပးခ်က္ေတြေၾကာင့္ သီရိလကၤာႏုိင္ငံ ၿမိဳ႕ေတာ္ကုိလံဘုိရွိ ကက္သလစ္ ဘုရားေက်ာင္းေတြမွာ တနဂၤေႏြေန ့ ၀တ္ျပဳအစီအစဥ္ေတြကုိ ဖ်က္သိမ္းလုိက္ေၾကာင္း သိရပါတယ္။ 
တနလၤာေန ့မွာစတင္မယ့္ အစၥလာမ္မစ္ ရာမာဒန္ဥပုသ္လ မက်ေရာက္မီ စစ္ေသြးၾကြေတြက တုိက္ခုိက္လာဖြယ္ရွိတယ္ဆုိတဲ့ ေထာက္လွမ္းေရး အစီရင္ခံမႈေတြေၾကာင့္ လုံၿခဳံေရးျမင့္မားစြာ တပ္လွန္႔ ထားဆဲျဖစ္ေၾကာင္း သီရိလကၤာ လုံၿခဳံေရးတပ္ဖြဲ ့ကလည္း ေျပာဆုိပါတယ္။ ဒါ့အျပင္ လူ ၂၅၀ ေက်ာ္ ေသဆုံးခဲ့တဲ့ အီစတာပြဲေတာ္ေန ့ အေသခံဗုံးခြဲမႈေတြရဲ ့ ေနာက္ကြယ္မွာရွိေနတဲ့ အစၥလာမ္မစ္ စစ္ေသြးၾကြ အခ်ဳိ ့ဟာ အႏၱရာယ္ေပးႏုိင္ဆဲရွိေနၿပီး ေနာက္ထပ္တုိက္ခုိက္မႈေတြ လုပ္ဖုိ ့စီစဥ္ေနႏုိင္ေၾကာင္း သီရိလကၤာဆုိင္ရာ အေမရိကန္သံအမတ္က ယခုသီတင္းပတ္အတြင္း ထုတ္ေဖာ္ သတိေပးထားခဲ့ပါတယ္။ 

 ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ကုိလံဘုိၿမိဳ႕ရွိ ခရစ္ယာန္ဘုရားေက်ာင္းမ်ား တနဂၤေႏြ၀တ္ျပဳအစီအစဥ္ ဖ်က္သိမ္း 


လုံၿခဳံေရး အေျခအေန ေကာင္းမြန္ျခင္း မရွိေသးပါဘူးလုိ ့ ကုိလံဘုိ ခရစ္ယာန္ဂုိဏ္းခ်ဳပ္ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ အက္ဒ္မတ္ တဲလ္လီကီရတ္နီက ေမ ၃ ရက္ေန ့မွာ ေျပာဆုိပါတယ္။ နာမည္ေက်ာ္ ခရစ္ယာန္ဘုရားေက်ာင္းတစ္ခုကုိ တုိက္ခုိက္လာႏုိင္တယ္လုိ ့ ယုံၾကည္ရေလာက္တဲ့ ျပည္ပ ရင္းျမစ္က သတိေပးခဲ့ေၾကာင္း ကုိလံဘုိ ဂုိဏ္းခ်ဳပ္ဆရာေတာ္ ကာဒီနယ္ မယ္လ္ကြန္ ရန္ဂ်စ္ခ်္က ေမ ၂ ရက္ေန ့မွာ ေျပာဆုိထားခဲ့ပါတယ္။ ၿမိဳ႕ေတာ္ တ၀ုိက္က ပုဂၢလိက ကက္သလစ္စာသင္ေက်ာင္းေတြအားလုံး ယခုမွစကာ ဆက္ပိတ္ထားၾကဖုိ ့လည္း ၄င္းက ေတာင္းဆုိခဲ့ပါတယ္။ ယင္း စာသင္ေက်ာင္းေတြ တနလၤာေန ့မွာ ျပန္ဖြင့္ဖုိ ့စီစဥ္ထားၿပီး ကေလးေတြကုိ အကာအကြယ္ေပးဖုိ ့အတြက္ ေက်ာင္းအသီးသီးမွာ အနည္းဆုံး ရဲတပ္ဖြဲ ့၀င္တစ္ဦး ခ်ထားမွာျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ 
တုိက္ခုိက္မႈျဖစ္ႏုိင္တယ္ဆုိတဲ့ သတိေပးခ်က္ေတြ အႀကိမ္ႀကိမ္ထုတ္ျပန္ေပးျခင္းမရွိတာေၾကာင့္ဆုိကာ သီရိလကၤာအစုိးရ တာ၀န္ရွိသူအခ်ဳိ႕ရာထူးထုတ္ပယ္ခံရမႈရွိေၾကာင္း သတင္းေတြနဲ ့ပတ္သက္လုိ ့ေတာ့ လတ္တေလာမွာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ 
ဧၿပီ ၂၁ ရက္ေန ့က အေသခံဗုံးခြဲတုိက္ခုိက္မႈေတြကုိ လူသိနည္းေသးတဲ့ သီရိလကၤာအေျခစုိက္ အစၥလာမ္မစ္ စစ္ေသြးၾကြအုပ္စုႏွစ္ခုရဲ႕အဖြဲ ့၀င္ေတြက လုပ္ေဆာင္ခဲ့တယ္လုိ ့ ရဲတပ္ဖြဲ ့က သံသယ ရွိထားပါတယ္။ သံသယရွိ တုိက္ခုိက္သူေတြဟာ ႏုိင္ငံတကာအၾကမ္းဖက္အုပ္စုေတြနဲ ့ ခ်ိတ္ဆက္ေနတယ္လုိ ့ သိရိလကၤာအစုိးရက ေျပာဆုိထားေသာ္လည္း ဘယ္အဖြဲ ့အစည္းဆုိတာေတာ့ တိတိက်က် မသိရပါဘူး။ သီရိလကၤာမွာ တၿပိဳင္နက္နီးပါး ဗုံးခြဲတုိက္ခုိက္မႈေတြဟာ ၄င္းတုိ ့လက္ခ်က္ျဖစ္ေၾကာင္း အုိင္အက္စ္ အၾကမ္းဖက္အဖြဲ ့က ထုတ္ျပန္ထားေပမယ့္ ယင္းအတြက္ ခုိင္မာတဲ့ သက္ေသအေထာက္အထားေတာ့ ထုတ္ျပခဲ့ျခင္း မရွိပါဘူး။

