Skip to main content
ခ်စ္သူႏွင့္ေစ့စပ္လိုက္ၿပီျဖစ္ေသာ ဇာတ္မင္းသားဖိုးခ်စ္ 
Ads Block

ခ်စ္သူႏွင့္ေစ့စပ္လိုက္ၿပီျဖစ္ေသာ ဇာတ္မင္းသားဖိုးခ်စ္ 

 

ျမန္မာႏုိင္ငံဇာတ္သဘင္အစည္းအရံုးဥကၠ႒ျဖစ္ၿပီး ဇာတ္မင္းသားျဖစ္သူ ဖိုးခ်စ္၏ ေစ့စပ္ပြဲကို ေမလ ၁ ရက္၊ ေန႔လယ္ပိုင္းက ကရင္ျပည္နယ္၊ လိႈင္းဘြဲ႕ၿမိဳ႕နယ္တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။ 
ေစ့စပ္ပြဲကို လိႈင္းဘြဲ႕ၿမိဳ႕နယ္ရွိ ေနအိမ္တြင္ ၿမိဳ႕မိၿမိဳဖမ်ား၊ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးမွ ဗိုလ္ခ်ဳပ္ႀကီး ေစာေဂ်ာ္နီႏွင့္ ကရင္နယ္ျခားေစာင့္တပ္ BGF လိႈင္းဘြဲ႕ခ႐ိုင္မွ ဒုဗိုလ္မွဴးႀကီးေစာၾကာအင္းတို႔ေရွ႕ေမွာက္၌ ကရင့္႐ိုးရာဓေလ့အစဥ္အလာအတိုင္း က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
ဖိုးခ်စ္ႏွင့္ေစ့စပ္သူမွာ ကရင္တိုင္းရင္းသူ နန္းညြန္႔ေ၀ေ၀လြင္ျဖစ္ၿပီး သူမတို႔မိသားစုမွာ ကရင္ျပည္နယ္သို႔ ဖိုးခ်စ္ဇာတ္သဘင္ကျပေဖ်ာ္ေျဖရာပြဲတိုင္းတြင္ ထိုက္ထိုက္တန္တန္ဆုခ်ီးျမႇင့္ကာ အစဥ္တစိုက္အားေပးၾကေလ့ ရွိေၾကာင္း သိရသည္။ 
ဖိုးခ်စ္ႏွင့္ ၄င္း၏ခ်စ္သူ နန္းၫြန္႔ေဝေဝလြင္တို႔သည္ ၿပီးခဲ့ေသာ ၂၀၁၇ ခုႏွစ္မွစတင္ကာ  ေမတၱာမွ်ေနၾကျခင္း ျဖစ္ေၾကာင္း မိသားစုႏွင့္နီးစပ္သူမ်ား ေျပာဆိုခ်က္အရသိရၿပီး မဂၤလာပြဲကိုလည္း ကရင့္ရိုးရာဓေလ့ ထံုးတမ္းအတိုင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ 

- ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicode Version

ချစ်သူနှင့်စေ့စပ်လိုက်ပြီဖြစ်သော ဇာတ်မင်းသားဖိုးချစ် 

 

မြန်မာနိုင်ငံဇာတ်သဘင်အစည်းအရုံးဥက္ကဋ္ဌဖြစ်ပြီး ဇာတ်မင်းသားဖြစ်သူ ဖိုးချစ်၏ စေ့စပ်ပွဲကို မေလ ၁ ရက်၊ နေ့လယ်ပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 
စေ့စပ်ပွဲကို လှိုင်းဘွဲ့မြို့နယ်ရှိ နေအိမ်တွင် မြို့မိမြိုဖများ၊ KNU ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ကရင်နယ်ခြားစောင့်တပ် BGF လှိုင်းဘွဲ့ခရိုင်မှ ဒုဗိုလ်မှူးကြီးစောကြာအင်းတို့ရှေ့မှောက်၌ ကရင့်ရိုးရာဓလေ့အစဉ်အလာအတိုင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ဖိုးချစ်နှင့်စေ့စပ်သူမှာ ကရင်တိုင်းရင်းသူ နန်းညွန့်ဝေေ၀လွင်ဖြစ်ပြီး သူမတို့မိသားစုမှာ ကရင်ပြည်နယ်သို့ ဖိုးချစ်ဇာတ်သဘင်ကပြဖျော်ဖြေရာပွဲတိုင်းတွင် ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ကာ အစဉ်တစိုက်အားပေးကြလေ့ ရှိကြောင်း သိရသည်။ 
ဖိုးချစ်နှင့် ၎င်း၏ချစ်သူ နန်းညွန့်ဝေဝေလွင်တို့သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်မှစတင်ကာ  မေတ္တာမျှနေကြခြင်း ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများ ပြောဆိုချက်အရသိရပြီး မင်္ဂလာပွဲကိုလည်း ကရင့်ရိုးရာဓလေ့ ထုံးတမ်းအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

- စောဘောသိုလ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။