Skip to main content
Ads Block
Unicode version
၂၀၁၉ ခုနှစ် မော်တော်ယာဉ်မူဝါဒ မကြာမီထုတ်ပြန်မည်
၂၀၁၉ မော်တော်ယာဉ်မူဝါဒကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦခင်မောင်ချို က ပြောကြားလိုက်သည်။
ဧပြီလ ၂၆ ရက်က သီလဝါ အထူးစီးပွားရေးဇုန်ရှိ SUZUKI Myanmar Motor၏ All New SUZUKI Ertiga 2019 ကားသစ် မိတ်ဆက်ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“  မူဝါဒက အရေးကြီးပါတယ်။ မြန်မာနိုင်ငံမော်တော်ထုတ်လုပ်တဲ့ မူဝါဒတွေကို အချိန်ယူပြီး ချမှတ်ခဲ့ရာမှာ များမကြာမီက မော် တော်ယာဉ်မူဝါဒကို အတည်ပြုပြီးဖြစ်တဲ့အတွက် မကြာမီထုတ်ပြန်ကြေငြာပြီးတော့ ဆက်လက်ပြီး လိုအပ်တဲ့ အစီအမံများ ကို လည်း ထပ်မံပြီးတော့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ချို ကပြောသည်။
ထုတ်လုပ်သူများအား မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး မော်တော်ယာဉ်အားလုံးသည် ပြည်သူ လူထုအတွက် လုံခြုံစိတ်ချရသော မော်တော်ယာဉ်များ ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် မော်တော်ယာဉ်မူဝါဒတွင် ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းမှုပြုခဲ့ခြင်း၊ မော်ဒယ်သက် တမ်း သတ်မှတ်ချက်များ ပါဝင်ခဲ့ကြောင်း သိရသည်။
 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။