- ကုိလင္း(အကုန္သိ သတင္းဌာန)  | Ref : Reuters 

 

Unicode  Version

 ခြိမ်းခြောက်မှုများကြောင့် ကိုလံဘိုမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းများ တနင်္ဂနွေဝတ်ပြုအစီအစဉ် ဖျက်သိမ်း 

ဘုရားကျောင်းတက်သူတွေ တိုက်ခိုက်ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေရှိနေကြောင်း ပြည်ပ ထောက်လှမ်းရေး သတိပေးချက်တွေကြောင့် သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုရှိ ကက်သလစ် ဘုရားကျောင်းတွေမှာ တနင်္ဂနွေနေ့ ဝတ်ပြုအစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ 
တနင်္လာနေ့မှာစတင်မယ့် အစ္စလာမ်မစ် ရာမာဒန်ဥပုသ်လ မကျရောက်မီ စစ်သွေးကြွတွေက တိုက်ခိုက်လာဖွယ်ရှိတယ်ဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံမှုတွေကြောင့် လုံခြုံရေးမြင့်မားစွာ တပ်လှန့် ထားဆဲဖြစ်ကြောင်း သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့ကလည်း ပြောဆိုပါတယ်။ ဒါ့အပြင် လူ ၂၅၀ ကျော် သေဆုံးခဲ့တဲ့ အီစတာပွဲတော်နေ့ အသေခံဗုံးခွဲမှုတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အချို့ဟာ အန္တရာယ်ပေးနိုင်ဆဲရှိနေပြီး နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ဖို့စီစဉ်နေနိုင်ကြောင်း သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ်က ယခုသီတင်းပတ်အတွင်း ထုတ်ဖော် သတိပေးထားခဲ့ပါတယ်။ 
လုံခြုံရေး အခြေအနေ ကောင်းမွန်ခြင်း မရှိသေးပါဘူးလို့ ကိုလံဘို ခရစ်ယာန်ဂိုဏ်းချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဒ်မတ် တဲလ်လီကီရတ်နီက မေ ၃ ရက်နေ့မှာ ပြောဆိုပါတယ်။ နာမည်ကျော် ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို တိုက်ခိုက်လာနိုင်တယ်လို့ ယုံကြည်ရလောက်တဲ့ ပြည်ပ ရင်းမြစ်က သတိပေးခဲ့ကြောင်း ကိုလံဘို ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် မယ်လ်ကွန် ရန်ဂျစ်ချ်က မေ ၂ ရက်နေ့မှာ ပြောဆိုထားခဲ့ပါတယ်။ မြို့တော် တဝိုက်က ပုဂ္ဂလိက ကက်သလစ်စာသင်ကျောင်းတွေအားလုံး ယခုမှစကာ ဆက်ပိတ်ထားကြဖို့လည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။ ယင်း စာသင်ကျောင်းတွေ တနင်္လာနေ့မှာ ပြန်ဖွင့်ဖို့စီစဉ်ထားပြီး ကလေးတွေကို အကာအကွယ်ပေးဖို့အတွက် ကျောင်းအသီးသီးမှာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင်တစ်ဦး ချထားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 
တိုက်ခိုက်မှုဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ အကြိမ်ကြိမ်ထုတ်ပြန်ပေးခြင်းမရှိတာကြောင့်ဆိုကာ သီရိလင်္ကာအစိုးရ တာဝန်ရှိသူအချို့ရာထူးထုတ်ပယ်ခံရမှုရှိကြောင်း သတင်းတွေနဲ့ပတ်သက်လို့တော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 
ဧပြီ ၂၁ ရက်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းသေးတဲ့ သီရိလင်္ကာအခြေစိုက် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုနှစ်ခုရဲ့အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သံသယ ရှိထားပါတယ်။ သံသယရှိ တိုက်ခိုက်သူတွေဟာ နိုင်ငံတကာအကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်နေတယ်လို့ သိရိလင်္ကာအစိုးရက ပြောဆိုထားသော်လည်း ဘယ်အဖွဲ့အစည်းဆိုတာတော့ တိတိကျကျ မသိရပါဘူး။ သီရိလင်္ကာမှာ တပြိုင်နက်နီးပါး ဗုံးခွဲတိုက်ခိုက်မှုတွေဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားပေမယ့် ယင်းအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတော့ ထုတ်ပြခဲ့ခြင်း မရှိပါဘူး။ - ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။