Skip to main content
ျမျမအေၾကာင္း ရုပ္ရွင္ရိုက္ကူးမည္ဆိုသည့္အေပၚ ပရိတ္သတ္အေနျဖင့္ႀကိဳက္သလိုထင္ႏိုင္ဟု ဒါရိုက္တာ ညိဳမင္းလြင္ ေျပာ 
Ads Block

ျမျမအေၾကာင္း ရုပ္ရွင္ရိုက္ကူးမည္ဆိုသည့္အေပၚ ပရိတ္သတ္အေနျဖင့္ႀကိဳက္သလိုထင္ႏိုင္ဟု ဒါရိုက္တာ ညိဳမင္းလြင္ ေျပာ 

အဓမ္မပြုကျင့်ခံရပြီးအသတ်ခံရသည်ဆိုကာ အခြားသူများထံ ဝင်ပူးပြောဆိုသည်ဆိုသော မြမြအကြောင်းကို ရုပ်ရှင်ရိုက်ကူးမည်ဆိုခြင်းမှာ ပေါ်ပင်လုပ်ခြင်းမဟုတ်သည့်အတွက် ပရိသတ်အနေဖြင့် ကြိုက်သလို ထင်နိုင်ကြောင်း ဒါရိုက်တာညိုမင်းလွင်က ပြောသည်။
အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာနမွ ေတြ႕ဆံုေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျဖၾကားေပးျခင္း ျဖစ္သည္။ 
 “အဲဒါရိုးရိုးေလးပါ။ သတင္းသမားတစ္ေယာက္က သတင္းစိတ္၀င္စားတယ္ဆိုရင္ ဒီသတင္းကိုေရးတယ္။ ဒီလိုပဲ ၀တၳဳသမားတစ္ေယာက္၊ စာေရးသမားတစ္ေယာက္က ဒီအေၾကာင္းအရာကိုစိတ္၀င္စားရင္ေရးမွာပဲ။ ဒီသေဘာပါပဲ။ ကိုယ္ကဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ ဖတ္ၾကည့္လိုက္တာ့ စိတ္၀င္စားတယ္။ ဒါေၾကာင့္ရုပ္ရွင္ရိုက္ဖို႔ဆံုးျဖတ္လိုက္တယ္။ ၿပီးေတာ့လူေတြစိတ္၀င္စားေနလို႔ ေပၚပင္ထလုပ္ေနတာ မဟုတ္ပါဘူး။ တကယ္စိတ္၀င္စားလို႔တကယ္ရိုက္ဖို႔ဆံုးျဖတ္လိုက္တာပါ။ ေဖ့စ္ဘုတ္ထဲမွာစိတ္၀င္စားသမွ် ဘာတစ္ခုမွာ၀င္မေျပာခဲ့ပါဘူး။ အေရွ႕မွာလည္းကိစၥေပါင္းစံုရွိတယ္ေလ။ ဘာမွ၀င္မေယာင္ခဲ့ပါဘူး။ အခုက အရမ္းလည္းစိတ္၀င္စားလို႔ ကိုယ္အရင္တုန္းကရိုက္ထားတဲ့ ‘ဇာတ္သိမ္းထိမၾကည့္နဲ႔’ဆိုတဲ့ဇာတ္လမ္းေတြနဲ႔ ဆင္တယ္။ ပရိသတ္အေနနဲ႔ ႀကိဳက္သလိုထင္ႏိုင္ပါတယ္။ လူ(၁၀၀)မွာ (၁၀၀)လံုး ေထာက္ခံမယ္မထင္ပါဘူး။ ၁၀ ေယာက္ေလာက္ဆဲခ်င္ဆဲမယ္။ ၅၀ ေလာက္က ေ၀ဖန္ရင္ေ၀ဖန္မယ္။ တစ္၀က္ေလာက္ကဆဲေနရင္ ျပန္စဥ္စားရမွာေပါ့ေနာ္။ ေကာက္ခ်က္ခ်ႏိုင္ပါတယ္” ဟု ဒါရိုက္တာညိဳမင္းလြင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။ 
အဆိုပါ အေၾကာင္းအရာကိုရိုက္ကူးရန္ သက္ဆိုင္ရာမွ ခြင့္ျပဳခ်က္ ေတာင္းခံရဦးမည္ျဖစ္ၿပီး ဇာတ္ကား ရိုက္ကူးမည့္ အေစာဆံုးကာလဆိုသည္မွာ လာမည့္ ၁ ႏွစ္မွ ၁ ႏွစ္ခြဲအတြင္းျဖစ္ႏုိင္ေၾကာင္းလည္း ၄င္းက ဆက္ေျပာသည္။ 
ျဖစ္စဥ္မွာ ဧရာ၀တီတုိင္းေဒသႀကီး၊ ငသိုင္းေခ်ာင္းၿမိဳ႕နယ္မွ ရန္ကုန္ၿမိဳ႕၊ ေတာင္ဒဂံုစက္မႈဇုန္သို႔ အလုပ္လုပ္ကိုင္ေနသူ ျမျမဆိုသည့္အမ်ိဳးသမီးသည္ သႀကၤန္အႀကိဳေန႔၌ အမ်ိဳးသား(၃)ဦး၏ အဓမၼျပဳက်င့္ခံရၿပီးေနာက္ သတ္ျဖတ္ခံရသည့္အျပင္ အေလာင္းကို ေဖ်ာက္ဖ်က္သြားသည့္အေၾကာင္းကို အျခားမိန္းကေလးတစ္ဦးထံ ၀င္ပူး၍ေျပာဆိုသည့္ ဗီဒီယိုဖိုင္သည္ Facebook ေပၚတြင္ ျပန္႔ႏွံ႔လာၿပီး လူေျပာမ်ားေနၾကျခင္းျဖစ္သည္။
သို႔ေသာ္ ျမျမဆိုသူ အလုပ္လုပ္ကိုင္သည္ဆိုေသာ စက္ရံုမွလည္း ျမျမဆိုသူ အမ်ိဳးသမီးမရွိေၾကာင္း ျပန္လည္ ျငင္းဆိုထားၿပီး သက္ဆိုင္ရာရဲတပ္ဖြဲ႕အေနျဖင့္လည္း အခင္းျဖစ္ေနရာမ်ားသို႔သြားေရာက္စစ္ေဆးရာတြင္ ထူးျခားမႈမရွိေၾကာင္း သတင္းဌာနမ်ားတြင္ ေျဖၾကားထားသည္။ 

