Skip to main content
ေရထြက္ကုန္တင္ပို႔ႏိုင္သည့္ေစ်းကြက္ရွိေသာ္လည္း ျမန္မာႏုိင္ငံအေနျဖင့္ ထုတ္လုပ္ႏုိင္ျခင္းမရွိဟု ဆို 
Ads Block

ေရထြက္ကုန္တင္ပို႔ႏိုင္သည့္ေစ်းကြက္ရွိေသာ္လည္း ျမန္မာႏုိင္ငံအေနျဖင့္ ထုတ္လုပ္ႏုိင္ျခင္းမရွိဟု ဆို 

ေရထြက္ကုန္တင္ပို႔ႏိုင္သည့္ေစ်းကြက္ႀကီးရွိေနေသာ္လည္း ျမန္မာႏိုင္ငံအေနျဖင့္ လုိအပ္ေသာထုတ္ကုန္ကို ထုတ္လုပ္ႏုိင္ျခင္းမရွိေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴး ဦးဝင္းႀကိဳင္က ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံမွ ကမာၻ႕ႏိုင္ငံေပါင္း ၄၅ ႏိုင္ငံသို႔ ငါး၊ ပုစြန္၊ ငါးရွဥ့္၊ ကဏန္း စသည့္ေရထြက္ကုန္မ်ား တင္ပို႔ေနေၾကာင္း သိရသည္။ 
“အခုတင္ပို႔ေနတဲ့ ေစ်းကြက္ေတြအျပင္ ေနာက္ထပ္ထပ္တိုးပုိ႔လို႔ရတဲ့ ေစ်းကြက္ေတြရွိတယ္။ ခက္ေနတာက သူတို႔လိုခ်င္တဲ့ ထုတ္ကုန္အေနအထားကိုမထုတ္လုပ္ႏိုင္ဘူးျဖစ္ေနတယ္” ဟု ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴးဦးဝင္းႀကိဳင္က ေျပာသည္။
ျမန္မာႏိုင္ငံမွ ေရထြက္ကုန္မ်ားကိုယခင္တင္ပို႔ေနသည့္ႏိုင္ငံမ်ားအျပင္ ေမြးျမဴေရးက႑ေရထြက္ကုန္ကို EU ႏိုင္ငံမ်ားသို႔ ေမလ ၁ ရက္မွစ၍ တင္ပို႔ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ဥေရာပႏိုင္ငံမ်ားသို႔ တင္ပို႔ရာတြင္လည္း GSP (ကုန္သြယ္မႈအထူးအခြင့္အေရးအျဖစ္ ကုန္သြယ္ခြန္ ကင္းလြတ္ခြင့္) အထူးအခြင့္အေရးေပးထားျခင္းေၾကာင့္ ျမန္မာ့ေရထြက္ကုန္ျပည္ပတင္ပို႔မႈက႑တုိးျမင့္ရန္ အခြင့္အလမ္းေကာင္းမ်ားစြာပိုင္ဆိုင္ထားေၾကာင္း သိရသည္။  
ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးကိုအေျခခံသည့္ႏိုင္ငံတစ္ခုျဖစ္သည့္အျပင္ ယင္းက႑မ်ားတြင္ တုိင္းျပည္၏ လူဦးေရ ၇၀ ရာခုိင္ႏႈန္းလုပ္ကိုင္ေနသည့္အတြက္ အဆိုပါက႑မ်ားဖြံ႕ၿဖိဳးတုိးတက္ရန္ လုပ္ကိုင္ျခင္းျဖင့္ တုိင္းျပည္၏ ကုန္သြယ္ေရးက႑ကိုတစ္ဖက္တစ္လမ္းမွ တုိးျမင့္ေစမည္ျဖစ္ေၾကာင္း သိရသည္။
အထူးသျဖင့္ ေမြးျမဴေရးက႑သည္ စိုက္ပ်ိဳးေရးက႑ထက္လုပ္ကုိင္ရန္အခြင့္အလမ္းသာကာ ဝင္ေငြပိုေကာင္းသည့္အတြက္ အဓိကထားလုပ္ကိုင္သင့္ေၾကာင္း သိရသည္။  

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

ရေထွက်ကုန်တင်ပို့နိုင်သည့်ဈေးကွက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ထုတ်လုပ်နိုင်ခြင်းမရှိဟု ဆို 

ရေထွက်ကုန်တင်ပို့နိုင်သည့်ဈေးကွက်ကြီးရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် လိုအပ်သောထုတ်ကုန်ကို ထုတ်လုပ်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ ငါး၊ ပုစွန်၊ ငါးရှဉ့်၊ ကဏန်း စသည့်ရေထွက်ကုန်များ တင်ပို့နေကြောင်း သိရသည်။ 
“အခုတင်ပို့နေတဲ့ ဈေးကွက်တွေအပြင် နောက်ထပ်ထပ်တိုးပို့လို့ရတဲ့ ဈေးကွက်တွေရှိတယ်။ ခက်နေတာက သူတို့လိုချင်တဲ့ ထုတ်ကုန်အနေအထားကိုမထုတ်လုပ်နိုင်ဘူးဖြစ်နေတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်များကိုယခင်တင်ပို့နေသည့်နိုင်ငံများအပြင် မွေးမြူရေးကဏ္ဍရေထွက်ကုန်ကို EU နိုင်ငံများသို့ မေလ ၁ ရက်မှစ၍ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဥရောပနိုင်ငံများသို့ တင်ပို့ရာတွင်လည်း GSP (ကုန်သွယ်မှုအထူးအခွင့်အရေးအဖြစ် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်) အထူးအခွင့်အရေးပေးထားခြင်းကြောင့် မြန်မာ့ရေထွက်ကုန်ပြည်ပတင်ပို့မှုကဏ္ဍတိုးမြင့်ရန် အခွင့်အလမ်းကောင်းများစွာပိုင်ဆိုင်ထားကြောင်း သိရသည်။  
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့်နိုင်ငံတစ်ခုဖြစ်သည့်အပြင် ယင်းကဏ္ဍများတွင် တိုင်းပြည်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းလုပ်ကိုင်နေသည့်အတွက် အဆိုပါကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန် လုပ်ကိုင်ခြင်းဖြင့် တိုင်းပြည်၏ ကုန်သွယ်ရေးကဏ္ဍကိုတစ်ဖက်တစ်လမ်းမှ တိုးမြင့်စေမည်ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် မွေးမြူရေးကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍထက်လုပ်ကိုင်ရန်အခွင့်အလမ်းသာကာ ဝင်ငွေပိုကောင်းသည့်အတွက် အဓိကထားလုပ်ကိုင်သင့်ကြောင်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။