Skip to main content
ႏိုင္ငံျခားသြားရတာထက္ ေမြးရပ္ဇာတိကိုျပန္ရတာပိုသေဘာက်တယ္ဆိုတဲ့ ခါရာ 
Ads Block

ႏိုင္ငံျခားသြားရတာထက္ ေမြးရပ္ဇာတိကိုျပန္ရတာပိုသေဘာက်တယ္ဆိုတဲ့ ခါရာ 

 

ႏိုင္ငံျခားသြားရတာထက္ ေမြးရပ္ဇာတိကိုျပန္ရတာ ပိုၿပီးသေဘာက်တယ္လို႔ သရုပ္ေဆာင္ ခါရာက ေျပာပါတယ္။
ရန္ကုန္ၿမိဳ႕ St. John Mall JCGV မွာ ဧၿပီလ ၂၆ ရက္၊ ညေနပိုင္းက က်င္းပတဲ့ Channel+ ႏွင့္ Arkar Production တုိ႔ပူးေပါင္းဖန္းတီးထားေသာရုပ္သံဇာတ္လမ္းတြဲသစ္ “ေလာကႀကိဳး၀ိုင္း” အႀကိဳျပသမိတ္ဆက္ျခင္း အခမ္းအနားမွာ အခုလုိေျပာခဲ့တာျဖစ္ပါတယ္။  
“ ကိုယ္ဇာတိကိုျပန္ရတာအေပ်ာ္ဆံုးပဲ။ ႏိုင္ငံျခားသြားတာဒီေလာက္မေပ်ာ္ဘူး။ ကိုယ္ငယ္ငယ္ေလးက ျဖတ္သန္းလာခဲ့တဲ့ ၁၆ ႏွစ္၊ ၁၅ ႏွစ္အမွတ္တရေတြအားလံုးကို ကိုယ္ဇာတိကိုျပန္ေရာက္ရင္ခံစားရေတာ့မွာပါ။ ေတြးၿပီးေတာ့ေပ်ာ္တယ္။ ငယ္သူငယ္ခ်င္းေတြေတြ႕ရေတာ့မယ္ဆိုၿပီး ေပ်ာ္လည္းေပ်ာ္တယ္။ ကိုယ့္ကားကို ကိုယ့္ဇာတိမွာတင္ေတာ့မယ္ဆိုေတာ့့ ရင္လည္းခုန္တယ္၊စိတ္လည္းလႈပ္ရွားတယ္။ အဲဒါေတြကိုမျဖစ္ေအာင္ ေျဖေဖ်ာက္ေပးတဲ့ပရိသတ္ကိုလဲေက်းဇူးတင္ပါတယ္” လို႔ ခါရာက ေျပာပါတယ္။ 
၄င္းအေနနဲ႔ ဖိလစ္ပိုင္ႏုိင္ငံမွာသြားေရာက္ၿပီး ရုပ္ရွင္ရိုက္ကူးဖို႔ကိုလည္း စီစဥ္ေနၿပီး ဇာတ္ေကာင္အတြက္ ျပင္ဆင္ရဦးမယ္လို႔လည္း ဆက္ေျပာပါတယ္။ 
ဒါ့အျပင္ ရိုက္ကူးထားတဲ့ရုပ္ရွင္ဇာတ္ကားေတြလည္း ဆက္တိုက္ထြက္လာမွာျဖစ္တဲ့အတြက္ အားေပးၾကပါလို႔ ပရိသတ္ေတြကိုလည္း ေမတၱာရပ္ခံထားပါတယ္။ 

- ခင္အိျႏၵာ(အကုန္သိသတင္းဌာန)

 

Unicode Version

 

နိုင်ငံခြားသွားရတာထက် မွေးရပ်ဇာတိကိုပြန်ရတာပိုသဘောကျတယ်ဆိုတဲ့ ခါရာ 

 

နိုင်ငံခြားသွားရတာထက် မွေးရပ်ဇာတိကိုပြန်ရတာ ပိုပြီးသဘောကျတယ်လို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။
ရန်ကုန်မြို့ St. John Mall JCGV မှာ ဧပြီလ ၂၆ ရက်၊ ညနေပိုင်းက ကျင်းပတဲ့ Channel+ နှင့် Arkar Production တို့ပူးပေါင်းဖန်းတီးထားသောရုပ်သံဇာတ်လမ်းတွဲသစ် “လောကကြိုးဝိုင်း” အကြိုပြသမိတ်ဆက်ခြင်း အခမ်းအနားမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။  
“ ကိုယ်ဇာတိကိုပြန်ရတာအပျော်ဆုံးပဲ။ နိုင်ငံခြားသွားတာဒီလောက်မပျော်ဘူး။ ကိုယ်ငယ်ငယ်လေးက ဖြတ်သန်းလာခဲ့တဲ့ ၁၆ နှစ်၊ ၁၅ နှစ်အမှတ်တရတွေအားလုံးကို ကိုယ်ဇာတိကိုပြန်ရောက်ရင်ခံစားရတော့မှာပါ။ တွေးပြီးတော့ပျော်တယ်။ ငယ်သူငယ်ချင်းတွေတွေ့ရတော့မယ်ဆိုပြီး ပျော်လည်းပျော်တယ်။ ကိုယ့်ကားကို ကိုယ့်ဇာတိမှာတင်တော့မယ်ဆိုတော့ ရင်လည်းခုန်တယ်၊စိတ်လည်းလှုပ်ရှားတယ်။ အဲဒါတွေကိုမဖြစ်အောင် ဖြေဖျောက်ပေးတဲ့ပရိသတ်ကိုလဲကျေးဇူးတင်ပါတယ်” လို့ ခါရာက ပြောပါတယ်။ 
၎င်းအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာသွားရောက်ပြီး ရုပ်ရှင်ရိုက်ကူးဖို့ကိုလည်း စီစဉ်နေပြီး ဇာတ်ကောင်အတွက် ပြင်ဆင်ရဦးမယ်လို့လည်း ဆက်ပြောပါတယ်။ 
ဒါ့အပြင် ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ထွက်လာမှာဖြစ်တဲ့အတွက် အားပေးကြပါလို့ ပရိသတ်တွေကိုလည်း မေတ္တာရပ်ခံထားပါတယ်။ 

- ခင်အိန္ဒြာ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။