Skip to main content
ထီလက္မွတ္ကိုယ္စားလွယ္ယူ ေရာင္းလိုသူမ်ား စေပၚေငြ သံုးလစာတင္ၿပီး ေရာင္းႏိုင္ 
Ads Block

ထီလက္မွတ္ကိုယ္စားလွယ္ယူ ေရာင္းလိုသူမ်ား စေပၚေငြ သံုးလစာတင္ၿပီး ေရာင္းႏိုင္ 


ထီလက္မွတ္ကိုယ္စားလွယ္ယူ ေရာင္းခ်လိုသူမ်ားအေနျဖင့္ စေပၚေငြ သံုးလစာတင္သြင္းၿပီး ေရာင္းခ်ႏိုင္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာၾကားသည္။
ထီလက္မွတ္ကိုယ္စားလွယ္ေရာင္းခ်ရန္ သီးျခားသတ္မွတ္ထားျခင္း မရွိဘဲ စေပၚေငြ သံုးလစာေပးႏုိင္သူ မည္သူမဆို လာေရာက္ ေလ်ွာက္ထားႏုိင္ေၾကာင္း ဖိတ္ေခၚထားသည္ဟု ၄င္းက ဆိုသည္။ 

ထီလက္မွတ္ကိုယ္စားလွယ္ယူ ေရာင္းလိုသူမ်ား စေပၚေငြ သံုးလစာတင္ၿပီး ေရာင္းႏိုင္ 


“ထီကုိယ္စားလွယ္လုပ္ကိုင္ႏုိင္ရန္ အားလံုးကို ဖိတ္ေခၚထားပါတယ္။ လိုခ်င္တဲ့လူေတြ လာေလ်ာက္လို႔ရတယ္။ စာေပၚေငြပဲ သုံးလစာ တင္ရမယ္။ အကုန္လံုးေပးပါတယ္။ အားလံုးကို ဖိတ္ေခၚထားပါတယ္။ မည္သူမဆို လာေရာက္ၿပီး ေလ်ွာက္ထားႏိုင္ ပါတယ္။ စေပၚေငြပဲတင္ရမယ္။ တခ်ိဳ႕ကလည္း အဲဒီေလာက္ပမာဏကို ရင္းႏွီးျမွဳပ္ႏွံမႈ မလုပ္ႏိုင္ဘူး။ မလုပ္ႏုိင္တဲ့အတြက္ လုပ္ ငန္းရွင္ေတြဆီမွာ ျပန္မီၾကတာ။ တစ္ဆင့္ဝယ္ယူေနတာေလ။ လက္ေပြ႔ေရာင္းတဲ့သူေတြ၊ လွည္းနဲ႔ေရာင္းတဲ့ သူေတြလိုမ်ိဳးေလ” ဟု ဦးမင္းထြဋ္က အကုန္သိသတင္းဌာနသို႔ ေျပာ သည္။ 
သုိ႔ရာတြင္ ထီလုပ္ငန္းျဖင့္ တရားဝင္အသက္ေမြးဝမ္းေၾကာင္း ျပဳေနသူမ်ားအား ထီေပါက္သူမ်ားကို ထီလက္မွတ္ အလိုက္ရရွိ သည့္ ဆုေၾကးေငြမွအပ သီးျခားဆုေၾကးေငြမ်ား ထပ္မံေပးအပ္ရန္ ခြင့္မျပဳထားေၾကာင္း ၄င္းကဆို သည္။ 
“ဟိုးတုန္္းက ရွိခဲ့ဖူးပါတယ္။ ပထမဆုေပါက္ရင္ အပိုဆု ဘာေပးမယ္။ ကားေပးမယ္ဆိုတာ တစ္ခ်ိန္က ရွိခဲ့ဖူးပါတယ္။ အဲဒီနည္း နဲ႔ ေစ်းကြက္ကို ခ်ဲ႕ထြင္ခဲ့တာ ရွိခဲ့ဖူးတယ္။ အခုေနာက္ပိုင္းေတာ့ ခြင့္မျပဳထားပါဘူး။ ႏိုင္ငံေတာ္ ကေပးတဲ့ ဆုေၾကးတစ္ခုပဲ ရယူရ မယ္ဆိုတာ ေျပာထားပါတယ္” ဟု ဦးမင္းထြဋ္က ဆက္လက္ေျပာၾကားသည္။  
ထီတစ္ေစာင္လွ်င္ က်ပ္ ၅၀၀ တန္အစား ထီတစ္ေစာင္လွ်င္ က်ပ္ ၁၀၀၀ ႏႈန္းျဖင့္ အျမင့္ဆံုး ဆုေၾကးေငြ က်ပ္ သိန္း ၁၅၀၀၀ ပိုင္ ဆိုင္မည့္ ထီလက္မွတ္မ်ားကို ေဖေဖာ္ဝါရီလမွ စတင္ေရာင္းခ်ခ့ဲေၾကာင္း သိရသည္။