- ခင္အိျႏၵာ(အကုန္သိသတင္းဌာန)

Unicode Version

မြမြအကြောင်း ရုပ်ရှင်ရိုက်ကူးမည်ဆိုသည့်အပေါ် ပရိတ်သတ်အနေဖြင့်ကြိုက်သလိုထင်နိုင်ဟု ဒါရိုက်တာ ညိုမင်းလွင် ပြော 

အဓမ္မပြုကျင့်ခံရပြီးအသတ်ခံရသည်ဆိုကာ အခြားသူများထံ ဝင်ပူးပြောဆိုသည်ဆိုသော မြမြအကြောင်းကို ရုပ်ရှင်ရိုက်ကူးမည်ဆိုခြင်းမှာ ပေါ်ပင္လုပ်ခြင်းမဟုတ်သည့်အတွက် ပရိသတ်အနေဖြင့် ကြိုက်သလို ထင်နိုင်ကြောင်း ဒါရိုက်တာညိုမင်းလွင်က ပြောသည်။ 
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာနမှ တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားပေးခြင်း ဖြစ်သည်။ 
 “အဲဒါရိုးရိုးလေးပါ။ သတင်းသမားတစ်ယောက်က သတင်းစိတ်ဝင်စားတယ်ဆိုရင် ဒီသတင်းကိုရေးတယ်။ ဒီလိုပဲ ဝတ္ထုသမားတစ်ယောက်၊ စာရေးသမားတစ်ယောက်က ဒီအကြောင်းအရာကိုစိတ်ဝင်စားရင်ရေးမှာပဲ။ ဒီသဘောပါပဲ။ ကိုယ်ကဒါရိုက်တာတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဖတ်ကြည့်လိုက်တာ့ စိတ်ဝင်စားတယ်။ ဒါကြောင့်ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ ပြီးတော့လူတွေစိတ်ဝင်စားနေလို့ ပေါ်ပင်ထလုပ်နေတာ မဟုတ်ပါဘူး။ တကယ်စိတ်ဝင်စားလို့တကယ်ရိုက်ဖို့ဆုံးဖြတ်လိုက်တာပါ။ ဖေ့စ်ဘုတ်ထဲမှာစိတ်ဝင်စားသမျှ ဘာတစ်ခုမှာဝင်မပြောခဲ့ပါဘူး။ အရှေ့မှာလည်းကိစ္စပေါင်းစုံရှိတယ်လေ။ ဘာမှဝင်မယောင်ခဲ့ပါဘူး။ အခုက အရမ်းလည်းစိတ်ဝင်စားလို့ ကိုယ်အရင်တုန်းကရိုက်ထားတဲ့ ‘ဇာတ်သိမ်းထိမကြည့်နဲ့’ဆိုတဲ့ဇာတ်လမ်းတွေနဲ့ ဆင်တယ်။ ပရိသတ်အနေနဲ့ ကြိုက်သလိုထင်နိုင်ပါတယ်။ လူ(၁၀၀)မှာ (၁၀၀)လုံး ထောက်ခံမယ်မထင်ပါဘူး။ ၁၀ ယောက်လောက်ဆဲချင်ဆဲမယ်။ ၅၀ လောက်က ဝေဖန်ရင်ဝေဖန်မယ်။ တစ်ဝက်လောက်ကဆဲနေရင် ပြန်စဉ်စားရမှာပေါ့နော်။ ကောက်ချက်ချနိုင်ပါတယ်” ဟု ဒါရိုက်တာညိုမင်းလွင်က အကုန်သိသတင်းဌာနသို့ ပြောသည်။ 
အဆိုပါ အကြောင်းအရာကိုရိုက်ကူးရန် သက်ဆိုင်ရာမှ ခွင့်ပြုချက် တောင်းခံရဦးမည်ဖြစ်ပြီး ဇာတ်ကား ရိုက်ကူးမည့် အစောဆုံးကာလဆိုသည်မှာ လာမည့် ၁ နှစ်မှ ၁ နှစ်ခွဲအတွင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့နယ်မှ ရန်ကုန်မြို့၊ တောင်ဒဂုံစက်မှုဇုန်သို့ အလုပ်လုပ်ကိုင်နေသူ မြမြဆိုသည့်အမျိုးသမီးသည် သြင်္ကန်အကြိုနေ့၌ အမျိုးသား(၃)ဦး၏ အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံရသည့်အပြင် အလောင်းကို ဖျောက်ဖျက်သွားသည့်အကြောင်းကို အခြားမိန်းကလေးတစ်ဦးထံ ဝင်ပူး၍ပြောဆိုသည့် ဗီဒီယိုဖိုင်သည် Facebook ပေါ်တွင် ပြန့်နှံ့လာပြီး လူပြောများနေကြခြင်းဖြစ်သည်။
သို့သော် မြမြဆိုသူ အလုပ်လုပ်ကိုင်သည်ဆိုသော စက်ရုံမှလည်း မြမြဆိုသူ အမျိုးသမီးမရှိကြောင်း ပြန်လည် ငြင်းဆိုထားပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့အနေဖြင့်လည်း အခင်းဖြစ်နေရာများသို့သွားရောက်စစ်ဆေးရာတွင် ထူးခြားမှုမရှိကြောင်း သတင်းဌာနများတွင် ဖြေကြားထားသည်။ 

- ခင်အိန္ဒြာ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။