Skip to main content
ေနာက္ဘ၀ရွိတယ္ဆုိတာမယုံဟု ေျပာမိတဲ့ ဘဂၤလားေဒ့ရွ္ တက္သစ္စ မင္းသမီး ျပန္ေတာင္းပန္ခဲ့ရ 
Ads Block

ေနာက္ဘ၀ရွိတယ္ဆုိတာမယုံဟု ေျပာမိတဲ့ ဘဂၤလားေဒ့ရွ္ တက္သစ္စ မင္းသမီး ျပန္ေတာင္းပန္ခဲ့ရ 

ဘာသာစြန္ ့သူေတြ သတ္ျဖတ္ခံရေလ့ရွိတဲ့ ႏုိင္ငံမွာ ဘာသာမဲ့၀ါဒလက္ခံတဲ့သေဘာမ်ဳိး ေျပာဆုိမိခဲ့တာေၾကာင့္ ဘဂၤလားေဒ့ရွ္တက္သစ္စ သရုပ္ေဆာင္မင္းသမီးတစ္ဦး ျပန္လည္ ေတာင္းပန္ခဲ့ရေၾကာင္း သိရပါတယ္။ 
ဘဂၤလားေဒ့ရွ္ ရုပ္သံဒရမ္မာဇာတ္လမ္းတြဲေတြနဲ ့ နာမည္ႀကီးလာတဲ့ ေမာ္ဒယ္ သရုပ္ေဆာင္ ဆာဖာ ကာဘီယာ က သူ႔အေနနဲ ့ ေသၿပီး ေနာက္ဘ၀ျပန္ျဖစ္တယ္ဆုိတာ မယုံၾကည္ေၾကာင္း ယခုသီတင္းပတ္အတြင္းက ပုဂၢလိက အသံလႊင့္ဌာနတစ္ခုနဲ ့ အင္တာဗ်ဴးမွာ ေျပာဆုိခဲ့တာျဖစ္ပါတယ္။ 

ေနာက္ဘ၀ရွိတယ္ဆုိတာမယုံဟု ေျပာမိတဲ့ ဘဂၤလားေဒ့ရွ္ တက္သစ္စ မင္းသမီး ျပန္ေတာင္းပန္ခဲ့ရ 


“ ေသၿပီး ေနာက္ဘ၀ဆုိတာကုိ က်မ မယုံပါဘူး၊ တကယ္ေတာ့ က်မ မျမင္ေတြ ့ႏုိင္တဲ့ဘယ္အရာကုိမွ မယုံပါဘူး”  လုိ ့ သူက ေျပာခဲ့တာေၾကာင့္ ဂ်ႏၷတ္(သုခဘုံ) နဲ ့ငရဲရွိတယ္ဆုိတဲ့ မြတ္ဆလင္ အယူ၀ါဒကုိ မယုံၾကည္တဲ့သေဘာမ်ဳိး ျဖစ္ခဲ့ပါတယ္။ 
သူရဲ႕အင္တာဗ်ဴးအသံဖုိင္နဲ ့အတူ လူမႈကြန္ရက္ေပၚမွာ ျငင္းခုံေ၀ဖန္မႈေတြ ေပၚထြက္ခဲ့ကာ ေရွးရုိးစြဲ မြတ္ဆလင္ႏုိင္ငံမွာ ကာဘီယာ ဟာ ျပင္းထန္တဲ့ ေ၀ဖန္မႈေတြ ရင္ဆုိင္ခဲ့ရပါတယ္။ ေနာက္ပုိင္းမွာေတာ့  သူရဲ႕မွတ္ခ်က္ေတြနဲ ့ပတ္သက္ၿပီး ေဖ့စ္ဘုတ္မွာ ေတာင္းပန္တဲ့ ပို႔စ္ တစ္ခုတင္ခဲ့ကာ သူဟာ ဘာသာမဲ့၀ါဒီတစ္ဦး မဟုတ္ပါေၾကာင္း ရွင္းလင္းခဲ့ရပါတယ္။ 
“ က်မ အမွားအယြင္း လုပ္မိခဲ့တယ္ဆုိရင္ သနားၾကင္နာစိတ္ အႀကီးမားဆုံးသူထံက ခြင့္လႊတ္ေပးဖုိ ့ ေတာင္းခံပါမယ္။ သူဟာ သနားၾကင္နာစိတ္နဲ ့ခြင့္လႊတ္စိတ္အႀကီးမားဆုံး သူပါ။ သူ ေသခ်ာေပါက္ က်မကုိ ခြင့္လႊတ္ေပးမွာပါ” လုိ ့ မင္းသမီးက ေရးခဲ့ပါတယ္။ မိမိရဲ ့ စကားေတြက တစ္စုံတစ္ဦးရဲ ့ ယုံၾကည္သက္၀င္မႈအေပၚ ထိခုိက္နစ္နာေစခဲ့တယ္ဆုိရင္ စိတ္မေကာင္းပါေၾကာင္းနဲ ့ ဒီအတြက္ ခြင့္လႊတ္ေပးဖုိ ့ ေတာင္းဆုိပါေၾကာင္းလည္း သူက ဆက္လက္ေရးသားခဲ့ကာ သူရဲ႕ပို႔စ္ အေပၚ တမုဟုတ္ခ်င္း မွတ္ခ်က္ေပးသူ ၆၀၀၀၀ ေက်ာ္ သြားခဲ့ပါတယ္။ 
ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ဘုရားမဲ့၀ါဒဆုိတာ လုံး၀ မျပဳအပ္ မေျပာအပ္တဲ့ အရာအျဖစ္ သတ္မွတ္ယူဆထားကာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ဘုရားမဲ့၀ါဒီ တစ္ဒါဇင္ေလာက္ဟာ အစၥလာမ္ အစြန္းေရာက္လုိ ့ သံသယရွိထားသူေတြရဲ ့ ရက္ရက္စက္စက္ တုိက္ခုိက္ သတ္ျဖတ္မႈခံခဲ့ရပါတယ္။ ဘုရားမဲ့၀ါဒီ ဦးေဆာင္သူမ်ားစြာဟာ ႏုိင္ငံတြင္းက ထြက္ေျပးခဲ့ကာ အေနာက္ႏုိင္ငံေတြမွာ ျပည္ေျပးဘ၀နဲ ့ ေနထုိင္ခဲ့ၾကရေၾကာင္း သိရပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref: CNA

