Skip to main content
ဧရာ၀တီျမစ္အေၾကာင္းကို ညအိပ္ရာ၀င္ပံုျပင္တစ္ပုဒ္အေနနဲ႔ မ်ိဳးဆက္သစ္ကေလးငယ္ေတြကို ေျပာမျပခ်င္ပါဘူးဆိုတဲ့ အကယ္ဒမီ ပိုင္ၿဖိဳးသု
Ads Block

ဧရာ၀တီျမစ္အေၾကာင္းကို ညအိပ္ရာ၀င္ပံုျပင္တစ္ပုဒ္အေနနဲ႔ မ်ိဳးဆက္သစ္ကေလးငယ္ေတြကို ေျပာမျပခ်င္ပါဘူးဆိုတဲ့ အကယ္ဒမီ ပိုင္ၿဖိဳးသု

ျမန္မာနိုင္ငံမွာပဲရွိတဲ့ ဧရာ၀တီျမစ္ရဲ႕ အေၾကာင္းကို ေနာင္တစ္ခ်ိန္မွာ ကေလး ေလးေတြကို ညအိပ္ရာ၀င္ပံုျပင္တစ္ပုဒ္အေနနဲ႔ မေျပာျပခ်င္ပါဘူးလို႔ အကယ္ဒမီ ပိုင္ၿဖိဳးသုက ေျပာပါတယ္။
ဧၿပီလ (၂၀) ရက္ကရန္ကုန္ၿမိဳ႕၊ ႏုိဗိုတယ္ဟုိတယ္မွာ  ျမစ္ဆံုစီမံကိန္းအၿပီးတုိင္ရပ္ေရးအတြက္ “ဧရာဝတီ ကို ျပန္ေရြးယူၾကမယ္” ေခါင္းစဥ္ျဖင့္ သက္ဆိုင္ရာနယ္ပယ္အသီးသီးက ပညာရွင္ေတြနဲ႔အတူ အႏုပညာရွင္ေတြ လည္း ပါ၀င္ေဆြးေႏြးခဲ့တဲ့စကား၀ိုင္းမွာ ပိုင္ၿဖိဳးသု က ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ေနာင္တစ္ခ်ိန္မွာ ကိုယ္ခ်စ္တဲ့ကိုယ့္ရဲ႕သားသမီးေတြ၊ ကိုယ္ရဲ႕ေျမးေလးေတြကို ျမန္မာျပည္က ျပည္သူ ျပည္သားေတြဟာ ဘယ္ေလာက္ခ်စ္ခင္ဖို႔ေကာင္းတယ္။ ဧရာ၀တီျမစ္ႀကီးက ဘယ္ေလာက္ထိလွတယ္။ ဒီဧရာ၀တီျမစ္ႀကီးက ျမန္မာျပည္သူျပည္သားေတြ အသက္ေမြးဖို႔အတြက္ ဘယ္လိုအကူအညီေတြေပးနိုင္တယ္။ ျမစ္ဆံုဆိုတာက ဘယ္ေလာက္ထိလွတယ္။ ျမန္မာျပည္မွာရွိတဲ့ ေတာအုပ္ေတြ၊ ေတာင္တန္းေတြက ဘယ္ေလာက္ေတာင္ စိမ္းလန္းစိုၿပည္တယ္ဆိုတာကို ညအိပ္ရာပံုျပင္တစ္ခုအေနနဲ႔ မေျပာျပခ်င္ပါဘူး။ အဲဒီ ဧရာ၀တီျမစ္ႀကီးဆီကို ေခၚသြားၿပီးေတာ့  ဧရာ၀တီျမစ္ႀကီးကို ေတြ႕လား၊ ဘယ္ေလာက္လွသလဲ။ ဧရာ၀တီ ျမစ္ရိုးတစ္ေလွ်ာက္မွာ ဘယ္လိုသူေတြက အသက္ေမြး၀မ္းေၾကာင္းျပဳၿပီး ေနထိုင္ၾကတယ္။ ျမစ္ဆံု က ဘယ္ေလာက္ထိလွတယ္ဆိုတာ ကေလးေလးေတြရဲ႕လက္ကိုဆြဲေခၚၿပီးေတာ့ သြားျပခြင့္ရခ်င္ပါတယ္” လို႔ ေျပာပါတယ္။

ဧရာ၀တီျမစ္အေၾကာင္းကို ညအိပ္ရာ၀င္ပံုျပင္တစ္ပုဒ္အေနနဲ႔ မ်ိဳးဆက္သစ္ကေလးငယ္ေတြကို ေျပာမျပခ်င္ပါဘူးဆိုတဲ့ အကယ္ဒမီ ပိုင္ၿဖိဳးသု

