Skip to main content
နိုင္ငံတကာေစ်းကြက္မရွိလို႔သာ ျမန္မာ့ရုပ္ရွင္ေတြဟာ နိုင္ငံတကာ မထိုးေဖာက္နိုင္တာပါလို႔ ေျပာခဲ့တဲ့  ဒါရိုက္တာ ပန္းခ်ီစိုးမိုး 
Ads Block

နိုင္ငံတကာေစ်းကြက္မရွိလို႔သာ ျမန္မာ့ရုပ္ရွင္ေတြဟာ နိုင္ငံတကာ မထိုးေဖာက္နိုင္တာပါလို႔ ေျပာခဲ့တဲ့  ဒါရိုက္တာ ပန္းခ်ီစိုးမိုး 

ျမန္မာ့ရုပ္ရွင္ဇာတ္ကား ေတြ က ႏုိင္ငံတကာေစ်းကြက္မရွိလို႕သာ ႏုိင္ငံတကာကို မထိုးေဖာက္ႏုိင္တာပါလို႕ ရုပ္ရွင္သက္တမ္းႏွစ္ ၅၀ ေက်ာ္အေတြ႕အႀကံဳရွိသူတစ္ဦး ျဖစ္တဲ့ ဒါရုိက္တာ ပန္းခ်ိစိုးမိုး ကေျပာလာပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ဆုေပးပြဲအၿပီးမွာ အကယ္ဒမီဆုေတြနဲ႕ ပတ္သက္ၿပီး ယခင္ႏွစ္က ေ၀ဖန္ေျပာဆိုမႈေတြ က ဆိုး၀ါးခဲ့တာေၾကာင့္ ဆင္ဆာအကဲျဖတ္အဖြဲ႕၀င္တစ္ဦးအျဖစ္ပါ၀င္ေဆာင္ရြက္ခဲ့တဲ့ ဒါရုိက္တာ ပန္းခ်ီစိုးမိုး ကို အကုန္သိ သတင္းဌာနက ဆက္သြယ္ေမးျမန္းခဲ့ခ်ိန္မွာယခုလို ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

နိုင္ငံတကာေစ်းကြက္မရွိလို႔သာ ျမန္မာ့ရုပ္ရွင္ေတြဟာ နိုင္ငံတကာ မထိုးေဖာက္နိုင္တာပါလို႔ ေျပာခဲ့တဲ့  ဒါရိုက္တာ ပန္းခ်ီစိုးမိုး 


“ဆရာအေနနဲ႔ အနုပညာေလာကမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္ ဒါရုိက္တာလုပ္လာတဲ့တစ္ေလွ်ာက္ ရုပ္ရွင္ ဇာတ္ကားခ်ည္းပဲ ရုိက္တာ ေျခာက္ဆယ္ေက်ာ္ရွိၿပီ။ ဗီဒီယိုဇာတ္ကား သံုးရာေက်ာ္ရွိပါတယ္။ ပရိသတ္ အတြက္ အၿမဲေစတနာအျပည့္နဲ႕ရုိက္တယ္။ international ျဖစ္တယ္၊ မျဖစ္ဘူးဆိ္ုတဲ့စကားက ျမင့္လြန္းပါတယ္။ ေစ်းကြက္မရွိလို႕ႏုိင္ငံျခားကို မေရာက္တာပါ။ ေစ်းကြက္ရွိရင္ ႏုိင္ငံျခား ေရာက္မွာပါ။ နည္းပညာတစ္ခုပဲ ႏုိင္ငံျခားကိုအားျပဳလို႕ရမွာပါ။ ယဥ္ေက်းမႈကေတာ့မရပါဘူး။ မတူတာကိုညွိဖို႔ မႀကိဳးစားပါနဲ႔” လို႔ ဒါရုိက္တာ ပန္းခ်ီစိုးမိုး က ေျပာပါတယ္။

နိုင္ငံတကာေစ်းကြက္မရွိလို႔သာ ျမန္မာ့ရုပ္ရွင္ေတြဟာ နိုင္ငံတကာ မထိုးေဖာက္နိုင္တာပါလို႔ ေျပာခဲ့တဲ့  ဒါရိုက္တာ ပန္းခ်ီစိုးမိုး 


