Skip to main content
ေ႐ႊတိဂုံဘုရားတြင္ ေ႐ႊပိႆာ ၃၀ ကပ္လႉထားပါက ပိႆာ ၂၀ မွာ ေလဒဏ္မိုးဒဏ္ေၾကာင့္ လြင့္ပါဆုံးရႈံးေနေၾကာင္း သာသနာေရးဝန္ႀကီး သူရဦးေအာင္ကိုေျပာ
Ads Block

ေ႐ႊတိဂုံဘုရားတြင္ ေ႐ႊပိႆာ ၃၀ ကပ္လႉထားပါက ပိႆာ ၂၀ မွာ ေလဒဏ္မိုးဒဏ္ေၾကာင့္ လြင့္ပါဆုံးရႈံးေနေၾကာင္း သာသနာေရးဝန္ႀကီး သူရဦးေအာင္ကိုေျပာ

ေ႐ႊတိဂုံဘုရားမွ ေ႐ႊမိုက္ျပန္ထုတ္သည့္အခါတြင္ ပွ်မ္းမွ် ေ႐ႊပိႆာ ၃၀ ကပ္ပါက ပိႆာ ၂၀ မွာ ေလဒဏ္မိုးဒဏ္ႏွင့္ လြင့္ပါဆုံးရႈံးမႈမ်ားရွိေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုကေျပာၾကားလိုက္သည္။
ဧၿပိလအတြင္း ႏိုင္ငံပိုင္သတင္းစာျဖစ္ေသာေၾကးမုံသတင္းစာႏွင့္ေတြ႕ဆုံေမးျမန္းရာတြင္ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ငါးႏွစ္တစ္ႀကိမ္မွာ ေဟာင္းႏြမ္းသြားတဲ့ ေ႐ႊေတြကို ေ႐ႊမိုက္ျပန္ထုတ္ရပါတယ္။ ၿပီးရင္အမ်ားျပည္သူကပ္လႉဒါန္းမႈနဲ႔ အသစ္ကပ္လႉပူေဇာ္ရပါတယ္။ ေ႐ႊမိုက္ထုတ္တဲ့အခါ ပွ်မ္းမွ် ေ႐ႊပိႆာ ၃၀ ကပ္ခဲ့ရင္ ၁၀ ပိႆာခန႔္ေလာက္ ေ႐ႊမိုက္ထုတ္လို႔ရပါတယ္။ က်န္တဲ့ပိႆာ ၂၀ က ေလဒဏ္မိုးဒဏ္နဲ႔ လြင့္ပါးဆုံးရႈံးသြားပါတယ္။ ဒါေၾကာင့္ေ႐ႊတိဂုံဘုရားကို ငါးႏွစ္တစ္ႀကိမ္ ေ႐ႊသကၤန္းကပ္လႉ ပူေဇာ္မယ္ဆိုရင္ ဝါးျငမ္းဆင္ရၿပီး အခ်ိန္တစ္လေလာက္ၾကာပါတယ္။ ျပန္လည္သုံးလို႔ရတာ ၃၀ ရာခိုင္ႏႈန္းဆိုေတာ့ ၇၀ ရာခိုင္ႏႈန္းေသာ ေ႐ႊေတြက ငါးႏွစ္ျပည့္တိုင္း သဘာဝေဘးဒဏ္ေၾကာင့္ ဆုံးရႈံးသြားတယ္ဆိုတဲ့သေဘာျဖစ္ပါတယ္’’ ဟု ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာသည္။
လက္ရွိတြင္ ေ႐ႊတိဂုံေစတီေတာ္ႀကီးအား ေနပူခံေက်ာက္ျပားမ်ား ခင္းလ်က္ရွိရာ ၉၀ ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္ေၾကာင္းလည္း သိရသည္။
ေ႐ႊတိဂုံေစတီေတာ္ ျမတ္ႀကီးတြင္ ေန႔စဥ္ လႉဒါန္းသူ ဘုရားဖူး ျပည္သူမ်ားမ်ားျပားလ်က္ရွိၿပီး ေစတီေတာ္ႀကီးအတြက္ ရန္ပုံေငြမ်ားမွာ လည္းအလွ်ံအပယ္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထပ္မံေျပာဆိုထားသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ရွှေတိဂုံဘုရားတွင် ရွှေပိဿာ ၃၀ ကပ်လှူထားပါက ပိဿာ ၂၀ မှာ လေဒဏ်မိုးဒဏ်ကြောင့် လွင့်ပါဆုံးရှုံးနေကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုပြော

ရွှေတိဂုံဘုရားမှ ရွှေမိုက်ပြန်ထုတ်သည့်အခါတွင် ပျှမ်းမျှ ရွှေပိဿာ ၃၀ ကပ်ပါက ပိဿာ ၂၀ မှာ လေဒဏ်မိုးဒဏ်နှင့် လွင့်ပါဆုံးရှုံးမှုများရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောကြားလိုက်သည်။
ဧပြိလအတွင်း နိုင်ငံပိုင်သတင်းစာဖြစ်သောကြေးမုံသတင်းစာနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ငါးနှစ်တစ်ကြိမ်မှာ ဟောင်းနွမ်းသွားတဲ့ ရွှေတွေကို ရွှေမိုက်ပြန်ထုတ်ရပါတယ်။ ပြီးရင်အများပြည်သူကပ်လှူဒါန်းမှုနဲ့ အသစ်ကပ်လှူပူဇော်ရပါတယ်။ ရွှေမိုက်ထုတ်တဲ့အခါ ပျှမ်းမျှ ရွှေပိဿာ ၃၀ ကပ်ခဲ့ရင် ၁၀ ပိဿာခန့်လောက် ရွှေမိုက်ထုတ်လို့ရပါတယ်။ ကျန်တဲ့ပိဿာ ၂၀ က လေဒဏ်မိုးဒဏ်နဲ့ လွင့်ပါးဆုံးရှုံးသွားပါတယ်။ ဒါကြောင့်ရွှေတိဂုံဘုရားကို ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်မယ်ဆိုရင် ဝါးငြမ်းဆင်ရပြီး အချိန်တစ်လလောက်ကြာပါတယ်။ ပြန်လည်သုံးလို့ရတာ ၃၀ ရာခိုင်နှုန်းဆိုတော့ ၇၀ ရာခိုင်နှုန်းသော ရွှေတွေက ငါးနှစ်ပြည့်တိုင်း သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးသွားတယ်ဆိုတဲ့သဘောဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
လက်ရှိတွင် ရွှေတိဂုံစေတီတော်ကြီးအား နေပူခံကျောက်ပြားများ ခင်းလျက်ရှိရာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။
ရွှေတိဂုံစေတီတော် မြတ်ကြီးတွင် နေ့စဉ် လှူဒါန်းသူ ဘုရားဖူး ပြည်သူများများပြားလျက်ရှိပြီး စေတီတော်ကြီးအတွက် ရန်ပုံငွေများမှာ လည်းအလျှံအပယ်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောဆိုထားသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။