Skip to main content
Ads Block
ရဲနောင်သည် လက်ရှိ Cannal plus တွင် ထုတ်လွင့်ပြသနေသော လောကကြိုးဝိုင်းဇာတ်လမ်းတွဲတွင် မြန်မာရိုးရာလက်ဝှေ့သမားတစ်ယောက်အနေဖြင့် ပါဝင်သရုပ်ဆောင်နေသူဖြစ်ပြီး ၄င်းကိုယ်တိုင် ဇာတ်လမ်းရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။ 
၎င်းတို့အနေဖြင့် ဇာတ်လမ်းတွဲစတင်ရိုက်ကူးချိန်မှစတင်ကာ မြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်ပနိုင်ငံများအထိ သိစေချင်သည့် ရည်ရွယ်ချက်ရှိကြောင်းလည်း ၄င်းက ဆက်ပြောသည်။ 
မြန်မာ့လက်ဝှေ့လောကတွင် ကနေဒါနိုင်ငံသား ဒေ့ဗ်သည် MLWC ချန်ပီယံ၊ နိုင်ငံတကာ လက်ဝှေ့အဖွဲ့ချုပ်ဂျပန် (ILFJ)နှင့် Air KBZ အောင်လံချန်ပီယံခါးပတ် ၃ ခုပိုင်ရှင်ဖြစ်ခဲ့ပြီး World Lethwei Championship(WLC) နှင့် စာချုပ်ခဲ့သဖြင့်ယင်းခါးပတ်များကို စွန့်လွှတ်ခဲ့သူဖြစ်သည်။ 
ဒေ့ဗ်နှင့် မြန်မာပြည်လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ၃ ကြိမ် စိန်ခေါ်ထိုးသတ်ဖူးသော်လည်း ထွန်းထွန်းမင်းမှ ၁ ပွဲ ရှုံူးနိမ့်ထားပြီး ၂ ပွဲ သရေကျထားတာ လက်ရှိအထိ ဒေ့ဗ်အား ထပ်မံစိန်ခေါ်ထိုးသတ်နိုင်သူမရှိသေးပေ။
Unicode Version
မနက်ပိုင်းထိုးပြီး ညဘက်သောက်သော မြန်မာ့လက်ဝှေ့သမားများကိုလည်း တွေ့ရှိခဲ့ဟု ရဲနောင် ပြော 
ဇာတ်လမ်းတွဲရိုက်ကူးရန် ကွင်းဆင်းလေ့လာရာ၌ မနက်ပိုင်း၌ ထိုးပြီး ညဘက်သောက်သည့် မြန်မာ့လက်ဝှေ့ကစားသမားများကိုလည်း တွေ့ရှိခဲ့ရကြောင်း သရုပ်ဆောင်ရဲနောင်က ပြောသည်။ 
ရဲနောင်သည် လက်ရှိ Canal plus တွင် ထုတ်လွင့်ပြသနေသော လောကကြိုးဝိုင်းဇာတ်လမ်းတွဲတွင် မြန်မာရိုးရာလက်ဝှေ့သမားတစ်ယောက်အနေဖြင့် ပါဝင်သရုပ်ဆောင်နေသူဖြစ်ပြီး ၎င်းကိုယ်တိုင် ဇာတ်လမ်းရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။ 
“ ကျွန်တော်တို့ကွင်းဆင်းလေ့လာတဲ့အခါမှာတွေ့ခဲ့ရတာက မြန်မာရိုးရာလက်ဝှေ့သမားတွေက မနက်ထိုး၊ ညသောက်တဲ့သူတွေလည်းရှိတယ်။ အဓိကကတော့ ဘဝရဲ့စားဝတ်နေရေးပြဿနာတွေအများကြီးရှိတယ်။ ပြီးတော့ ကောင်းကောင်းလေ့ကျင့်မှုမပြုနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာကောင်းမွန်တဲ့သင်တန်းတွေ အများကြီးမရှိဘူး။ နောက်လယ်ထဲမှာလေ့ကျင့်ရတယ်။ နောက်ပြီးငှက်ပျောပင်ကိုထိုးနေရတာမျိုးတွေရှိတယ်။ သူတို့ကို စနစ်တကျနဲ့ပိုပြီးတော့ ကောင်းမွန်တဲ့နေရာမှာအာဟာရကောင်းကောင်းကျွေးထားမယ်ဆိုရင် မြန်မာရိုးရာလက်ဝှေ့က ပိုပြီးအောင်မြင်မယ်လို့ ကျွန်တော်ယူဆတယ်။ မြင်တယ်။” ဟု ရဲနောင်က ပြောသည်။ 
၎င်းတို့အနေဖြင့် ဇာတ်လမ်းတွဲစတင်ရိုက်ကူးချိန်မှစတင်ကာ မြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်ပနိုင်ငံများအထိ သိစေချင်သည့် ရည်ရွယ်ချက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 
ဒေ့ဗ်နှင့် မြန်မာပြည်လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ၃ ကြိမ် စိန်ခေါ်ထိုးသတ်ဖူးသော်လည်း ထွန်းထွန်းမင်းမှ ၁ ပွဲ ရှုံးူနိမ့်ထားပြီး ၂ ပွဲ သရေကျထားတာ လက်ရှိအထိ ဒေ့ဗ်အား ထပ်မံစိန်ခေါ်ထိုးသတ်နိုင်သူမရှိသေးပေ။
- မျိုးကေခိုင်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။