ဆက္လက္ၿပီး ပိုင္ၿဖိဳးသု က  သူကိုယ္တိုင္ကလည္း ျမန္မာျပည္မွာပဲ ေမြးဖြားခဲ့ၿပီး ျမန္မာျပည္က ဆရာသမား ေတြရဲ႕သင္ၾကားေပးမႈေၾကာင့္ ျမန္မာနိုင္ငံကေပးတဲ့ ဘြဲ႕တစ္ခုကိုရရွိခဲ့ သလို အခုလက္ရွိ အခ်ိန္ထိလည္း ျမန္မာျပည္က ပရိသတ္ေတြရဲ႕အားေပးမႈေၾကာင့္ပဲ အနုပညာေလာကထဲမွာရပ္တည္ေနနိုင္ၿပီး အသက္ေမြး၀မ္းေၾကာင္းျပဳေနနိုင္တာျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။
အႏုပညာကို ခ်စ္တတ္တဲ့ သူမက ဧရာ၀တီနဲ႕ ပတ္သက္ၿပီး ဆုေတာင္းေပးခဲ့တာကိုလည္း “ျမန္မာျပည္သူျပည္သားအမ်ားရဲ႕စိတ္ထဲမွာလည္း ကၽြန္မနဲ႔ ထပ္တူျဖစ္ေနလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုရင္ ကၽြန္မတို႔ရဲ႕ျပည္သူျပည္သားေတြက ကိုယ့္တိုင္းျပည္ကိုခ်စ္တယ္။ ကိုယ့္ရဲ႕သံယံဇာတ ေတြကို ခ်စ္တယ္။ ကိုယ့္ရဲ႕ပတ္၀န္းက်င္ကို ခ်စ္တတ္တဲ့သူေတြခ်ည္းပါပဲ။ အဲဒါေၾကာင့္ ျမန္မာျပည္သူ တစ္ေယာက္အေနနဲ႔ ကၽြန္မခ်စ္တဲ့ျမန္မာျပည္သူျပည္သားေတြနဲ႔အတူ ကၽြန္မတို႔ခ်စ္တဲ့ ဧရာ၀တီကို ေရြးယူခြင့္ ရခ်င္ပါတယ္။ ျမန္မာျပည္ႀကီး က်န္းမာပါေစ။ ဧရာ၀တီႀကီး အဓြန္႔ရွည္ပါေစလို႔ ဆုေတာင္းေပးထားတာ” လို႕ ပိုင္ၿဖိဳးသု က ေျပာခဲ့ပါတယ္။
 “ဧရာဝတီ ကို ျပန္ေရြးယူၾကမယ္” ေခါင္းစဥ္ နဲ႕ ေဆြးေႏြးပြဲမွာ အႏုပညာရွင္မ်ားလည္းလာေရာက္ေဆြးေႏြးၾကသလို ေဆြးေႏြးပြဲ အေၾကာင္းအရာမ်ားကိုလည္း ျပည္သူအမ်ားစိတ္ပါ၀င္စားၾကတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ 

 - အိျဖဴသိမ့္ (အကုန္သိသတင္းဌာန)

Unicode version

ဧရာဝတီမြစ်အကြောင်းကို ညအိပ်ရာဝင်ပုံပြင်တစ်ပုဒ်အနေနဲ့ မျိုးဆက်သစ်ကလေးငယ်တွေကို ပြောမပြချင်ပါဘူးဆိုတဲ့ အကယ်ဒမီ ပိုင်ဖြိုးသု

