Skip to main content
ဧရာ၀တီကို ျပန္ေရြးဖို႕ One Dollar ကမ္ပိန္းမွာ ပါ၀င္ဖို႔စိတ္ကူးမရွိဘူးဆိုတဲ့ နာေရးကူညီမႈ အသင္းဥကၠဌ ေက်ာ္သူ
Ads Block

ဧရာ၀တီကို ျပန္ေရြးဖို႕ One Dollar ကမ္ပိန္းမွာ ပါ၀င္ဖို႔စိတ္ကူးမရွိဘူးဆိုတဲ့ နာေရးကူညီမႈ အသင္းဥကၠဌ ေက်ာ္သူ

ျမစ္ဆံုစီမံကိန္း အၿပီးတိုင္ရပ္စဲေရးအတြက္ ျပဳလုပ္တဲ့ ဧရာ၀တီျမစ္ႀကီးကို ျပန္ေရြးယူမယ္ဆိုတဲ့ One Dollar ကမ္ပိန္းမွာ ပါ၀င္ဖို႔စိတ္ကူးမရွိဘူးလို႔ နာေရးကူညီမႈ အသင္းဥကၠဌ ဦးေက်ာ္သူ က အကုန္သိ သတင္းဌာန ကို  ေျပာပါတယ္။ 
ၿပီးခဲ့တဲ့ ဧၿပီလ ၂၀ ရက္ေန႔ က နိုဗိုတယ္ဟိုတယ္မွာ “ဧရာ၀တီကိုျပန္ေရြးယူၾကမယ္” ဆိုတဲ့ ေခါင္းစဥ္နဲ႔က်င္းပခဲ့ တဲ့ေဆြးေႏြးပြဲမွာ သက္ဆိုင္က႑အသီးသီးက ပညာရွင္ေတြနဲ႔ အနုပညာရွင္အခ်ိဳ႕ဟာ ျမစ္ဆံုစီမံကိန္းအၿပီး တိုင္ရပ္စဲေရး အတြက္ ျပည္သူတစ္ဦးတစ္ေယာက္ခ်င္းစီက တစ္ေဒၚလာစီ ထည့္၀င္ရတဲ့ One Dollar Campaign ျပဳလုပ္ကာ ျမစ္ဆံုကို ျပန္ေရြးယူၾကဖို႕ ပါ၀င္ေဆြးေႏြးသူေတြက ျပည္သူေတြလည္း ပါ၀င္ၾကဖို႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။
“မရွိဘူး။ ေဒၚလာ မွမရွိတာ။ ဧရာ၀တီကိစၥက လြန္ခဲ့တဲ့ ငါးနွစ္ေက်ာ္ေလာက္ကတည္းက ကၽြန္ေတာ္တို႔လုပ္ခဲ့ ၿပီးၿပီေလ။ ဧရာ၀တီက်ိန္စာ ဆိုၿပီ ပြဲမွာ ကၽြန္ေတာ္ ကဗ်ာေတာင္ ရြတ္ခဲ့ေသးတယ္။ ဒါေတြက ကၽြန္ေတာ္လုပ္ ၿပီးၿပီး လုပ္ၿပီးတဲ့အပိုင္းမွာ လူႀကီးေတြ၊ တိုင္းျပည္အုပ္ခ်ဳပ္တဲ့ လူႀကီးေတြက သူတို႔ဆက္လုပ္ရမွာေလ။ ဒီတစ္ခါ မွာ ကၽြန္ေတာ္တို႔ ပါစရာမလုိဘူး။ လူႀကီးေတြလုပ္ရမွာ။ ကၽြန္ေတာ္တို႔က အရင္တစ္ေခါက္ကတည္းက  ျပည္သူ ျပည္သားေတြကိုယ္စား လုပ္ခဲ့ၿပီးၿပီ။ အက်ိဳးရလာဒ္ကို မသိဘူး။ တကယ့္ကာယံကံရွင္ေတြပဲသိမွာ။ ေဘးက ျပည္သူေတြက မျဖစ္သင့္လို႔ လုပ္ေပးတာ။ ကိုယ္လုပ္ထားတဲ့ကိစၥက ဘယ္ေလာက္အက်ိဴးသက္ေရာက္တယ္ ဆိုတာကို စဥ္းလဲမစဥ္းစားဘူး။ ကိုယ္လုပ္စရာရွိတာပဲလုပ္ေနတာ” လို႔ နာေရးကူညီမႈအသင္းဥကၠဌ ဦးေက်ာ္သူ က ေျပာပါတယ္။
ဆက္လက္ၿပီးေတာ့ ဦးေက်ာ္သူ က ျမစ္ဆံုကိစၥမွာ ဘယ္အပိုင္းက႑ကမွာ ပါ၀င္လိုျခင္းမရွိ ေတာ့သလို အခုလို ရာသီဥတု ပူျပင္းတဲ့အခ်ိန္မွာ က်န္းမာေရးေစာင့္ေရွာက္မႈေတြ၊ ေသဆံုးမႈေတြ၊ အသုဘခ် တာေတြ၊ အေရးေပၚကယ္ဆယ္ေရး၀န္ေဆာင္မႈလုပ္ငန္းေတြကိုပဲ အဓိကထားလုပ္ေဆာင္ေနတာျဖစ္ၿပီး မ်ိဳးဆက္သစ္ကေလးငယ္ေလးေတြရဲ႕ ပညာေရး၊ အားကစားပိုင္းေတြကိုပဲ အဓိက အားေပးလုပ္ေဆာင္လ်က္ရွိ တယ္လို႔ ေျပာပါတယ္။
နာေရးကူညီမႈအသင္း ဥကၠဌ ျဖစ္တဲ့ ဦးေက်ာ္သူ က ပရဟိတ ကိစၥေတြကို ပိုဦးစားေပးေဆာင္ရြက္ျဖစ္သလိ္ု ၿပီးခဲ့တဲ့ ႏွစ္က စတင္ၿပီးအႏုပညာလုပ္ငန္းေတြကိုလည္း ပိုမိုလုပ္ကိုင္လာသူတစ္ဦးလည္းျဖစ္ပါတယ္။

