Skip to main content
မင္းလွၿမိဳ႕နယ္တြင္ ေသာက္သံုးေရ ႐ွားပါးမႈျဖစ္ေပၚပါက အေရးေပၚေရေပးေဝမႈမ်ား လုပ္ေဆာင္ေပးမည္
Ads Block

မင္းလွၿမိဳ႕နယ္တြင္ ေသာက္သံုးေရ ႐ွားပါးမႈျဖစ္ေပၚပါက အေရးေပၚေရေပးေဝမႈမ်ား လုပ္ေဆာင္ေပးမည္

မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕နယ္အတြင္း႐ွိ ေက်းလက္ေဒသမ်ားတြင္ ေသာက္သံုးေရ႐ွားမႈမ်ားျဖစ္ေပၚလာပါက အ ေရးေပၚ ေရေပးေ၀မႈမ်ား လုပ္ေဆာင္ကာ ေရျဖန္႔ေ၀သြားမည္ ျဖစ္ေၾကာင္း သိရသည္။
အကယ္၍ မင္းလွၿမိဳ႕နယ္အတြင္း ေရရွားပါးမႈမ်ား ျဖစ္ေပၚလာပါက မင္းလွၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႔ၿဖိဳး တိုးတက္ေရးဦးစီးဌာန သို႔ ဆက္သြယ္အေၾကာင္းၾကားေပးေစလိုေၾကာင္း မင္းလွၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးမွဴး ဦးမင္းေဇာ္ဟန္ကေျပာသည္။
"သရက္ခ႐ိုင္အတြင္းက ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရး ဌာနကၿမိဳ႕နယ္ ဦးစီးမွဴးေတြရဲ႕ ဖုန္းနံပါတ္ေတြကို လိုအပ္တဲ့ အခ်ိန္ဆက္သြယ္ၿပီး အကူအညီေတာင္းခံႏိုင္ဖို႔အတြက္ ျဖန္႔ေပးထားပါတယ္။ ေသာက္သံုးေရ႐ွားပါးမႈေတြ ျဖစ္ေပၚလာၾကတဲ့ အခ်ိန္အေၾကာင္းၾကားဆက္သြယ္ေပးေစလိုပါတယ္။ ေရ႐ွားပါးမႈ ျဖစ္ေပၚလာၿပီဆိုတာနဲ႔ ဌာနက အေရးေပၚ ေရေပးမႈေတြ ေဆာင္ရြက္ေပး ဖို႔ စီစဥ္ထားပါတယ္။ ဌာနမွာ ေရကားမ႐ွိေပမယ့္ ႐ွိတဲ့ Light truck ယာဥ္ေပၚမွာ ေရဘူးေတြတင္ၿပီး ဌာနမွာ႐ွိတဲ့ လူအင္အား နဲ႔ လိုက္လံ ကူညီေပးဖို႔ ရည္ရြယ္ထားတာပါ " ဟု မင္းလွၿမိဳ႕နယ္ ေက်းလက္ေဒသဖြံၿဖိဳးတိုးတက္ေရး ဦးစီးမွဴး ဦးမင္းေဇာ္ ဟန္က ေျပာသည္။

မင္းလွၿမိဳ႕နယ္တြင္ ေသာက္သံုးေရ ႐ွားပါးမႈျဖစ္ေပၚပါက အေရးေပၚေရေပးေဝမႈမ်ား လုပ္ေဆာင္ေပးမည္