မြန်မာနိုင်ငံမှာပဲရှိတဲ့ ဧရာဝတီမြစ်ရဲ့ အကြောင်းကို နောင်တစ်ချိန်မှာ ကလေး လေးတွေကို ညအိပ်ရာဝင်ပုံပြင်တစ်ပုဒ်အနေနဲ့ မပြောပြချင်ပါဘူးလို့ အကယ်ဒမီ ပိုင်ဖြိုးသုက ပြောပါတယ်။
ဧပြီလ (၂၀) ရက်ကရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ  မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ရေးအတွက် “ဧရာဝတီ ကို ပြန်ရွေးယူကြမယ်” ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့အတူ အနုပညာရှင်တွေ လည်း ပါဝင်ဆွေးနွေးခဲ့တဲ့စကားဝိုင်းမှာ ပိုင်ဖြိုးသု က ပြောကြားခဲ့တာဖြစ်ပါတယ်။
“နောင်တစ်ချိန်မှာ ကိုယ်ချစ်တဲ့ကိုယ့်ရဲ့သားသမီးတွေ၊ ကိုယ်ရဲ့မြေးလေးတွေကို မြန်မာပြည်က ပြည်သူ ပြည်သားတွေဟာ ဘယ်လောက်ချစ်ခင်ဖို့ကောင်းတယ်။ ဧရာဝတီမြစ်ကြီးက ဘယ်လောက်ထိလှတယ်။ ဒီဧရာဝတီမြစ်ကြီးက မြန်မာပြည်သူပြည်သားတွေ အသက်မွေးဖို့အတွက် ဘယ်လိုအကူအညီတွေပေးနိုင်တယ်။ မြစ်ဆုံဆိုတာက ဘယ်လောက်ထိလှတယ်။ မြန်မာပြည်မှာရှိတဲ့ တောအုပ်တွေ၊ တောင်တန်းတွေက ဘယ်လောက်တောင် စိမ်းလန်းစိုပြည်တယ်ဆိုတာကို ညအိပ်ရာပုံပြင်တစ်ခုအနေနဲ့ မပြောပြချင်ပါဘူး။ အဲဒီ ဧရာဝတီမြစ်ကြီးဆီကို ခေါ်သွားပြီးတော့  ဧရာဝတီမြစ်ကြီးကို တွေ့လား၊ ဘယ်လောက်လှသလဲ။ ဧရာဝတီ မြစ်ရိုးတစ်လျှောက်မှာ ဘယ်လိုသူတွေက အသက်မွေးဝမ်းကြောင်းပြုပြီး နေထိုင်ကြတယ်။ မြစ်ဆုံ က ဘယ်လောက်ထိလှတယ်ဆိုတာ ကလေးလေးတွေရဲ့လက်ကိုဆွဲခေါ်ပြီးတော့ သွားပြခွင့်ရချင်ပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး ပိုင်ဖြိုးသု က  သူကိုယ်တိုင်ကလည်း မြန်မာပြည်မှာပဲ မွေးဖွားခဲ့ပြီး မြန်မာပြည်က ဆရာသမား တွေရဲ့သင်ကြားပေးမှုကြောင့် မြန်မာနိုင်ငံကပေးတဲ့ ဘွဲ့တစ်ခုကိုရရှိခဲ့ သလို အခုလက်ရှိ အချိန်ထိလည်း မြန်မာပြည်က ပရိသတ်တွေရဲ့အားပေးမှုကြောင့်ပဲ အနုပညာလောကထဲမှာရပ်တည်နေနိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုနေနိုင်တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
အနုပညာကို ချစ်တတ်တဲ့ သူမက ဧရာဝတီနဲ့ ပတ်သက်ပြီး ဆုတောင်းပေးခဲ့တာကိုလည်း “မြန်မာပြည်သူပြည်သားအများရဲ့စိတ်ထဲမှာလည်း ကျွန်မနဲ့ ထပ်တူဖြစ်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်မတို့ရဲ့ပြည်သူပြည်သားတွေက ကိုယ့်တိုင်းပြည်ကိုချစ်တယ်။ ကိုယ့်ရဲ့သံယံဇာတ တွေကို ချစ်တယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ချစ်တတ်တဲ့သူတွေချည်းပါပဲ။ အဲဒါကြောင့် မြန်မာပြည်သူ တစ်ယောက်အနေနဲ့ ကျွန်မချစ်တဲ့မြန်မာပြည်သူပြည်သားတွေနဲ့အတူ ကျွန်မတို့ချစ်တဲ့ ဧရာဝတီကို ရွေးယူခွင့် ရချင်ပါတယ်။ မြန်မာပြည်ကြီး ကျန်းမာပါစေ။ ဧရာဝတီကြီး အဓွန့်ရှည်ပါစေလို့ ဆုတောင်းပေးထားတာ” လို့ ပိုင်ဖြိုးသု က ပြောခဲ့ပါတယ်။
 “ဧရာဝတီ ကို ပြန်ရွေးယူကြမယ်” ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲမှာ အနုပညာရှင်များလည်းလာရောက်ဆွေးနွေးကြသလို ဆွေးနွေးပွဲ အကြောင်းအရာများကိုလည်း ပြည်သူအများစိတ်ပါဝင်စားကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

 - အိဖြူသိမ့် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။