 - အိျဖဴသိမ့္(အကုန္သိသတင္းဌာန)

Unicode version

ဧရာဝတီကို ပြန်ရွေးဖို့ One Dollar ကမ်ပိန်းမှာ ပါဝင်ဖို့စိတ်ကူးမရှိဘူးဆိုတဲ့ နာရေးကူညီမှု အသင်းဥက္ကဌ ကျော်သူ 

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲရေးအတွက် ပြုလုပ်တဲ့ ဧရာဝတီမြစ်ကြီးကို ပြန်ရွေးယူမယ်ဆိုတဲ့ One Dollar ကမ်ပိန်းမှာ ပါဝင်ဖို့စိတ်ကူးမရှိဘူးလို့ နာရေးကူညီမှု အသင်းဥက္ကဌ ဦးကျော်သူ က အကုန်သိ သတင်းဌာန ကို  ပြောပါတယ်။ 
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ က နိုဗိုတယ်ဟိုတယ်မှာ “ဧရာဝတီကိုပြန်ရွေးယူကြမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ကျင်းပခဲ့ တဲ့ဆွေးနွေးပွဲမှာ သက်ဆိုင်ကဏ္ဍအသီးသီးက ပညာရှင်တွေနဲ့ အနုပညာရှင်အချို့ဟာ မြစ်ဆုံစီမံကိန်းအပြီး တိုင်ရပ်စဲရေး အတွက် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက တစ်ဒေါ်လာစီ ထည့်ဝင်ရတဲ့ One Dollar Campaign ပြုလုပ်ကာ မြစ်ဆုံကို ပြန်ရွေးယူကြဖို့ ပါဝင်ဆွေးနွေးသူတွေက ပြည်သူတွေလည်း ပါဝင်ကြဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
“မရှိဘူး။ ဒေါ်လာ မှမရှိတာ။ ဧရာဝတီကိစ္စက လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက ကျွန်တော်တို့လုပ်ခဲ့ ပြီးပြီလေ။ ဧရာဝတီကျိန်စာ ဆိုပြီ ပွဲမှာ ကျွန်တော် ကဗျာတောင် ရွတ်ခဲ့သေးတယ်။ ဒါတွေက ကျွန်တော်လုပ် ပြီးပြီး လုပ်ပြီးတဲ့အပိုင်းမှာ လူကြီးတွေ၊ တိုင်းပြည်အုပ်ချုပ်တဲ့ လူကြီးတွေက သူတို့ဆက်လုပ်ရမှာလေ။ ဒီတစ်ခါ မှာ ကျွန်တော်တို့ ပါစရာမလိုဘူး။ လူကြီးတွေလုပ်ရမှာ။ ကျွန်တော်တို့က အရင်တစ်ခေါက်ကတည်းက  ပြည်သူ ပြည်သားတွေကိုယ်စား လုပ်ခဲ့ပြီးပြီ။ အကျိုးရလာဒ်ကို မသိဘူး။ တကယ့်ကာယံကံရှင်တွေပဲသိမှာ။ ဘေးက ပြည်သူတွေက မဖြစ်သင့်လို့ လုပ်ပေးတာ။ ကိုယ်လုပ်ထားတဲ့ကိစ္စက ဘယ်လောက်အကျိူးသက်ရောက်တယ် ဆိုတာကို စဉ်းလဲမစဉ်းစားဘူး။ ကိုယ်လုပ်စရာရှိတာပဲလုပ်နေတာ” လို့ နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ က ပြောပါတယ်။
ဆက်လက်ပြီးတော့ ဦးကျော်သူ က မြစ်ဆုံကိစ္စမှာ ဘယ်အပိုင်းကဏ္ဍကမှာ ပါဝင်လိုခြင်းမရှိ တော့သလို အခုလို ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ သေဆုံးမှုတွေ၊ အသုဘချ တာတွေ၊ အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုပဲ အဓိကထားလုပ်ဆောင်နေတာဖြစ်ပြီး မျိုးဆက်သစ်ကလေးငယ်လေးတွေရဲ့ ပညာရေး၊ အားကစားပိုင်းတွေကိုပဲ အဓိက အားပေးလုပ်ဆောင်လျက်ရှိ တယ်လို့ ပြောပါတယ်။
နာရေးကူညီမှုအသင်း ဥက္ကဌ ဖြစ်တဲ့ ဦးကျော်သူ က ပရဟိတ ကိစ္စတွေကို ပိုဦးစားပေးဆောင်ရွက်ဖြစ်သလို ပြီးခဲ့တဲ့ နှစ်က စတင်ပြီးအနုပညာလုပ်ငန်းတွေကိုလည်း ပိုမိုလုပ်ကိုင်လာသူတစ်ဦးလည်းဖြစ်ပါတယ်။

 - အိဖြူသိမ့်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။