၂၀၁၈ ခုနွစ္အကယ္ဒမီနဲ႔ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္ေတြ က  အကယ္ဒမီဆု စီစစ္ေရြးခ်ယ္ေရးအဖြဲ႕ နဲ႕သာ သက္ဆိုင္ၿပီး  ရုပ္ရွင္ဇာတ္ကားေတြကို ၾကည့္ရႈအကဲျဖတ္တဲ့အခါမွာ တစ္ဦးတစ္ေယာက္ခ်င္းစီက တစ္မဲခ်င္းစီေပးရတာျဖစ္သလို မွန္တဲ့သူ၊လြဲမွားတဲ့သူလည္းရွိ တယ္လို႔ ဒါရုိက္တာ ပန္းခ်ီစိုးမိုး က ေျပာျပခဲ့ပါတယ္။
ဒါရုိက္တာ ပန္းခ်ီစိုးမိုး က အကယ္ဒမီ အကဲျဖတ္အဖြဲ႕ ၀င္တစ္ဦး ျဖစ္သလို အႏုပညာ သက္တမ္းႏွစ္ ၅၀ ေက်ာ္မွာ ရုပ္ရွင္ဇာတ္ကားေပါင္း မ်ားစြာရရွိခဲ့သူျဖစ္သလို အကယ္ဒမီႏွစ္ဆုရရွိထားသူ တစ္ဦးလည္းျဖစ္ပါတယ္။

- အိျဖဴသိမ့္ (အကုန္သိသတင္းဌာန)

Unicode Version

နိုင်ငံတကာဈေးကွက်မရှိလို့သာ မြန်မာ့ရုပ်ရှင်တွေဟာ နိုင်ငံတကာ မထိုးဖောက်နိုင်တာပါလို့ ပြောခဲ့တဲ့  ဒါရိုက်တာ ပန်းချီစိုးမိုး 

မြန်မာ့ရုပ်ရှင်ဇာတ်ကား တွေ က နိုင်ငံတကာဈေးကွက်မရှိလို့သာ နိုင်ငံတကာကို မထိုးဖောက်နိုင်တာပါလို့ ရုပ်ရှင်သက်တမ်းနှစ် ၅၀ ကျော်အတွေ့အကြုံရှိသူတစ်ဦး ဖြစ်တဲ့ ဒါရိုက်တာ ပန်းချိစိုးမိုး ကပြောလာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပြီးမှာ အကယ်ဒမီဆုတွေနဲ့ ပတ်သက်ပြီး ယခင်နှစ်က ဝေဖန်ပြောဆိုမှုတွေ က ဆိုးဝါးခဲ့တာကြောင့် ဆင်ဆာအကဲဖြတ်အဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဒါရိုက်တာ ပန်းချီစိုးမိုး ကို အကုန်သိ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာယခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ဆရာအနေနဲ့ အနုပညာလောကမှာ နှစ်ပေါင်း ၅၀ ကျော် ဒါရိုက်တာလုပ်လာတဲ့တစ်လျှောက် ရုပ်ရှင် ဇာတ်ကားချည်းပဲ ရိုက်တာ ခြောက်ဆယ်ကျော်ရှိပြီ။ ဗီဒီယိုဇာတ်ကား သုံးရာကျော်ရှိပါတယ်။ ပရိသတ် အတွက် အမြဲစေတနာအပြည့်နဲ့ရိုက်တယ်။ international ဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့စကားက မြင့်လွန်းပါတယ်။ ဈေးကွက်မရှိလို့နိုင်ငံခြားကို မရောက်တာပါ။ ဈေးကွက်ရှိရင် နိုင်ငံခြား ရောက်မှာပါ။ နည်းပညာတစ်ခုပဲ နိုင်ငံခြားကိုအားပြုလို့ရမှာပါ။ ယဉ်ကျေးမှုကတော့မရပါဘူး။ မတူတာကိုညှိဖို့ မကြိုးစားပါနဲ့” လို့ ဒါရိုက်တာ ပန်းချီစိုးမိုး က ပြောပါတယ်။
၂၀၁၈ ခုနှစ်အကယ်ဒမီနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ က  အကယ်ဒမီဆု စီစစ်ရွေးချယ်ရေးအဖွဲ့ နဲ့သာ သက်ဆိုင်ပြီး  ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုအကဲဖြတ်တဲ့အခါမှာ တစ်ဦးတစ်ယောက်ချင်းစီက တစ်မဲချင်းစီပေးရတာဖြစ်သလို မှန်တဲ့သူ၊လွဲမှားတဲ့သူလည်းရှိ တယ်လို့ ဒါရိုက်တာ ပန်းချီစိုးမိုး က ပြောပြခဲ့ပါတယ်။
ဒါရိုက်တာ ပန်းချီစိုးမိုး က အကယ်ဒမီ အကဲဖြတ်အဖွဲ့ ဝင်တစ်ဦး ဖြစ်သလို အနုပညာ သက်တမ်းနှစ် ၅၀ ကျော်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာရရှိခဲ့သူဖြစ်သလို အကယ်ဒမီနှစ်ဆုရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။

- အိဖြူသိမ့် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။