Skip to main content
ေခြးအစာေကၽြး၍ က်န္းမာသည္ဆုိပါက ေဂဟာသို႔ သြားေကၽြးၾကရန္ ေခြးခ်စ္သူမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္တုိက္တြန္း
Ads Block

ေခြးအစာေကၽြး၍ က်န္းမာသည္ဆုိပါက ေဂဟာသို႔ သြားေကၽြးၾကရန္ ေခြးခ်စ္သူမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္တုိက္တြန္း

ေခြးကို အစားေကၽြးလုိ႔ က်န္းမာသည္ဆုိပါက ေခြးေဂဟာကိုသြားၿပီး ေကၽြးၾကရန္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက တုိက္ တြန္းေျပာၾကား လုိက္သည္။
ေခြးေလေခြးလြင့္ျပႆနာအေပၚ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ေဆာင္ရြက္ေနမႈႏွင့္ ပတ္သက္ၿပီး ၿမိဳ႕ေတာ္ဝန္က ျပန္လည္ေျဖ ၾကားခဲ့ျခင္းျဖစ္သည္။
“ အဲဒီမွာတခ်ိဳ႕က အယူလြဲတာ ေခြးကိုအစာေကၽြးရင္ အသက္ရွည္တယ္လုိ႔ ဘာတုိ႔ေျပာၾကတာရွိတယ္။ ေဂဟာမွာ လာေကၽြး၊ ဒီမွာလာ လုပ္လုိ႔ရတယ္။ ဟုတ္တယ္မလား။ ဒါကိုေျပာခ်င္တာ။ ရွင္းရတာ နည္းကလြယ္လြယ္ေလး။ လိုက္မလုပ္ၾကဘူး။ ဒါကို လက္ခံႏုိင္ေအာင္လုိ႔ လူထုအေနနဲ႔ နားလည္ေအာင္ေျပာမယ္။ မလုပ္ဘူးမဟုတ္ဘူး။ စည္ပင္သည္လုပ္ကိုလုပ္ရမယ္”ဟု ဦး ေမာင္ေမာင္ စိုးက ေျပာသည္။
ေခြးေလေခြးလြင့္ေပါမ်ားသည့္ အဓိကအခ်က္မ်ားမွ လမ္းမ်ားေပၚတြင္ ေခြးစာေကၽြးသည့္ ကိစၥကလည္း အခ်က္တစ္ခ်က္အေန ျဖင့္ ပါဝင္ေနေၾကာင္း ျပည္သူမ်ားက ေထာက္ျပေျပာဆုိမႈမ်ားလည္း ရွိေနသည္။

ေခြးအစာေကၽြး၍ က်န္းမာသည္ဆုိပါက ေဂဟာသို႔ သြားေကၽြးၾကရန္ ေခြးခ်စ္သူမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္တုိက္တြန္း

ရန္ကုန္တုိင္းအတြင္းရွိ ေခြးေလေခြးလြင့္ျပႆနာႏွင့္ ပတ္သက္ၿပီး ေခြးမ်ားကို ဖမ္းဆီးကာ ေခြးေဂဟာသို႔ ပို႔ေဆာင္မည္ျဖစ္ ေၾကာင္းလည္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ကေျပာသည္။
ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေခြးေလေခြးလြင့္ ေလးသိန္းေက်ာ္ရွိေနၿပီး ေခြးကိုက္ခံရပါက ေခြးရူးျပန္ ကာကြယ္ေဆး၏ ေဆး ႏႈန္းမွာ အနိမ့္ဆံုးက်ပ္ ၅၀၀၀၀ ခန္႔ေပးရေၾကာင္း သိရသည္။

 - ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

ခွေးအစာကျွေး၍ ကျန်းမာသည်ဆိုပါက ဂေဟာသို့ သွားကျွေးကြရန် ခွေးချစ်သူများကို ရန်ကုန်မြို့တော်ဝန်တိုက်တွန်း

ခွေးကို အစားကျွေးလို့ ကျန်းမာသည်ဆိုပါက ခွေးဂေဟာကိုသွားပြီး ကျွေးကြရန် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တိုက် တွန်းပြောကြား လိုက်သည်။
ခွေးလေခွေးလွင့်ပြဿနာအပေါ် ရန်ကုန်မြို့တော်စည်ပင်က ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး မြို့တော်ဝန်က ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
“ အဲဒီမှာတချို့က အယူလွဲတာ ခွေးကိုအစာကျွေးရင် အသက်ရှည်တယ်လို့ ဘာတို့ပြောကြတာရှိတယ်။ ဂေဟာမှာ လာကျွေး၊ ဒီမှာလာ လုပ်လို့ရတယ်။ ဟုတ်တယ်မလား။ ဒါကိုပြောချင်တာ။ ရှင်းရတာ နည်းကလွယ်လွယ်လေး။ လိုက်မလုပ်ကြဘူး။ ဒါကို လက်ခံနိုင်အောင်လို့ လူထုအနေနဲ့ နားလည်အောင်ပြောမယ်။ မလုပ်ဘူးမဟုတ်ဘူး။ စည်ပင်သည်လုပ်ကိုလုပ်ရမယ်”ဟု ဦး မောင်မောင် စိုးက ပြောသည်။
ခွေးလေခွေးလွင့်ပေါများသည့် အဓိကအချက်များမှ လမ်းများပေါ်တွင် ခွေးစာကျွေးသည့် ကိစ္စကလည်း အချက်တစ်ချက်အနေ ဖြင့် ပါဝင်နေကြောင်း ပြည်သူများက ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။
ရန်ကုန်တိုင်းအတွင်းရှိ ခွေးလေခွေးလွင့်ပြဿနာနှင့် ပတ်သက်ပြီး ခွေးများကို ဖမ်းဆီးကာ ခွေးဂေဟာသို့ ပို့ဆောင်မည်ဖြစ် ကြောင်းလည်း ရန်ကုန်မြို့တော်ဝန် ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွေးလေခွေးလွင့် လေးသိန်းကျော်ရှိနေပြီး ခွေးကိုက်ခံရပါက ခွေးရူးပြန် ကာကွယ်ဆေး၏ ဆေး နှုန်းမှာ အနိမ့်ဆုံးကျပ် ၅၀၀၀၀ ခန့်ပေးရကြောင်း သိရသည်။

 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။