Skip to main content
ျမန္မာႏုိင္ငံ၌ ျပည္ပမွရုုပ္ရွင္လာေရာက္ရိုက္ကူးပါက သတ္မွတ္စည္းကမ္းမ်ားစြာ ေလွ်ာ့ခ်ေပးေနဟု ဆို 
Ads Block

ျမန္မာႏုိင္ငံ၌ ျပည္ပမွရုုပ္ရွင္လာေရာက္ရိုက္ကူးပါက သတ္မွတ္စည္းကမ္းမ်ားစြာ ေလွ်ာ့ခ်ေပးေနဟု ဆို 

 

တရုတ္ႏုိင္ငံအပါအ၀င္ ျပည္ပႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏုိင္ငံ၌ လာေရာက္ရုပ္ရွင္ရိုက္ကူးမည္ဆိုပါက သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားစြာကို ေလွ်ာ့ခ်ေပးေနေၾကာင္း ျမန္မာႏိုင္ငံရုပ္ရွင္ျမွင့္တင္ေရး ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးသိန္းႏိုင္က ေျပာသည္။ 
ရန္ကုန္ၿမိဳ႕ရွိတရုတ္ယဥ္ေက်းမႈစင္တာတြင္ ဧၿပီလ ၂၃ ရက္ကက်င္းပခဲ့ေသာ “ကၽြႏု္ပ္တို႔၏ပိုးလမ္းမ” ဓာတ္ပံုျပပြဲ၊ ဖြင့္ပြဲအခမ္းအနားႏွင့္“ပုဂံရတနာသိုက္” ရုပ္ရွင္ဇာတ္ကားစာနယ္ဇင္းမိတ္ဆက္ပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။ 
“ ျမန္မာႏိုင္ငံႏွင့္ တရုတ္ႏိုင္ငံသည္ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိၿပီးျဖစ္တဲ့အတြက္ အခုလိုဓါတ္ပံုျပပြဲက်င္းပျခင္းႏွင့္ ရုပ္ရွင္ဇာတ္ကားေတြ ပူးေပါင္း ရိုက္ကူးတာကေန ႏွစ္ႏိုင္ငံဆက္ဆံေရးအျပင္ ျပည္သူအခ်င္းခ်င္းခ်စ္ၾကည္ရင္းႏွီးမႈအတိုင္းအတာ ပိုမိုေကာင္းမြန္မယ္လို႔ု ျမင္မိေၾကာင္း၊ တရုတ္ႏိုင္ငံအပါအဝင္ ျပည္ပႏိုင္ငံေတြမွလာေရာက္ၿပီးရိုက္ကူးတဲ့ ရိုက္ကူးေရးေတြ အဆင္ေျပေခ်ာေမြ႔စြာလုပ္ကိုင္ႏိုင္ဖို႔အတြက္ စည္းမ်ဥ္း၊ စည္းကမ္း၊ ကန္႔သတ္ခ်က္ေတြ အမ်ားႀကီးေလ်ာ့ခ်ၿပီးေဆာင္ရြက္ေပးေနေၾကာင္း၊ ျမန္မာ-တရုတ္ႏွစ္ဦးႏွစ္ဖက္ဟာအခုအႀကိမ္ ရုပ္ရွင္ဇာတ္ကားပူးေပါင္းရိုက္ကူးျခင္းကေနတစ္ဆင့္ ျမန္မာ့ရုပ္ရွင္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အတူတကြျမွင့္တင္ႏိုင္လိမ့္မယ္ဖို႔ ေမွ်ာ္လင့္ပါတယ္” ဟု ျမန္မာႏိုင္ငံရုပ္ရွင္ျမွင့္တင္ေရး ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးသိန္းႏိုင္က ေျပာသည္။ 
လက္ရွိတြင္ “ပုဂံရတနာသိုက္” ရုပ္ရွင္ကို တရုတ္- ျမန္မာပထမဆံုးအႀကိမ္ပူးေပါင္းရိုက္ကူးမည္ ျဖစ္ကာ ဇာတ္လမ္းတြင္ တရုတ္လူငယ္တစ္ဦးမွ ျမန္မာႏိုင္ငံရွိ ရတနာသိုက္မ်ားလာေရာက္ရွာေဖြခ်ိန္တြင္ ႀကံဳေတြ႕ရသည္မ်ားကို ရိုက္ကူးမည္ျဖစ္ေၾကာင္း သိရသည္။ 
အဆိုပါ “ပုဂံရတနာသိုက္” ရုပ္ရွင္ဇာတ္ကားကို ျမန္မာနိုင္ငံ၊ တရုတ္ႏိုင္ငံအျပင္ အျခားအေရွ႕ေတာင္အာရွႏိုင္ငံမ်ားႏွင့္ အျခားေဒသမ်ားတြင္ ရံုတင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။ 

- အိျဖဴသိမ့္(အကုန္သိသတင္းဌာန)

Unicode Version

 

မြန်မာနိုင်ငံ၌ ပြည်ပမှရုပ်ရှင်လာရောက်ရိုက်ကူးပါက သတ်မှတ်စည်းကမ်းများစွာ လျှော့ချပေးနေဟု ဆို 

 

တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ လာရောက်ရုပ်ရှင်ရိုက်ကူးမည်ဆိုပါက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများစွာကို လျှော့ချပေးနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောသည်။ 
ရန်ကုန်မြို့ရှိတရုတ်ယဉ်ကျေးမှုစင်တာတွင် ဧပြီလ ၂၃ ရက်ကကျင်းပခဲ့သော “ကျွနု်ပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲ၊ ဖွင့်ပွဲအခမ်းအနားနှင့်“ပုဂံရတနာသိုက်” ရုပ်ရှင်ဇာတ်ကားစာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။ 
“ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီးဖြစ်တဲ့အတွက် အခုလိုဓါတ်ပုံပြပွဲကျင်းပခြင်းနှင့် ရုပ်ရှင်ဇာတ်ကားတွေ ပူးပေါင်း ရိုက်ကူးတာကနေ နှစ်နိုင်ငံဆက်ဆံရေးအပြင် ပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုအတိုင်းအတာ ပိုမိုကောင်းမွန်မယ်လို့ မြင်မိကြောင်း၊ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေမှလာရောက်ပြီးရိုက်ကူးတဲ့ ရိုက်ကူးရေးတွေ အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ဖို့အတွက် စည်းမျဉ်း၊ စည်းကမ်း၊ ကန့်သတ်ချက်တွေ အများကြီးလျော့ချပြီးဆောင်ရွက်ပေးနေကြောင်း၊ မြန်မာ-တရုတ်နှစ်ဦးနှစ်ဖက်ဟာအခုအကြိမ် ရုပ်ရှင်ဇာတ်ကားပူးပေါင်းရိုက်ကူးခြင်းကနေတစ်ဆင့် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွမြှင့်တင်နိုင်လိမ့်မယ်ဖို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောသည်။ 
လက်ရှိတွင် “ပုဂံရတနာသိုက်” ရုပ်ရှင်ကို တရုတ်- မြန်မာပထမဆုံးအကြိမ်ပူးပေါင်းရိုက်ကူးမည် ဖြစ်ကာ ဇာတ်လမ်းတွင် တရုတ်လူငယ်တစ်ဦးမှ မြန်မာနိုင်ငံရှိ ရတနာသိုက်များလာရောက်ရှာဖွေချိန်တွင် ကြုံတွေ့ရသည်များကို ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ “ပုဂံရတနာသိုက်” ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံအပြင် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် အခြားဒေသများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

- အိဖြူသိမ့်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။