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

 

Unicode Version

ထီလက်မှတ်ကိုယ်စားလှယ်ယူ ရောင်းလိုသူများ စပေါ်ငွေ သုံးလစာတင်ပြီး ရောင်းနိုင် 

ထီလက်မှတ်ကိုယ်စားလှယ်ယူ ရောင်းချလိုသူများအနေဖြင့် စပေါ်ငွေ သုံးလစာတင်သွင်းပြီး ရောင်းချနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
ထီလက်မှတ်ကိုယ်စားလှယ်ရောင်းချရန် သီးခြားသတ်မှတ်ထားခြင်း မရှိဘဲ စပေါ်ငွေ သုံးလစာပေးနိုင်သူ မည်သူမဆို လာရောက် လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်ထားသည်ဟု ၎င်းက ဆိုသည်။ 
“ထီကိုယ်စားလှယ်လုပ်ကိုင်နိုင်ရန် အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ လိုချင်တဲ့လူတွေ လာလျောက်လို့ရတယ်။ စာပေါ်ငွေပဲ သုံးလစာ တင်ရမယ်။ အကုန်လုံးပေးပါတယ်။ အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ မည်သူမဆို လာရောက်ပြီး လျှောက်ထားနိုင် ပါတယ်။ စပေါ်ငွေပဲတင်ရမယ်။ တချို့ကလည်း အဲဒီလောက်ပမာဏကို ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အတွက် လုပ် ငန်းရှင်တွေဆီမှာ ပြန်မီကြတာ။ တစ်ဆင့်ဝယ်ယူနေတာလေ။ လက်ပွေ့ရောင်းတဲ့သူတွေ၊ လှည်းနဲ့ရောင်းတဲ့ သူတွေလိုမျိုးလေ” ဟု ဦးမင်းထွဋ်က အကုန်သိသတင်းဌာနသို့ ပြော သည်။ 
သို့ရာတွင် ထီလုပ်ငန်းဖြင့် တရားဝင်အသက်မွေးဝမ်းကြောင်း ပြုနေသူများအား ထီပေါက်သူများကို ထီလက်မှတ် အလိုက်ရရှိ သည့် ဆုကြေးငွေမှအပ သီးခြားဆုကြေးငွေများ ထပ်မံပေးအပ်ရန် ခွင့်မပြုထားကြောင်း ၎င်းကဆို သည်။ 
“ဟိုးတုန်းက ရှိခဲ့ဖူးပါတယ်။ ပထမဆုပေါက်ရင် အပိုဆု ဘာပေးမယ်။ ကားပေးမယ်ဆိုတာ တစ်ချိန်က ရှိခဲ့ဖူးပါတယ်။ အဲဒီနည်း နဲ့ ဈေးကွက်ကို ချဲ့ထွင်ခဲ့တာ ရှိခဲ့ဖူးတယ်။ အခုနောက်ပိုင်းတော့ ခွင့်မပြုထားပါဘူး။ နိုင်ငံတော် ကပေးတဲ့ ဆုကြေးတစ်ခုပဲ ရယူရ မယ်ဆိုတာ ပြောထားပါတယ်” ဟု ဦးမင်းထွဋ်က ဆက်လက်ပြောကြားသည်။  
ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန်အစား ထီတစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် အမြင့်ဆုံး ဆုကြေးငွေ ကျပ် သိန်း ၁၅၀၀၀ ပိုင် ဆိုင်မည့် ထီလက်မှတ်များကို ဖေဖော်ဝါရီလမှ စတင်ရောင်းချခဲ့ကြောင်း သိရသည်။

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။