Skip to main content
အေျခခံလူတန္းစားမ်ား အိမ္ရာပိုင္ဆိုင္ခြင့္ရရိွေရး အရပ္ဘက္အဖြဲ႔အစည္းမ်ား ပူးေပါင္းၿပီး အစိုးရကို တိုက္တြန္းသြားမည္
Ads Block

အေျခခံလူတန္းစားမ်ား အိမ္ရာပိုင္ဆိုင္ခြင့္ရရိွေရး အရပ္ဘက္အဖြဲ႔အစည္းမ်ား ပူးေပါင္းၿပီး အစိုးရကို တိုက္တြန္းသြားမည္

အရပ္ဘက္အဖြဲ႔အစည္းမ်ား ပူးေပါင္းၿပီး ျမန္မာႏုိင္ငံရွိ အေျခခံလူတန္းစားမ်ား သင့္ေတာ္သည့္ ေစ်းႏႈန္းျဖင့္ အိမ္ရာပိုင္ဆိုင္ခြင့္ ရရွိေရး အစိုးရအား တိုက္တြန္းသြားမည္ဟု ပ်ိဳ႕ေမအိမ္လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း ဥကၠ႒ ေနာ္ပန္သဥၨာေအာင္က ေျပာ သည္။
ဧၿပီလ ၂၉ ရက္က ရန္ကုန္ၿမိဳ႕ Park Royal Hotel တြင္ အိမ္ရာပိုင္ဆိုင္ခြင့္ႏွင့္ က်ဴးေက်ာ္ျပႆနာေျဖရွင္းေရး အလုပ္ရုံေဆြးေႏြး ပြဲကို ၿမိဳ႕ျပႏွင့္ အိုးအိမ္ဦးစီးဌာနႏွင့္ ေဆြးေႏြးမႈကို ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
“အဓိကကေတာ့ ကၽြန္မတို႔ႏုိင္ငံက အေျခခံလူတန္းစားေတြက အခုအစိုးရလုပ္ေနတဲ့ အိမ္ရာစီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ေငြ ေၾကးမတတ္ႏုိင္ၾကတာေၾကာင့္ စိတ္၀င္စားမႈ သိပ္မရွိၾကဘူးေလ၊ သင့္ေတာ္တဲ့ ေစ်းႏႈန္းနဲ႔ အိမ္ရာေတြကို အစိုးရက လုပ္ေပး မယ္ဆိုရင္ လူေတြက စိတ္၀င္စားလာမွာပါ၊ လူတိုင္းကေတာ့ အိမ္ပိုင္ရာပိုင္ ျဖစ္ခ်င္ၾကတာပဲေလ၊ ကၽြန္မတို႔ႏုိင္ငံက အေျခခံလူ တန္းစားတစ္ရပ္ အေနနဲ႔ အိမ္ရာပိုင္ဆိုင္ႏုိင္ဖို႔ကို အရပ္ဘက္အဖြဲ႔အစည္းေတြကေန ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီး အစိုးရကို တိုက္တြန္းသြားဖို႔လည္းရွိပါတယ္”ဟု ေနာ္ပန္သဥၨာေအာင္က ေျပာသည္။

အေျခခံလူတန္းစားမ်ား အိမ္ရာပိုင္ဆိုင္ခြင့္ရရိွေရး အရပ္ဘက္အဖြဲ႔အစည္းမ်ား ပူးေပါင္းၿပီး အစိုးရကို တိုက္တြန္းသြားမည္

လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္ အိမ္ရာက်ဴးေက်ာ္ေနထိုင္သူမ်ားကို အစိုးရအဖြဲ႕မွ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က စစ္တမ္း ေကာက္ယူထားၿပီး ယခုအခ်ိန္ထိ အဆိုပါ အေျခအေနႏွင့္သာ ရပ္တန္႔ေနျခင္း ျဖစ္သည္။
“အစိုးရကေတာ့ စစ္တမ္းေတြ ေကာက္ယူထားတယ္ေပါ့ေလ၊ ဒါေပမဲ့ ျပန္ၿပီးေနရာခ်ထားေပးတဲ့အခါ တိက်မႈ ရွိဖို႔လည္းလိုပါ တယ္၊ ဒါကလည္း အစိုးရဘက္ကေတာ့ ရာႏႈန္းျပည္ မလုပ္ႏုိင္ပါဘူး၊ ကၽြန္မတို႔အဖြဲ႔အစည္းေတြက ကူညီၿပီး လုပ္ေဆာင္ေနပါ တယ္၊ ဒီေန႔ပြဲမွာဆိုရင္ ႏုိင္ငံတကာက ေက်ာင္းသားေတြလည္းပါ ပါတယ္၊ အကုန္လံုး၀ိုင္း ေဆြးေႏြးၿပီး ဒီက်ဴးေက်ာ္ျပႆနာကို အေျဖရွာသြားရမွာပါ”ဟု ေနာ္ပန္သဥၨာေအာင္က ဆက္လက္ေျပာသည္။
က်ဴးေက်ာ္အမ်ားစုမွာ ေနစားလက္လုပ္လက္စား လူတန္းစားတစ္ရပ္ျဖစ္ၿပီး ၀င္ေငြအားျဖင့္ က်ပ္ (၃၀၀၀) မွ (၅၀၀၀) အထိသာ ရရွိၿပီး အိမ္ေထာင္စု (၁၀၀) မွ (၃၀၀၀) ၾကားရွိသည့္ ႀကီးမားသည့္ အေနအထားလည္း ျဖစ္သည္။
ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္တိုင္းလိုလို က်ဴးေက်ာ္ေနထိုင္မႈမ်ား ရွိေနၿပီး အစိုးရဘက္မွ ယခုအခ်ိန္အထိ ေျဖရွင္းရန္ ခက္ခဲေန ျခင္း ျဖစ္သည္။

 - ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

အခြေခံလူတန်းစားများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေး အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အစိုးရကို တိုက်တွန်းသွားမည်

အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများ သင့်တော်သည့် ဈေးနှုန်းဖြင့် အိမ်ရာပိုင်ဆိုင်ခွင့် ရရှိရေး အစိုးရအား တိုက်တွန်းသွားမည်ဟု ပျို့မေအိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ နော်ပန်သဉ္ဇာအောင်က ပြော သည်။
ဧပြီလ ၂၉ ရက်က ရန်ကုန်မြို့ Park Royal Hotel တွင် အိမ်ရာပိုင်ဆိုင်ခွင့်နှင့် ကျူးကျော်ပြဿနာဖြေရှင်းရေး အလုပ်ရုံဆွေးနွေး ပွဲကို မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနနှင့် ဆွေးနွေးမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“အဓိကကတော့ ကျွန်မတို့နိုင်ငံက အခြေခံလူတန်းစားတွေက အခုအစိုးရလုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ငွေ ကြေးမတတ်နိုင်ကြတာကြောင့် စိတ်ဝင်စားမှု သိပ်မရှိကြဘူးလေ၊ သင့်တော်တဲ့ ဈေးနှုန်းနဲ့ အိမ်ရာတွေကို အစိုးရက လုပ်ပေး မယ်ဆိုရင် လူတွေက စိတ်ဝင်စားလာမှာပါ၊ လူတိုင်းကတော့ အိမ်ပိုင်ရာပိုင် ဖြစ်ချင်ကြတာပဲလေ၊ ကျွန်မတို့နိုင်ငံက အခြေခံလူ တန်းစားတစ်ရပ် အနေနဲ့ အိမ်ရာပိုင်ဆိုင်နိုင်ဖို့ကို အရပ်ဘက်အဖွဲ့အစည်းတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစိုးရကို တိုက်တွန်းသွားဖို့လည်းရှိပါတယ်”ဟု နော်ပန်သဉ္ဇာအောင်က ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင် အိမ်ရာကျူးကျော်နေထိုင်သူများကို အစိုးရအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စစ်တမ်း ကောက်ယူထားပြီး ယခုအချိန်ထိ အဆိုပါ အခြေအနေနှင့်သာ ရပ်တန့်နေခြင်း ဖြစ်သည်။
“အစိုးရကတော့ စစ်တမ်းတွေ ကောက်ယူထားတယ်ပေါ့လေ၊ ဒါပေမဲ့ ပြန်ပြီးနေရာချထားပေးတဲ့အခါ တိကျမှု ရှိဖို့လည်းလိုပါ တယ်၊ ဒါကလည်း အစိုးရဘက်ကတော့ ရာနှုန်းပြည် မလုပ်နိုင်ပါဘူး၊ ကျွန်မတို့အဖွဲ့အစည်းတွေက ကူညီပြီး လုပ်ဆောင်နေပါ တယ်၊ ဒီနေ့ပွဲမှာဆိုရင် နိုင်ငံတကာက ကျောင်းသားတွေလည်းပါ ပါတယ်၊ အကုန်လုံးဝိုင်း ဆွေးနွေးပြီး ဒီကျူးကျော်ပြဿနာကို အဖြေရှာသွားရမှာပါ”ဟု နော်ပန်သဉ္ဇာအောင်က ဆက်လက်ပြောသည်။
ကျူးကျော်အများစုမှာ နေစားလက်လုပ်လက်စား လူတန်းစားတစ်ရပ်ဖြစ်ပြီး ဝင်ငွေအားဖြင့် ကျပ် (၃၀၀၀) မှ (၅၀၀၀) အထိသာ ရရှိပြီး အိမ်ထောင်စု (၁၀၀) မှ (၃၀၀၀) ကြားရှိသည့် ကြီးမားသည့် အနေအထားလည်း ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တိုင်းလိုလို ကျူးကျော်နေထိုင်မှုများ ရှိနေပြီး အစိုးရဘက်မှ ယခုအချိန်အထိ ဖြေရှင်းရန် ခက်ခဲနေ ခြင်း ဖြစ်သည်။

 - ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။