ေရကန္အႀကီးမ်ား႐ွိၿပီး ေသာက္သံုးေရအတြက္ အဆင္မေျပသည့္ ေက်းရြာမ်ား႐ွိပါကလည္း ဆက္သြယ္ႏိုင္ၿပီး တိုင္းတြင္႐ွိသည့္ ေရသန္႔စက္ကားႏွင့္ ကန္ထဲမွ ေရကိုသန္႔ေအာင္လုပ္ၿပီး မိုးကာကန္ႏွင့္ ေရသန္႔ရ႐ွိေအာင္ ေဆာင္ရြက္ေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။
မင္းလွၿမိဳ႕နယ္ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီး ဌာနအေနျဖင့္ ဧၿပီလ ၃၀ ရက္တြင္ မင္းလွၿမိဳ႕နယ္ ကညင္းႀကီးေက်းရြာႏွင့္ မလြန္စမ္းေက်းရြာတို႔႐ွိ ေျမသားေရကန္မ်ားထဲမွ ေရမ်ားကို ေရသန္႔စက္ေမာ္ေတာ္ယာဥ္ျဖင့္ သြားေရာက္သန္႔စင္၍ေဒသခံမ်ား အား ေသာက္သံုးေရ အစဥ္ေျပေစရန္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 - ေက်ာ္သက္ႏိုင္ - မင္းလွ(အကုန္သိသတင္းဌာန)

Unicode version

မင်းလှမြို့နယ်တွင် သောက်သုံးရေ ရှားပါးမှုဖြစ်ပေါ်ပါက အရေးပေါ်ရေပေးဝေမှုများ လုပ်ဆောင်ပေးမည်

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် သောက်သုံးရေရှားမှုများဖြစ်ပေါ်လာပါက အ ရေးပေါ် ရေပေးဝေမှုများ လုပ်ဆောင်ကာ ရေဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
အကယ်၍ မင်းလှမြို့နယ်အတွင်း ရေရှားပါးမှုများ ဖြစ်ပေါ်လာပါက မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သို့ ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမင်းဇော်ဟန်ကပြောသည်။
"သရက်ခရိုင်အတွင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနကမြို့နယ် ဦးစီးမှူးတွေရဲ့ ဖုန်းနံပါတ်တွေကို လိုအပ်တဲ့ အချိန်ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ဖို့အတွက် ဖြန့်ပေးထားပါတယ်။ သောက်သုံးရေရှားပါးမှုတွေ ဖြစ်ပေါ်လာကြတဲ့ အချိန်အကြောင်းကြားဆက်သွယ်ပေးစေလိုပါတယ်။ ရေရှားပါးမှု ဖြစ်ပေါ်လာပြီဆိုတာနဲ့ ဌာနက အရေးပေါ် ရေပေးမှုတွေ ဆောင်ရွက်ပေး ဖို့ စီစဉ်ထားပါတယ်။ ဌာနမှာ ရေကားမရှိပေမယ့် ရှိတဲ့ Light truck ယာဉ်ပေါ်မှာ ရေဘူးတွေတင်ပြီး ဌာနမှာရှိတဲ့ လူအင်အား နဲ့ လိုက်လံ ကူညီပေးဖို့ ရည်ရွယ်ထားတာပါ " ဟု မင်းလှမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမင်းဇော် ဟန်က ပြောသည်။
ရေကန်အကြီးများရှိပြီး သောက်သုံးရေအတွက် အဆင်မပြေသည့် ကျေးရွာများရှိပါကလည်း ဆက်သွယ်နိုင်ပြီး တိုင်းတွင်ရှိသည့် ရေသန့်စက်ကားနှင့် ကန်ထဲမှ ရေကိုသန့်အောင်လုပ်ပြီး မိုးကာကန်နှင့် ရေသန့်ရရှိအောင် ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဧပြီလ ၃၀ ရက်တွင် မင်းလှမြို့နယ် ကညင်းကြီးကျေးရွာနှင့် မလွန်စမ်းကျေးရွာတို့ရှိ မြေသားရေကန်များထဲမှ ရေများကို ရေသန့်စက်မော်တော်ယာဉ်ဖြင့် သွားရောက်သန့်စင်၍ဒေသခံများ အား သောက်သုံးရေ အစဉ်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 - ကျော်သက်နိုင် - မင်းလှ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။