Unicode Version

နောက်ဘဝရှိတယ်ဆိုတာမယုံဟု ပြောမိတဲ့ ဘင်္ဂလားဒေ့ရှ် တက်သစ်စ မင်းသမီး ပြန်တောင်းပန်ခဲ့ရ 

ဘာသာစွန့်သူတွေ သတ်ဖြတ်ခံရလေ့ရှိတဲ့ နိုင်ငံမှာ ဘာသာမဲ့ဝါဒလက်ခံတဲ့သဘောမျိုး ပြောဆိုမိခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်တက်သစ်စ သရုပ်ဆောင်မင်းသမီးတစ်ဦး ပြန်လည် တောင်းပန်ခဲ့ရကြောင်း သိရပါတယ်။ 
ဘင်္ဂလားဒေ့ရှ် ရုပ်သံဒရမ်မာဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာတဲ့ မော်ဒယ် သရုပ်ဆောင် ဆာဖာ ကာဘီယာ က သူ့အနေနဲ့ သေပြီး နောက်ဘဝပြန်ဖြစ်တယ်ဆိုတာ မယုံကြည်ကြောင်း ယခုသီတင်းပတ်အတွင်းက ပုဂ္ဂလိက အသံလွှင့်ဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 
“ သေပြီး နောက်ဘဝဆိုတာကို ကျမ မယုံပါဘူး၊ တကယ်တော့ ကျမ မမြင်တွေ့နိုင်တဲ့ဘယ်အရာကိုမှ မယုံပါဘူး”  လို့ သူက ပြောခဲ့တာကြောင့် ဂျန္နတ်(သုခဘုံ) နဲ့ငရဲရှိတယ်ဆိုတဲ့ မွတ်ဆလင် အယူဝါဒကို မယုံကြည်တဲ့သဘောမျိုး ဖြစ်ခဲ့ပါတယ်။ 
သူရဲ့အင်တာဗျူးအသံဖိုင်နဲ့အတူ လူမှုကွန်ရက်ပေါ်မှာ ငြင်းခုံဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ကာ ရှေးရိုးစွဲ မွတ်ဆလင်နိုင်ငံမှာ ကာဘီယာ ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့  သူရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်မှာ တောင်းပန်တဲ့ ပို့စ် တစ်ခုတင်ခဲ့ကာ သူဟာ ဘာသာမဲ့ဝါဒီတစ်ဦး မဟုတ်ပါကြောင်း ရှင်းလင်းခဲ့ရပါတယ်။ 
“ ကျမ အမှားအယွင်း လုပ်မိခဲ့တယ်ဆိုရင် သနားကြင်နာစိတ် အကြီးမားဆုံးသူထံက ခွင့်လွှတ်ပေးဖို့ တောင်းခံပါမယ်။ သူဟာ သနားကြင်နာစိတ်နဲ့ခွင့်လွှတ်စိတ်အကြီးမားဆုံး သူပါ။ သူ သေချာပေါက် ကျမကို ခွင့်လွှတ်ပေးမှာပါ” လို့ မင်းသမီးက ရေးခဲ့ပါတယ်။ မိမိရဲ့ စကားတွေက တစ်စုံတစ်ဦးရဲ့ ယုံကြည်သက်ဝင်မှုအပေါ် ထိခိုက်နစ်နာစေခဲ့တယ်ဆိုရင် စိတ်မကောင်းပါကြောင်းနဲ့ ဒီအတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါကြောင်းလည်း သူက ဆက်လက်ရေးသားခဲ့ကာ သူရဲ့ပို့စ် အပေါ် တမုဟုတ်ချင်း မှတ်ချက်ပေးသူ ၆၀၀၀၀ ကျော် သွားခဲ့ပါတယ်။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘုရားမဲ့ဝါဒဆိုတာ လုံး၀ မပြုအပ် မပြောအပ်တဲ့ အရာအဖြစ် သတ်မှတ်ယူဆထားကာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘုရားမဲ့ဝါဒီ တစ်ဒါဇင်လောက်ဟာ အစ္စလာမ် အစွန်းရောက်လို့ သံသယရှိထားသူတွေရဲ့ ရက်ရက်စက်စက် တိုက်ခိုက် သတ်ဖြတ်မှုခံခဲ့ရပါတယ်။ ဘုရားမဲ့ဝါဒီ ဦးဆောင်သူများစွာဟာ နိုင်ငံတွင်းက ထွက်ပြေးခဲ့ကာ အနောက်နိုင်ငံတွေမှာ ပြည်ပြေးဘဝနဲ့ နေထိုင်ခဲ့ကြရကြောင်း သိရပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref: CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။