Skip to main content
Ads Block
ဒါ့အပြင် ဇာတ်ကားရိုက်ကူးရာမှာလည်း ၄၅ မိနစ်လောက် အကျီင်္ချွတ်ရိုက်ရလို့ အဆုတ်အအေးပက်ခဲ့ရတာတွေ၊ လက်တစ်ဖက်ပြုတ်ဖူးတာတွေကိုလည်း ဆက်လက်ပြောပါတယ်။ 
Unicode version
ဒါရိုက်တာအာကာရဲ့ညီဖြစ်လို့ “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရတာ မဟုတ်ဘူးဆိုတဲ့ ရဲနောင် 
ဒါရိုက်တာ အာကာရဲ့ညီဖြစ်လို့ “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရတာ မဟုတ်ဘူးလို့ သရုပ်ဆောင် ရဲနောင်က ပြောလိုက်ပါတယ်။ 
ဧပြီလ ၂၆ ရက်မှာ CHANNAL+ ကကျင်းပခဲ့တဲ့လောကကြိုးဝိုင်း ဇာတ်လမ်းတွဲအကြိုပြသခြင်းအခမ်းအနားမှာ အကုန်သိသတင်းဌာနရဲ့မေးမြန်းမှုကို အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ 
“ အဓိကဇာတ်ဆောင်နေရာအနေနဲ့ ဖြစ်သွားတဲ့အကြောင်းအရင်းက ကိုအာကာရဲ့ညီဖြစ်လို့၊ ဇာတ်လမ်း ရေးထားတဲ့သူမို့လို့ အဲဒါတွေမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကလည်း လက်ဝှေ့ထိုးတယ်။ ဒါ့အပြင် ကျွန်တော်ကဒီအရှေ့မှာ လက်ဝှေ့ကားတစ်ကားသရုပ်ဆောင်ဖူးတယ်။ အဲဒီမှာသရုပ်ဆောင်ပြီးတဲ့ နောက်မှာ ကျွန်တော်က လက်ဝှေ့ပြန်ထိုးဖြစ်နေတယ်။ CANNAL+ ကလည်း သူတို့ဘယ်သူထည့်ရင် ကောင်းမလဲ စဉ်းစားလာတဲ့အချိန်မှာ ကျွန်တော် စဉ်းစားမိတယ်။ ငါ လက်ဝှေ့ကားတစ်ကား သရုပ်ဆောင်ဖူးတယ်ပေါ့နော်။ အရင်ကားထက်ဆာရင် ဒီကားက ငါ့နိုင်ငံအတွက်၊ ငါ့လူမျိုးအတွက်၊ ပြီးတော့ ငါတို့နိုင်ငံရဲ့ အတတ်ပညာ တစ်ခုကိုဖော်ထုတ်ရမယ့်ကားဆိုတော့ လုပ်ချင်တဲ့စိတ်ပထမဆုံးစဖြစ်တယ်။ အဲဒီအခါကျတော့စဉ်းစားပြီး ကိုအာကာနဲ့ တိုင်ပင်တယ်။ မင်းတကယ်လုပ်ချင်တဲ့စိတ်ရှိရင်လုပ်၊ ငါကတော့ မင်းကိုဘာမှမပြောလိုဘူးတဲ့။ ဒါပေမယ့် ငါကတော့ မင်းကိုဘာမှကူညီပေးမှာမဟုတ်ဘူး။ အဲဒီတော့ မင်းဟာမင်းလုပ်ပါဆိုတဲ့အချိန်ကျတော့ ဟုတ်ပြီလုပ်မယ်ဆိုပြီး ကျွန်တော့်ရဲ့ဖောင်တွေ ရေးရတယ်။ ရေးပြီး CANNAL+မှာတင်လိုက်တယ်။ ကျွန်တော်နဲ့ ထွန်းနိုင်ဦးနှစ်ယောက်ပေ့ါ။ ကျွန်တော့်ကို အဓိကကာရိုက်တာ နေရာမှာ၊ ထွန်းနိုင်ဦးကို ဒုတိယကာရိုက်တာနေရာမှာ ထည့်ပေးလိုက်တာပါ။ အဲဒီလိုမျိုးနဲ့ ဒီနေရာကိုရရှိခဲ့တာပါ” လို့ အခုလို ဖြေကြားပေးပါတယ်။
ဒါ့အပြင် ဇာတ်ကားရိုက်ကူးရာမှာလည်း ၄၅ မိနစ်လောက် အကျီၤချွတ်ရိုက်ရလို့ အဆုတ်အအေးပက်ခဲ့ရတာတွေ၊ လက်တစ်ဖက်ပြုတ်ဖူးတာတွေကိုလည်း ဆက်လက်ပြောပါတယ်။ 
 - သိမ့်အေးချမ်း(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။